Part(4)

89 13 0
                                    

သန့်စင်ခန်းအရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့သူ့ကို အိမ်ကိုအလည်လာတဲ့ Ryujin တစ်ယောက် မျက်စိနောက်လို့ထအော်မိတယ်။

"ဘယ့်နှယ့် ဆရာဝန်မခေါ်ဘဲ ငါ့ကိုခေါ်တာလဲ.."

"Yejiကလဲ ကျောင်းမှာလေ ပြီးတော့နင်က မိန်းကလေးဆိုတော့ ကိုယ်ဝန်စစ်တံပါတစ်ခါထဲဝယ်ခိုင်းလိုက်တာ.."

"ငါ့မှာ မျက်နှာပူပူနဲ့ဝယ်ခဲ့ရတာနော်..အိမ်ထောင်သည်အမဖြစ်သူအတွက်ဆိုပြီး ဝယ်လာတာ..."

နေရင်းထိုင်ရင်း အမတစ်ယောက်ရသွားခဲ့တဲ့ Shin Ryujin..

"တော်ပါ နေအုံး..."

သိပ်မကြာပါဘူး သန့်စင်ခန်းထဲကနေ Felix ထွက်လာခဲ့တော့တယ်။

"Lix ဘာတဲ့လဲ.."

"ကို..."

Hyunjin လက်ထဲကိုထိုးထည့်ပေးလိုက်တဲ့ ဆေးစစ်တံလေး...hyunjin ကြည့်လိုက်တဲ့ အခါမှာ...

-

-

-

-

အနီမျဉ်းလေးနှစ်ကြောင်းကိုတွေ့လိုက်ရတယ်။

ပျော်လွန်းလို့ မျက်ရည်တောင်ကျမတက်ဘဲ...မငိုမိအောင်လို့မနည်းထိန်းထားခဲ့ရတယ်။

"ဂုဏ်ယူပါတယ် Felix .."

"အင်း ကျေးဇူး Ryujin.."

-

-

-

-

-

"ဘာ!!!!!!!"

ဆရာနားနေခန်းထဲမှာ နှစ်ယောက်ထဲရှိလို့သာဘဲ မဟုတ်ရင် yeji အသံကြောင့် နားအူနေမှာသေချာတယ်။

"တိုးတိုး yeji..ပြီးတော့ နင်ငါ့ကိုတစ်ခါမှလဲအကိုရှိမှန်းမပြောပြဖူးဘူးရော အမွှာအကိုရှိတာဘဲသိခဲ့တာ.."

"အေးပါ ငါဘဲမှားတာ..အဲ့တော့ငါ့ကို အကူညီတောင်းတာပေါ့.."

"ဟုတ်တယ် ကိုယ့်ထက်အကြီးကို ကူညီပေးစမ်းပါ.."

"၂နှစ်ဘဲကြီးတာပါ.."

"နင်ကတော့လေ တစ်ခြားသူတွေရှေ့ကြ ဆရာတဲ့ နှစ်ယောက်ထဲလဲပြောရော နင်နဲ့ငါနဲ့...ကြားကောင်းရဲ့လား"

Hwang sibling's lover (season2)Where stories live. Discover now