အရင်ကလို

161 15 2
                                        

ဒီနေ့ Johnny & Doyoung မနက်အစောကြီးထဲက အဆောင်ကထွက်သွားတာ Jaehyun မြင်လိုက်တယ် "ဘယ်သွားမလို့လဲ"လို့ သူမေးချင်ပေမယ့် သူ့ကိုအလိုမရှိတော့တဲ့သူကို မနှောင့်ယှက်တော့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်

ကျွန်​တော်ကို Hyung တကယ်မချစ်တော့ဘူးလား ညီလေးလိုတောင်မှလေ...

Coffee & Cake တွဲရက်ဆိုင်လေးထဲမှာ Johnny & Doyoung မျက်နှာချင်းဆိုင်ထိုင်ပြီး Doyoung က americano အပူကိုဖြေးဖြေးချင်းမှုတ်သောက်ရင်းစကားစလိုက်သည်။

"Johnny Hyung ဟိုတစ်လောက ကျွန်တော်ပြောတာ မေ့လိုက်နော် ဒီအတိုင်းဘာမှမဟုတ်ဘူး "

"ကြာပေါ့ မေ့လိုက်တာ ဘာမှမဖြစ်ပါဘူး မင်းငါ့ကိုဘာပဲဖြစ်ဖြစ် ရင်ဖွင့်လို့ရပါတယ် ငါကအမြဲအဲ့လိုလူဖြစ်နေပေးမယ်"

လို့ မျက်လုံးချင်းသေချာအကြည့်ချင်းစုံပြီး အပြုံးတစ်စုံဆင်မြန်း၍ Doyoung စိတ်သက်သာရာရအောင် ပြောလိုက်သည်။တကယ်လည်း သူအဲ့အကြောင်းကိုဘယ်သူ့ကိုမှပြန်ပြောဖို့အစီအစဥ်မရှိသလို သူလည်း မေ့ထားခဲ့တာကြာပြီအဲ့ညကပဲ အိပ်မက်တစ်ခုလို မတွေးဖြစ်တော့တာ

"ကျေးဇူးပါ Hyung ကိတ်လေးတွေ member တွေအတွက်ဝယ်သွားကြမလား သူတို့စားလို့ရအောင်ပေါ့သူတို့ဒီက ပေါင်မုန့်တွေလည်းကြိုက်တယ်"

လို့ပြောရင်း jaehyun စားနေကြပေါင်မုန့်ဆီမျက်လုံးရောက်သွားရင်းဘယ်လောက် move on လုပ်လုပ် သဘောကျတဲ့သူ ကြိုက်တာလေးတွေတွေ့တော့လည်း ဝယ်ပေးချင်စိတ်ကပေါ်လာပြန်ကော

xxxxxxxxx

ဒီလိုနဲ့သူတို့နှစ်ယောက်အဆောင်ကိုပြန်နေတဲ့လမ်းတစ်လျှောက် ရောက်တတ်ရာရာတွေပြောရင်း လက်ထဲက ပေါင်မုန့်တစ်ချို့ကို johnny ကိုလှမ်းပေးလိုက်ရင်း

" အော် hyung ဒါလေးလေhyung ဝယ်လာတယ်လို့ပဲ ပြောလိုက်နော် ကလေးတွေစားဖို့ "
လက်ထဲကအထုတ်တွေလွှဲပေးရင်း ပြောချင်တဲ့စကားတစ်ချို့ကို မျက်လုံးနဲ့ပဲ အရောက်ပို့ရင်း.... Johnny ကdoyoung မျက်ဝန်းကိုလေးလေးနက်နက်ကြည့်ရင်း doyoung မသိအောင်သက်ပြင်းတစ်ချက်ချလိုက်ကာ

"အင်းပါ မင်းနှယ့်လည်း ပေးပေး"

အဆောင်ရောက်တော့Jaehyun ကjohnny နှင့် doyoung အတူတူဝင်လာတော့မြင်တော့ TV ကြည့်နေရင်း နေရာကထသွားဖို့ပြင်လိုက်တော့

