အပန်းဖြေခရီးဆိုတာစာတွေကြောင့်ပင်ပန်းလွန်းတဲ့အထက်တန်းကျောင်းသားတွေအလိုချင်ဆုံးအရာပင် လီဆာဟာကားပြတင်းပေါက်မှန်လေးပေါ်ခေါင်းလေးမှီကာအိပ်ပျော်နေသည် ရူဘီကရောသူဘယ်မှာလည်း.....။
ဒီနေ့မနက်မှလီဆာသိရတဲ့အမှန်တရားတစ်ခုဟာရူဘီအဖေဟာကိုရီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်ပင် လာမယ့်ရွေးကောက်ပွဲအတွက်လည်းတရားဝင်လျာထားခြင်းခံထားရသူပင် ဒါကြောင့်မို့ဂျိန်းလုံခြုံရေးအတွက်သက်တော်စောင့်တွေကသာအပန်းဖြေစခန်းအထိလိုက်ပို့ပြီးအစောင့်အကြပ်တွေနဲ့ထားရှိနေမည်ဖြစ်သည် နောက်နှစ်လယ်လောက်မှာလုပ်မယ့်ရွေးကောက်ပွဲအတွင်အခုကတည်းကပြင်ဆင်ထားကြပုံပင်....။
လီဆာတစ်ယောက်အတွေးပင်လယ်ဝေနေခဲ့သည် ကိုရီးယားလိုနိုင်ငံမျိုးဟာဂေးမုန်းတီးရေးအရမ်းများသည် အထူးသဖြင့်ဂျိန်းအဖေကဝန်ကြီးချုပ်တစ်ဦးဖြစ်နေတာမို့ဖြစ်လာမယ့်ပြဿနာအကြောင်းအရာကိုကြိုတွေးကာရင်လေးနေခဲ့သည် တစ်ခုခုဆိုထိခိုက်မယ့်သူဟာလီ့နှလုံးသားရူဘီဖြစ်နေမည် ။
' လီနေမကောင်းဘူးလားဟင် '
' ငါနေကောင်းပါတယ် ချယ် '
' ဒါဆိုဘာလို့မှိုင်နေတာလည်း ရူဘီဂျိန်းနဲ့အတူမလာရလို့လား '
' မဟုတ်ပါဘူးချယ်ငါတွေးနေတာရူဘီနဲ့ငါ့ကိစ္စကို ငါကအမေရိကန်လူမျိုးမို့လိင်တူကြိုက်တာမထူးဆန်းပေမယ့် ကိုရီးယားလိုနေရာအထူးသဖြင့်ဝန်ကြီးချုပ်တစ်ယောက်ရဲ့သမီးဆိုသူတို့ဘယ်လိုလက်ခံကြမလည်းဟင် '
' လီ....'
' ငါဂျိန်းကိုလက်မလွှတ်နိုင်ဘူးချယ် '
' လီဆာ နင်အတွေးတွေများနေပြီ အချိန်တစ်ခုရောက်ရင်အဆင်ပြေမှာပါ နင်အဲ့တာကိုယုံထားနော် '
' အင်း အချိန်တစ်ခုရောက်မှာထပ်ငါကဂျိန်းကိုပိုယုံတယ် ဂျိန်းသာငါ့ကိုထားမသွားဘူးဆိုအကုန်အဆင်ပြေတယ် ဂျိန်းကငါ့ကိုထားသွားမယ့်လူမျိုးမဟုတ်ဘူး '
ဘယ်အရာကိုမှအယုံအကြည်မရှိတဲ့လီဆာဟာလအနည်းငယ်အတွင်းမှာဘဲဂျိန်းအချစ်ကိုတထစ်ချယုံကြည်ခဲ့သည် ဂျိန်းနှလုံးသားထဲမှာလီဆာရှိသည် လီဆာနှလုံးသားထဲမှာလည်းဂျိန်ူရှိနေသည် သာမာန်မဟုတ်တဲ့အချစ်တွေဟာသာမာန်ထက်ပိုခက်ခဲတယ်ကိုတာကိုမသိလေကြသလော ။