" Senpai အခုဘာပြောလိုက်တယ်? "
ဂျူနီယာလေးရဲ့လေသံက မထင်မှတ်ထားသည့်အရာတစ်ခုကို ကြားလိုက်ရသည့်ပမာ မေးလာတော့ ဂျွန်မြောင် တွေဝေသွားသည်။
အခုသူ့ပုံစံက သူများအိမ်မှာနေရဖို့ ကပ်တွယ်နေသည့်အကြံသမားနှင့်များ တူသွားလို့လား? တကယ်တော့ သူက ဂျူနီယာလေးကို နှစ်သိမ့်အဖော်ပြုပေးချင်ရုံသက်သက်ပါပဲ။ လောလောဆယ်မှာတော့ သူ့မှာနေစရာမရှိတာအမှန်ဆိုပေမယ့် သူကအရွယ်ရောက်ပြီးသား ယောက်ျားရင့်မာကြီးလေ၊ အပြင်မှာအိပ်ရတာမသက်သာရင်တောင် သူ,မညည်းညူနေသင့်မှန်းသိပါသေး၏။
" အဆင်မပြေဘူးမလား အရမ်းရုတ်တရက်ဆန်သွားတော့လေ ဟားဟား... " ဂျွန်မြောင် ခြောက်ကပ်ကပ်နိုင်စွာ ရယ်မောလိုက်ပေမယ့် သူတစ်ယောက်တည်းဖြစ်နေတာကြောင့် ဆက်လက်မရယ်နိုင်တော့ပေ။
" ငါလဲမင်းကို ပြောရမှာ အားနာပါတယ် ဒါပေမဲ့... "
ဂျွန်မြောင် အောက်နှုတ်ခမ်းကိုကိုက်လိုက်မိရင်း ပြောရမည့်စကားကို ဆက်ပြောဖြစ်သည်။
" ငါအခု အလုပ်ထုတ်ခံထားရတာ မကြာသေးဘူး "
ဂျွန်မြောင် သက်ပြင်းချလျက် အမှန်အတိုင်းသာ ဖွင့်ပြောလိုက်တော့သည်။ ပြောနေစဉ် တလျှောက်မှာလည်း သူ့ဂျူနီယာလေးရဲ့မျက်နှာအမူအရာများကို စောင့်ကြည့်ရန်လည်းမမေ့ခဲ့ပေ။
" လတ်တလောနေစရာ နေရာကလဲ မရှိတော့...ချွေးထုတ်ခန်းမှာပဲ နေဖြစ်တာရက်ပိုင်းလောက်ရှိနေပြီကွ "
စိတ်ပျက်စရာကောင်းသော သူ့ကံတရားကြီးကို သူ့ထက်၃နှစ်ငယ်သော ဂျူနီယာလေးထံမှာ ငြီးငြူပြရတာက သက်သောင့်သက်သာမရှိလှပေ။ သို့ပေမယ့် သူပြောပြချင်သည့်အရာတွေကိုသာ ရွေးချယ်ပြောဆိုရင်း တဖက်လူမှ သူ့ရဲ့အကြောင်းပြချက်များကို လက်ခံလာစေရန် ဂျွန်မြောင် ရည်ရွယ်ခဲ့သည်။
" ငါအလုပ်တစ်ခုခုတော့ရှာနေပါတယ် အဲ့တာကြောင့် လတ်တလော ငါအလုပ်ရှာနေတုန်းမှာ ဒီမှာပဲ မင်းနဲ့အတူတူ နေလို့မရဘူးလားကွာ "
" စိတ်ချပါ၊ ငါအခန်းဌားခကို မင်းသတ်မှတ်တဲ့အတိုင်းပေးမှာပါ လောလောဆယ်တော့ မပေးနိုင်သေးရင်တောင် အရစ်ကျနဲ့ပဲဖြစ်ဖြစ် ငါဆက်ဆက်ပေးပါ့မယ် "
YOU ARE READING
SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag Ongoing
Fanfic'' Even though that it hurts me baby I'm in love with the way you hate me '' _Little Lamb_ •Title: SENPAI •Season I : 25Chapters +15Extra •Genre: RatedM,Red Flag •Author: Amaryllis_Lian •Both Zawgyi & Unicode Available •Starting...