ညသန်ခေါင်းကြီး သားငယ်လေးရဲ့ ငိုသံကြောင့်လီဆာအိပ်ယာမှကုန်းထလိုက်ပြီး သားငယ်ကိုပွေ့ချီကာအသင့်ဖျော်ထားသောနို့ဘူးအားယူပြီး နို့တိုက်လိုက်သည်။ ဂျဲန်းကတော့ စောင်ကလေးခြုံလျက်အိပ်ပျော်နေတုန်း။ တစ်နေကုန်သားငယ်လေးရဲ့ဝေယျာဝစ္စတွေလုပ်ပေးပြီး ပင်ပန်းနေသည့်ချစ်ဇနီးကိုလီဆာမနှိုးရက်။
သားငယ်လေး ကင်မ်ဒိုရာမာနိုဘန်မွေးပြီးတော့ လီဆာ့ရဲ့စားသောက်ဆိုင်အလုပ်က အရင်ကထက်ပိုပြီးအဆင်ပြေလာသည်။ အခုဆိုရင် ဆိုင်ခွဲ၃ခုအထိထပ်မံဖွင့်လှစ်ထားနိုင်ပြီလေ။
သားငယ်လေးကိုနို့ဘူးတိုက်နေတုန်း ဂျဲန်းနီ နိုးလာသည်။
" မောင်...သားလေး နိုးသွားတာလား "
" ဟုတ်တယ်...အချစ်...နို့ဆာလို့နဲ့တူတယ်...မောင်နို့ဘူးတိုက်ထားလိုက်တယ်...အခုပြန်အိပ်ပျော်နေပြီ"
" ဂျဲန်းကိုနှိုးလိုက်တာမဟုတ်ဖူး.."
" အိပ်ရေးဝဝ အိပ်စေချင်လို့ပါ...ဂျဲန်းလည်းပင်ပန်းနေတာကို "
သားငယ်လေးကို ပုခက်ထဲပြန်သိပ်လိုက်ပြီး ဂျဲန်းရှိရာအိပ်ယာထက်သို့ လီဆာပြန်လာတော့ ဂျဲန်းကလီဆာ့ကိုဖက်လာကြောင့် ဂျဲန်းရဲ့ကျောပြင်လေးကိုအလိုက်သင့်ပြန်ဖက်ပေးလိုက်သည်။
" မောင်လည်းတစ်နေကုန်ပင်ပန်းနေတာလေ..."
" ရပါတယ်...အချစ်ရဲ့...မောင်ကအဆင်ပြေတယ် ...ပြန်အိပ်ကြမယ်လာ...မောင့်ရင်ခွင်ထဲကို "
လီဆာ့လက်မောင်းထက် ဂျဲန်းကခေါင်းအုံးရင်း ခါးလေးကိုဖက်ထားလေသည်။ လီဆာမျက်လုံးမှိတ်ကာပြန်အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။
" မောင်..."
" ပြောလေ အချစ်"
အိပ်ပျော်ခါနီးအချိန် ဂျဲန်းရဲ့ ခေါ်သံကြောင့် လီဆာ မျက်လုံးမဖွင့်ပဲထူးလိုက်သည်။
" အရမ်းချစ်တယ် "
ဂျဲန်းရဲ့ခန္ဓာကိုယ်လေးကို တင်းကျပ်အောင်ဖက်ထားလိုက်ပြီး နဖူးကိုနမ်းလိုက်သည်။ ထို့နောက် လီဆာတို့နှစ်ယောက်လုံးပြန်လည်အိပ်စက်လိုက်ကြလေသည်။
YOU ARE READING
You're all I want (Completed)
Fanficကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်