အခန်း ၂

245 30 0
                                    

UNICODE

ကျန်းယုမိုနှင့် သွမ့်ယဲ့က ဂျူနီယာအထက်တန်းကျောင်းမှာ ဆုံခဲ့တာဖြစ်သည်။ နှစ်ယောက်လုံးကိုက သူတို့ဆရာတွေ သေချာ ဂရုစိုက်ကြသည်။ အတန်းတိုင်းမှာ စင်မြင့် ဘေးတစ်ဖက်ဆီမှာ ရှိတဲ့ အထူးထိုင်ခုံနှစ်ခုံစီရှိသည်။ ကျန်းယုမိုက ထိုနေရာမှာ ဂုဏ်ယူစွာနှင့် ထိုင်ရသည့်အကြောင်းရင်းကတော့ သူမ အတန်းပိုင်ဆရာက သူမဦးလေးဖြစ်လို့ဖြစ်သည်။ သူမ ငယ်စဉ်ထဲက သူမရဲ့အကျင့်စရိုက်က ကောင်းမွန်ပြီး သူမ ဘယ်နေရာမှာပဲ ထိုင်ထိုင် လူတိုင်းနှင့် လိုက်လျောညီထွေရှိသည်။ တစ်ချို့အတန်းဖော်တွေက အတန်းချိန်အတွင်း သူမဆီ မှတ်စုတွေ ပေးလေ့ရှိပြီး တစ်ချို့ကတော့ စကားပြောကြသည်။ သူမဦးလေးက တစ်ယောက်စာစင်မြင့်ရဲ့ ဘယ်ဘက်ခြမ်းမှာ ထိုင်ခိုင်းတာက အမျှော်အမြင်ရှိလာသည်။ သူမထိုင်သည့်နေရာက စားပွဲဖော်လည်း မရှိ သူမက ဆရာရဲ့ စောင့်ကြည့်နေသည့် အကြည့်အောက်မှာ ရှိလို့ အတန်းချိန်အတွင်း စာတိုပေးတာမျိုးလည်း ဘယ်သူမှ မလုပ်ရဲကြပေ။

သွမ့်ယဲ့ကတော့ တစ်ယောက်စာစင်မြင့်ရဲ့ ညာဘက်ခြမ်းမှာထိုင်သည်။ သူကတော့ ဆရာရုံးခန်းကို အပြစ်ပေးမှုနှင့် ခဏခဏရောက်သည့် ကျောင်းသားဆိုးဖြစ်လို့ သူမိသားစုက ကျောင်းကိုလာပြီး အထူးစီမံသွားတာဖြစ်သည်။ ကျန်းယုမိုရဲ့ဦးလေးက သွမ့်ယဲ့ကို တခြားဆရာတွေလိုမျိုး လျစ်လျူရှုတတ်သည့်သူမျိုးမဟုတ်ဘဲ တာဝန်ယူစိတ်ရှိသည့် ဆရာဖြ်စသည်။ အဲ့အစား သူက စောင့်ကြည့်လို့ရအောင် သူ့ (သွမ့်ယဲ့) ကို စင်မြင့်ဘေးမှာ ထိုင်ဖို့ စီမံတာဖြစ်သည်။

ကျန်းယုမိုနှင့် သွမ့်ယဲ့ကို အလယ်မှာ ဆရာ မတ်တပ်ရပ်သည့် စင်မြင့်အသေးက ခြားထားသည်။

ဒါပေမယ့် ဒီစီမံမှုက "ကံကြမ္မာနှောင်တွယ်မှု" တစ်ခုအား ဖန်တီးပေးလိုက်တာဖြစ်သွားသည်ကို အန်ကယ်ကျန်းသိသွားရင် သေချာပေါက် နောင်တရမည်ဖြစ်သည်။

ဂျူနီယာအထက်တန်းကျောင်း ပထမနှစ်ကနေ တတိယနှစ်အထိ သွမ့်ယဲ့က ကျန်းယုမိုကို တစ်ဖက်သက်ချစ်လာမိသည်။ ကိစ္စအကြီးကြီးတော့ မဟုတ်ပေမယ့် အနည်းဆုံးတော့ သူတို့အတန်းဖော်တွေ မျက်လုံးထဲမှာ ကျန်းယုမိုက အကျင့်ကောင်းမွန်ပြီး လူတိုင်းနှင့် တည့်သည်။ သူမကို ကြည့်လိုက်ရုံနှင့် သူမက နွေးထွေးပြီးပျော်စရာကောင်းသည့် မိသားစုကနေ လာသည်ကို ပြောနိုင်ကြသည်။ သူမက ဖော်ဖော်ရွေရွေရှိပြီး တက်ကြွသည်။ ရယ်စရာနည်းနည်းပဲပါသည့် ဟာသနှင့်တောင် အရယ်ကူးတတ်၏။ သွမ့်ယဲ့က သူ့စားပွဲမှာ မှောက်အိပ်နေချိန်ဆို သူမရယ်သံကို သူ အမြဲကြားရသည်။ သတိမထားမိလိုက်နှင့်ပဲ သူမရယ်သံက သူနားတွေကနေ တစ်ဆင့် သူ့နှလုံးသားဆီ ဝင်လာ၏။

နှလုံးသားထဲက အချစ်ဦးWhere stories live. Discover now