"လှပတဲ့မီးရောင်စုံများကြားလူများပျော်နေကြသည်ကောင်းကင်ရဲ့အလှဟာဒီညမှာဘယ်သူမှမယဥ်ပြိုင်နိုင်အောင်ပြိုင်ဘက်ကင်းနေသည်ဝိုင်းစက်နေတဲ့လမင်းကြီးဟာလည်းပြုံးနေသယောင်ရှိလို့နေသည်"
"တောင်ကြီးတန်ဆောင်ရဲ့အလှဟာအလွန်ပင်ပြီးပြည်စုံလွန်းနေသည်အပြိုင်အဆိုင်စျေးရောင်းနေကြတဲ့စျေးသည်တွေရယ်ရယ်မောပျော်ရွှင်နေကြတဲ့လူတွေအပြေးအလွှားဆော့ကစားနေတဲ့ကလေးတွေရယ်အရမ်းကိုပင်အသက်ဝင်လှပလွန်းနေသည်"
"ဖေကြီး...အတွယ်လေပင်လယ်ဓားပြကြီးစီးချင်တယ်"
"ချွဲနွဲ့စွာနဲ့ပြောနေတဲ့သမီးလေးစကားကြောင့်ဦးဘုန်းရာတစ်ယောက်ပြုံးလိုက်မိသည်သမီးကလေသူလိုချင်တာရှိလာရင်ဘယ်သူနဲ့မမှမတူအောင်ချွဲနွဲ့ပြီးပူဆာတာသိပ်ကိုချွဲတတ်တဲ့ဇီးကွက်မလေးပါ"
"အို...မစီးရပါဘူးသမီးရယ်အမြင့်ကြီးပဲမတော်လို့ပြုတ်ကြသွားရင်သမီးလေးအနာတရဖြစ်သွားမှာပေါ့....မစီးရပါဘူး"
"အတွယ်...တစ်ယောက်အမေဖြစ်သူေဒါ်သက်သက်ပိုရဲ့စကားကြောင့်မျက်ဝန်းကမျက်ရည်စလေးတွေစို့လာတယ်"
"မေကြီး... ကလည်းအတွယ်စီးချင်လို့ပါအတွယ်တစ်ယောက်တည်းမစီးပါဘူးကိုကြီးနဲ့အတူတူစီးမှာဟုတ်တယ်မလားကိုကြီး"
"စက်...တစ်ယောက်ညီမလေးရဲ့မျက်လုံးလေးပေကလပ်ပေကလပ်နဲ့သူကိုပြောလာတာကြောင့်ရယ်လိုက်မိတော့သည့်"
"အတွယ်...ဆိုတဲ့စက်ရဲ့အချစ်ဆုံးညီမလေးကမြဲလိုပင်စက်ကိုအဖော်ညှိတတ်သည်သူလိုချင်တာရှိတဲ့အခါမျိုးမှာပေါ့"
"ကဲပါ...မေမေရယ်ညီမလေးကစီးချင်နေတာပဲပေးစီးလိုက်ပါသားလည်းသူနဲ့အတူလိုက်စီးပေးလိုက်မယ်အဲဒါဆိုရပြီမလားမေမေ"
"သားဖြစ်သူရဲ့စကားကြောင့်ဒေါ်သက်သက်ပိုတစ်ယောက်သက်ပြင်းအသာလေးချမိတယ်အတွေးထဲမှာလည်းလိုက်လည်းလိုက်တဲ့သားအဖတွေတစ်ယောက်ကလည်းသမီးစကားတစ်ခွန်းအစ်ကိုဖြစ်သူကလည်းသူညီမလေးစကားတစ်ခွန်းကျွန်ုမဘာပြောနိုင်တော့မှာလဲလိုက်လျောရတော့မှာပေါ့"
"အင်းပါ...ဒီလောက် တောင်စီးချင်နေမှတော့စီးဟုတ်ပြီလားဒါပေမယ့်သမီးကိုကြီးနဲ့အတူတူစီးအတွယ်ကိုကြီးလက်ကိုကိုင်ထားနော်လုံးဝမလွှတ်လိုက်နဲ့နော်သမီးသားစက်ညီမလေးကိုသေချာကိုင်ထားလက်မပြုတ်သွားစေနဲ့လူတွေကြားထဲပျောက်သွားရင်ခက်မယ်"
"ဟုတ်... မေကြီး...ဒါဆိုအတွယ်တို့သွားစီးတော့မယ်နော်..လာကိုကြီး...သူအစ်ကိုဖြစ်သူရဲ့လက်ကိုအတင်းဆွဲခေါ်သွားတဲ့သမီးေးကိုကြည့်ပြီးသဘောကျနေမိတော့တယ်"
"ကဲလာ...အသက်ကိုယ်တို့ဟိုအနားကသွားစောင့်နေကြမယ်"
"အသက်...မောင်ရဲ့ခေါ်သွားရာကိုလိုက်ခဲ့မိတော့တယ်မောင်အသက်တို့လေထမနဲ့ဝယ်ကြရအောင်သားတို့ပြန်လာရင်စားလို့ရအောင်ကောင်းသားပဲအသက်"