Johnny -"jaehyun ah ဒီမှာပေါင်မုန့်တွေအနောက်မှာပဲထားထားလိုက်မယ်နော် မင်းတို့ဖို့ဝယ်လာတာ ကြိုက်တာယူစားလိုက်"

Jaehyun အနောက်ကိုလှည့်ကြည့်လိုက်ကာ

"ရတယ် ကျွန်တော်မနက်စာ စားပြီးပြီ ကျေးဇူးပါ hyung "

လို့ပြောပြီး doyoung ဘက်တစ်ချက်ကြည့်ရင်းသူ့အခန်းထဲပဲမြန်မြန်ဝင်သွားတော့တယ်
ဒီတိုင်းမမြင်ချင်ဘူး ဒီအတောအတွင်း doyoung & johnny အမြဲတစ်ပူးပူးတစ်တွဲတွဲ သွားလာနေတာလည်းမမြင်ချင်သလို ဝယ်လာတာတွေစားဖို့လည်း စိတ်ကူးမရှိဘူး သူdoyoung နဲ့စကားပြောချင်ပေမယ့် ပြောလည်းမပြောချင်တော့ဘူး

xxxxxx

တစ်နေကုန်jaehyun တစ်ယောက်အခန်းထဲမှာ သီချင်းတွေရေးလိုက် စာရွက်တွေလုံးခြေလိုက်နဲ့ နေ့တစ်ဝက်ကျိုးသွားမှန်းမသိ အချိန်တွေကုန်သွားရင်းရေသောက်ဖို့သတိရလာတော့ သူ့အခန်းထဲက ရေခရားထဲမှာလည်း ရေကမကျန်တော့ မြန်မြန်ထပြီး မီးဖိုချောင်ထဲဝင်သွားကာ စားပွဲခုံပေါ်မှာ မနက်က johnny ကိုင်လာတဲ့ပေါင်မုန့်တွေဆီအကြည့်ရောက်ရင်း....ဟင် ဒါငါစားနေကျပေါင်မုန့်ပဲ အာ့ဆိုမနက်ကအဲ့ဆိုင်သွားတာပေါ့ ဒါပေမယ့်အာ့ဆိုင်မှာ သူအဲ့ပေါင်မုန့်မှာစားနေကျကို doyoung ကလွဲပြီးသိတဲ့သူမရှိ မဟုတ်မှ doyoung များသူ့အတွက်ဝယ်လာပေးတာလား..လို့တွေးမိပြန်တော့လည်းလိုရာဆွဲတွေးမိမှာစိုးရသေးတယ်။

သူအစိုးရိမ်ဆုံးတစ်ခုရှိတယ်လူတွေကိုအထင်မှားမှာ ဒီလူကသူ့ကိုအရမ်းခင်ပါတယ်လို့သူအရမ်းမတွေးချင်တကယ်တမ်းသူထင်သလောက်မဟုတ်ရင်သူပဲခံစားရမှာမဟုတ်လား အခုတောင် doyoung ကအရင်ကပုံစံနဲ့အခုပုံစံအရမ်းကွာခြားသွားပြီလေ အာ့ဆိုသူအထင်မှားခဲ့တာပေါ့ woojae ဆိုတာလေးတောင်သူ့မှာလွမ်းလို့ ခေါ်သံလေးပြန်မကြားရတာကြာခဲ့ပြီပဲ အရင်ကတော့ အဲ့လိုမခေါ်တော့တာကောင်းပါတယ် ကျွန်တော်ကလေးမှမဟုတ်တော့တာ ကလေးလိုဆက်ဆံတာတောင်မကြိုက်လို့ တိတ်တိတ်လေး ကလေးလိုမမြင်ဖို့ဆုတောင်းမိခဲ့သေးပေမယ့် အခုလိုမျိုးအခြေအနေမှာကျ အရင်ကလို ပုံစံမျိုးလေးပဲဖြစ်ဖြစ် သူမျှော်လင့်နေမိတယ် အရင်လိုလေးပဲဖြစ်ဖြစ်မင်းဘေးမှာ ပြန်နေချင်ရုံလေးပါ။

☯☯☯

Back 2 U ( JaeDo )Onde histórias criam vida. Descubra agora