"သားမဟုတ်ဘူး သားမဟုတ်ဘူးလို့!!" ဒေါသအနည်းငယ်ပါသောအသံဖြင့် Kim Sunoo တစ်ယောက် မေမေနှင့်ကိုကို့အား တွင်တွင်အော်ငြင်းနေမိ့သည်။
"သားမုန့်ပေးကြိုက်တာမဟုတ်ရင် အဲ့ကောင်သားလေးက သားကိုမုန့်ပေးကြိုက်တာမို့လို့လား? ရှက်မနေပါနဲ့ သားသားရယ်။" မခို့တရို့ရီသံလေးဖြင့် မေမေမှ sunoo အားဆက်လက်စနောက်လျက်။
ကိုကိုကတော့ မေမေနဲ့ sunoo အားကြည့်ရင်း ရီသာရီနေနိုင်ခဲ့သည်။"တော်ပြီ မေမေတို့နဲ့ စကားမပြောတော့ဘူး မေမေက အဲ့ကောင်လေးနဲ့ဘဲ လိုက်စနေတော့တာဗျာ။" sunoo ပြောလဲပြော ေဆာင့်ဆောင့်နှင့်လဲ အပေါ်ထပ်တက်လာပြီး အခန်းထဲ ငုတ်တုပ်ထိုင်ပြီး ဆူပုတ်နေမိ့သည်။
sunoo တစ်ယောက် ဒီလိုစခံနေသည်မှာ လွန်ခဲ့သော ၅လက စသည်ဖြစ်သည်။ Kim အိမ်တော်ရဲ့ အငယ်ဆုံးသောသားလေး Kim Sunoo မှာ ပြိုင်ဖက်မရှိ ပျော်ရွှင်စွာနဲ့နေခဲ့သော်လဲ လွန်ခဲ့သော ၆ လ ကျော်က Company ကို အသစ်ရောက်လာသော ဂျပန်မှ သင်တန်းသား မှာ သူ့ကိုလိုက်ကပ်ပြီး မုန့်အတင်းကျွေးကြိုက်နေသော်လည်း ထွက်လာသော သတင်းမှာသူကမုန့်ကျွေးကြိုက်သောသူဖြစ်လေသည်။
တခြားသူတွေထပ် မေမေကိုယ်တိုင်က စနေသောသူဖြစ်သောကြောင့် Kim Sunoo ခမျာ အပျိုရှက်ဖြန်းသွေးသလို အိမ်ထဲမှာတောင် နေရတာတောင် ရှက်လှပေသည်။ ထို့သို့ ဖြစ်ရသည်မှာ ကိုကို့ကြောင့်သာဖြစ်လေသည်။ Kim အိမ်တော်ရဲ့ သားကြီး Kim Taehyung၊ Sunoo သင်တန်းသား လုပ်နေတဲ့ company၊ HYBE ရဲ့ နာမည်ကြီး တေးရေးဆရာတစ်ယောက်ဖြစ်သည့်အတွက် သူ့ရဲ့ လှုပ်ရှားမှုများအား သိ့ပြီး မေမေ့ဆီပြန်လည်တင်ပြသူပေ။Sunoo ဒီလိုဖြစ်နေတာကို သိပ်မကြိုက်၊ company ရောက်ရင်လည်း သူများတွေကစ အိမ်မှာဆိုလည်း မေမေနဲ့ကိုကိုကစ။
သို့သော်ငြားလည်းဘဲ Sunoo မကြိုက်ဘူးလားဆိုတော့ မဟုတ်။ Sunoo က အဲ့ကောင်လေးကို အရင်စကြိုက်ခဲ့သူဖြစ်သည်။
လွန်ခဲ့သော ၆ လနှင့် ၅ရက် တိတိ။
နှင်းတွေဖြူဖွေးစွာကျနေခဲ့သော December 3 ရက်နေ့၊
company ထဲကို Sunoo တစ်ယောက် practice အမှီပြေးဝင်နေတုန်း ဝင်တိုက်မိ့ခဲ့တဲ့ နောက်ကျောလေး။