အိပ်မက်အလွန်

184 18 2
                                    

Unicode

"ခွမ်း!!!!!!"

စန္ဒားယား တီးနေရင်း အသံတစ်ခုကြားလိုက်ရ၍
ခလုတ်လေးပေါ်တွင် ရွေ့လျားးနေသော လက်ချောင်းလေးများကို တိခနဲ ရပ်ချလိုက်သည်။
ဒီလိုမျိုး အသံဟာ ကြားနေကြဆိုပေမယ့် ကြားရတဲ့ အခါတိုင်း
ရင်ဖက်အောင့်ရပါတယ်။

စန္ဒားယားအဖုံးကို အညင်အသာ ချ၍ အခန်းထဲမှ ထွက်ပြီး
ထိုအသံကြားရာကို ထွက်ကြည့်မိသည်။ထုံးစံအတိုင်း
အဖေက ဧည့်ခန်းထဲမှ နေ၍ အရက်ခွက်ကို နံရံသို့ ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။ဘေးနားတွင် မေမေက ဆေးလိပ်တစ်လိပ်ကို မက်မက်မောမော ရှူရှိုက်ရင်း ပြုံးနေသည်။ဒီလို မြင်ရတာဟာ နေထွက်၊နေဝင် အချိန်တွေ လိုပါပဲ့ ကျမ အတွက်တော့ သာမန် မြင်ကွင်းလေးတစ်ခုသာ ဖြစ်သည်။

သက်ပြင်းလေးတစ်ခုကို ချ၍ အခန်းတံခါးကို ပိတ်၍ ပြန်ဝင်လာသည်။မဟုတ်ရင် တစ်ယောက်က အပြုံးမပျက် ပြောနေပြီး နောက်တစ်ယောက်က ဒေါသ အလိပ်လိပ် ထွက်၍
အနီးအနားရှိ ပစ္စည်းများကို ပစ်ပေါက်နေမည့် မြင်ကွင်းကို
ရင်နာနာနဲ့ ကြည့်နေရဦးမည်။

အခန်းတံခါးပိတ်ပြီး မိနစ်အနည်းငယ်လောက်ကြာပြီးနောက်
ကျွန်မ ထင်သည့်အတိုင်းပင် စကားသံများကြားရသည်။ အလွတ်နီးပါးရနေတဲ့ မေမေပြော မယ့်စကားလုံးများကို
တံခါး၌ မှီ၍ နားထောင်နေမိသည်။

"ရှင်သိလား၊နှင်းသက်ကျော်ဆိုတဲ့ ကျွန်မက ရှင့်ကို
ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး၊၊နောက်တစ်ခါဆို
ချစ်လား ဆိုတဲ့ စကားကို ယောင်ပြီးတောင် မမေးပါနဲ့ရှင်
ရှင့် အတွက် စိတ်မကောင်းဖြစ်လွန်းလို့ပါ "

"တောက်!!!! မင်း!!! ခွမ်း!!!!"

"ဟားဟား !!!

"မင် မချစ်နိုင်တဲ့ အကြောင်းရင်း
ငါ့မှာ ဘာတွေများ ရှိနေလို့လဲ ဟမ်!။
မင်းကွာ...ငါတို့ သားအဖကို မချစ်နိုင်တဲ့ အကြောင်းပြချက်တွေ ပြော စမ်းပါ!!"

"အကြောင်းပြချက် ဟုတ်လား၊ ရှင် ကျွန်မ ကို ဘယ်လို အနိုင်ကျင့်ပြီး အပိုင်သိမ်းခဲ့ တဲ့့ ဇာတ်ကားကို ပြန် ပြရအုန်းမှာလား"

အိပ်မက်အလွန်(one short)Where stories live. Discover now