Ep.8

120 6 0
                                    

"ငြိမ်းချမ်းကိုကို "

ထက်ထက်လှိုင်က တိုးငြင်သာတဲ့ အသံလေးနဲ့ လာခေါ်တယ် ။ ပုံမှန်ဆို ယောက်ျားလေးတွေနဲ့ စကားပြောလေ့မရှိတဲ့ ထက်ထက်လှိုင်က ကိုယ့်ကိုတော့ တရေးတယူပြုရှာတယ်လို့ ထင်ရတာပါပဲ။ မိန်းကလေးတွေရဲ့ စိတ်က ခန့်ရမှန်းရခက်လွန်းတယ်မလား။ ကိုယ်ကပြုံးပြလိုက်တော့....

"မနက်ဖြန်ကျ ငါ့မွေးနေ့...."

"ဘာလဲ..ကျောင်းမှာမုန့်ဝယ်ကျွေးမလို့လား "

"မဟုတ်ဘူးလေ "

"ဟင်..ဒါဆိုဘာလဲ "

"ဟို...."

ထက်ထက်လှိုင်က ပြောရခက်နေဟန်ရှိသည်။ မျက်နှာ ဖြူဖြူနုနုလေး အနည်းငယ်ရဲနေပုံထောက်ရင် ရှက်နေတာပဲဖြစ်ရမည်။

"ပြောလေ ..နင်ကလည်း "

"ငါက အိမ်ကိုလာခဲ့ဖို့ဖိတ်တာ "

အရှေ့က ခန့်ထူးကို မသိမသာလေးအကဲခက်ကြည့်မိတော့ ဒီကောင်က ထက်အောင်နဲ့ ဘာတွေတွတ်ထိုးနေမှန်းမသိပေ ။ စိတ်ထဲမှာ သိပ်တော့ ဘဝင်မကျ ၊ တခြားလူနဲ့ကျတော့ ကျောင်းမှာရင်းရင်းနှီးနှီးနေနိုင်ပြီး ကိုယ်ကိုကျတော့ ဆက်ဆက်ထိမခံပြန်ပြောချင်ရတာနဲ့ ..၊ပြန်ရွဲ့ချင်ရတာနဲ့ တတ်လည်းတတ်နိုင်လွန်းတဲ့ အညာသား..။

"ငါပြောတာ ကြားရဲ့လား "

"အင်း ကြားတယ် ဒါပေမယ့် ငါမှနင့်အိမ်မသိတာ "

မလာချင်လို့ အကြောင်းပြချက်တွေပေးနေတယ်ဆိုတာ ဉာဏ်သိပ်ကောင်းတဲ့သူမကို ပါးစပ်ကပြောစရာမလိုပဲ သိစေချင်သည်။

"အယ်...အယ်...အယ် ဘာတွေပြောနေကြတာလဲ"

အိမ်သာက ပြန်လာတဲ့ သန့်စင်က ကိုယ်တို့နှစ်ယောက်စကားပြောနေတာကို ကြည့်ပြီး ပြီတီတီနဲ့ လာနောက်နေသေးသည်။

"သူ့မွေးနေ့ဖိတ်နေတာ "

"ဟယ် ဟုတ်လား ...ငါရော လာလို့ရလား နင်ကဘက်လိုက်တယ်နော် ငါ့ကိုက်မဖိတ်ဘူး "

ထက်အောင်ပြောလိုက်တော့ ထက်ထက်လှိုင်ရဲ့မျက်နှာက မသိမသာလေးပျက်သွားသည်။ သို့သော် ချက်ချင်းပြန်ပြုံးပြီး သန့်စင်ကို ခေါင်းငြိမ့်ပြသည်။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Where stories live. Discover now