"မောင် ထည့်တော့ ထည့်တော့ ရနေပြီ"
"တစ်ချောင်းပဲရသေးတာလေ ယုယရယ်"
"ဘာပဲဖြစ်ဖြစ်ထည့်စမ်းပါဟာ ကြောက်မနေပါနဲ့"
"ငါကြောက်တယ် ဒါပထမဆုံးလုပ်ရတာဟ"
"နင်ကြောက်နေရင်ဖယ်လိုက်တော့ ငါလုပ်မယ်"
"မရဘူး ငါပဲလုပ်မှာ"
"လုပ် လုပ် မြန်မြန်လေး တော်တော်ကြာနေပြီ"
"ငါကြာတာမှမဟုတ်တာ နင့်ကြက်အူချောင်းကကြာနေတာလေ"
"နင်မကြော်တတ်လို့လေ"
မောင်တို့ သူငယ်ချင်းနှစ်ယောက် ညစာကိုထမင်းမစားချင်ဟုဆိုကာ ကြက်အူချောင်းဝယ်လာကြသော်လည်း မီးဖိုချောင်ထဲမဝင်ဖူးကြသော သူတို့မှာတိုင်ပတ်နေကြသည်။မောင့်ဆီ ယုယလာနေသည်မှာလည်း အရင်အဖြစ်အပျက်များကို ရင်ဖွင့်ပြီးကတည်းကပင်ဖြစ်သည်။မောင် အစ်မနှင့်မတွေ့သည်မှာလည်း ထိုကတည်းကပင်ဖြစ်သည်။တစ်ခါတစ်လေတော့ လွမ်းမိပေမယ့် တစ်ခါတစ်လေလုံးဝသတိမရပါ ထိုအခါမျိုးသည် အလုပ်လုပ်နေချိန်ဖြစ်တာမို့ မောင်အလုပ်သာဖိလုပ်နေမိသည်မှာလည်း ၁နှစ်ကျော်နေပြီဖြစ်သည်။
"ဒါနဲ့နင်တကယ် အဝေးသင်တက်မှာလား"
"ဟုတ်တယ်လေ"
"အဲ့ဒါဆိုငါတို့ အတူမတက်ရဘူးပေါ့"
"အေးပေါ့ဟ"
"ငါကနင်နဲ့ Uni အတူတက်ချင်တာကို"
"လဒမှိုင် မှိုင်မနေစမ်းနဲ့ယုယရယ် ငါအလုပ်တွေရှိသေးတာကို"
"ဟုတ်ပါတယ်လေ အောင်မြင်နေတဲ့ စီးပွားရေးသမားကြီးဆိုတော့လည်း သူငယ်ချင်းကိုပစ်ထားနိုင်ပြီပေါ့"
မနိုင်ဘူးဆိုသည့်သဘောနှင့်သာ ခေါင်းခါပြလိုက်တော့သည်။ ဆိုင်နာမည်အား M4 ဟုပြောင်းကာ ဆိုင်သစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆိုင်တွင်ဖိနပ်အပါအဝင် အခြားကုန်ပစ္စည်းများလည်း ရောင်းစေခဲ့သည် လိုသောငွေကိုတော့ အန်တီမှထုတ်ပေးသည်။အန်တီဆိုသည်မှာ တခြားလူမဟုတ် ဒေါ်ကုဋေစီဖြစ်သည်။ ဟုတ်ပါတယ် အန်တီနဲ့ပြန်အဆင်ပြေခဲ့သည်မှာကြာပါပြီ အမေနေရာမှာအစားထိုးကုစားပေးခဲ့သော အန်တီ့ကိုမောင်တစ်သက်လုံး ကျေးဇူးတင်မဆုံးပါ။ထိုနေ့က အန်တီရောက်လာသည်