Arc 10 part 8

18 3 0
                                    

       တစ်ဖက်မှာတော့ William ဟာ ယောက္ခမကြီးကို ရှာဖွေသည့်ခရီးစဉ်အတွင်း ရုံးချုပ်မှ ကူးပြောင်းလာသူ Yoko နှင့် ဆုံလေသည်။ အရည်အသွေး ပြည့်ဝပြီး အတွေ့အကြုံများသည့် system 00 ၏သတိပေးမှုကြောင့် Yoko တစ်ယောက် သူ့ကို မတွေ့လိုက်ခင် ရှောင်ပုန်းနိုင်လိုက်သည်။ မြွေမြွေချင်းခြေမြင်ဟူသော စကားအတိုင်း ကူးပြောင်းလာသူများသည် အချင်းချင်း ခန့်မှန်းနိုင်ကြသည်ပင်။ တစ်ကမ္ဘာထဲသို့ ကူးပြောင်းလာမိသူနှစ်ဦးမှာ မိတ်ဆွေထက် ရန်သူဖြစ်နိုင်‌ဖို့ အလားအလာပိုများတာကြောင့် သတိကပ်ထားကြခြင်းဖြစ်သည်။ အကယ်၍ yoko ဘက်မှသာ အရင်သတိထားမိသွားရင် William ဟာ တစ်ချိန်လုံး စောင့်ကြည့်ခံရတော့မည်ဖြစ်သည်။

     အခုချိန်တွင် Zuni ၏ပြန်လည်ထူထောင်ရေး ခရီးစဉ်မစတင်ရသေးသလို Yoko ကလည်း သူ့အင်ပါယာထဲမှ အရာအားလုံးကို သိမ်းကြုံးယူသွားမည့် သန်မာသည့်အမျိုးသမီး Zuni ကို သတိမထားမိသေးပေ။ ပန်းရောင်ဆံပင်နှင့် လူငယ်လေးသည် အဖြူရောင် ဂျူတီကုတ်ဝတ်ထားသည့် မိန်းကလေးနားကပ်လာသည့် ဇွန်ဘီများကို သေနတ်တစ်လက်ဖြင့် ဆက်တိုက်ပစ်ခတ်ရင်း အတောင်ဖြန့်ပြနေသည့် ဒေါင်းလိုမျိုး ဝံ့ကြွားနေ၏။ သူ့လုပ်ရပ်ကြောင့် ဇွန်ဘီတွေ၏အာရုံကို ပိုစွဲဆောင်လိုက်သလို ဖြစ်သွားသဖြင့် ထိုဆရာဝန်အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်ကိုပင် Williamမြင်လိုက်ရသည်။ ထိုမိန်းကလေးထံတွင် အာရုံစိုက်နေ၍ Yoko သည် အရပ်ရှည်ရှည်နှင့် တစ်ကိုယ်လုံးအနက်ရောင် ဝတ်ထားသည့် Zuni က သူ့နောက်ကျောဘက်မှ ဖြတ်လျှောက်ကာ အခြားလမ်းသွယ်ထဲသို့ ဝင်သွားသည်ကို သတိမထားမိဘဲ ဖြစ်နေသည်။

    Zuni က မီးခိုးရောင်ကြောင်ကို လိုက်ရှာနေခြင်းဖြစ်သည်။ အရင်ဘဝကအတွေ့အကြုံများအရ ထိုကြောင်က ဘယ်လောက် အသုံးဝင်မှန်း သူသိနေသောကြောင့်ပင်။ ထိုကဲ့သို့ 00 က ကြောင်အော်သံ အတုထုတ်လွှတ်ကာ Zuni ကို တစ်ပတ်လှိမ့်လိုက်ခြင်းအပေါ် William လက်မ မထောင်ပြမိဘဲ မနေနိုင်ပါ။

    "တော်တယ်" အရုပ်လေး၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သောအခါ 00 သည် ထပ်မံချီးကျူးခံရဖို့အတွက် နောက်ထပ် သူ့အရည်အချင်းများကို ထုတ်ပြရန် မစောင့်နိုင်ဖြစ်နေတော့သည်။ လမ်းဆုံးက အဆောက်အအုံထဲတွင် ခိုဝင်လျက် William က အပြင်ဘက်ရှိ လူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ထိုညတွင် လူသူကင်းမဲ့သော လမ်းမပေါ်၌ ဇွန်ဘီတို့ ပြန်ပြည့်နှက်သွားကာ တဂူးဂူးတဂါးဂါး အော်ဟစ်သံများ ကြားနေရသည်။ William ကတော့ ညနေက လွဲချော်သွားခြင်းအပေါ် စိတ်ထဲ စနိုးစနောင့် ဖြစ်နေသေးသည်။ သူသည်ကား ညဘက်တွင် ပိုလှုပ်ရှားရကောင်းသည်မို့ ဇွန်ဘီတွေကြား တိုးဝှေ့ကာ ဖြတ်ကျော်ရင်းမှ system ကို မေးလိုက်မိ၏။

How to flirt with the final boss 2Where stories live. Discover now