선배 -7-

228 36 16
                                    

ဂျွန်မြောင် အိပ်ယာနိုးလာချင်းချင်းမှာပဲ သူ့လက်တွေကလှုပ်ရှားရခက်နေတာကို ခံစားလိုက်ရသည်။ မသိလျှင် တောင်တစ်လုံးက သူ့အပေါ်ပိကျနေသည့်အတိုင်းပင်။ ဂျွန်မြောင် မျက်မှောင်ကြုတ်ကာ လက်ချောင်းလေးများကို လှုပ်ရှားကြည့်တော့ ထုံထိုင်းမှုမှတဆင့် ကျဉ်တက်လာတာကို ခံစားရပြန်၏။

" အာ...လေးလိုက်တာ "

ရုတ်တရက် သူ့ရင်ဘတ်မှယားကျိကျိခံစားချက်ကြောင့် သူ မျက်လုံးတွေဖွင့်ကြည့်မိတော့ ဂျူနီယာလေးက သူ့လက်မောင်းကို ခေါင်းအုံးအဖြစ်အသုံးပြုထားတာကို တွေ့လိုက်ရပါ၏။

" ဟမ်?! "

" ရိရှင်း!! မင်း ဘယ်လိုလုပ်ပြီး ငါ့အိပ်ယာပေါ်ရောက်နေတာ?? "

ဂျွန်မြောင်ထိတ်လန့်စွာ ထအော်လိုက်တာကြောင့် သူ့ရင်ခွင်အတွင်း၌ သူ့ကိုပွေ့ဖက်ပြီးအိပ်နေသူက တလှုပ်လှုပ်ဖြစ်လာခဲ့သည်။

" အင်း...စောသေးတာကို " ဂျူနီယာလေးရဲ့ အသံက အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မူလကထက်ပင် ပိုပြီးသြရှကာလေးလံနေခဲ့သည်။

" ပြန်အိပ်ပါလား Senpai " ထို့နောက် မျက်လုံးမပွင့်တပွင့်ဖြင့် သူ့ကို တောက်ပစွာပြုံးပြရင်း သူ့ရင်ခွင်ထဲ၌ ခေါင်းတိုးဝင်ကာ မျက်နှာဖြင့်ပါပွတ်သပ်နေတော့သည်။

" Senpai ရဲ့ သိုးပေါက်လေးက အိပ်ချင်သေးတယ်လို့.~ "

ချစ်ဖို့ကောင်းအောင် ကိုယ့်ကိုယ်ကိုယ်သုံးနှုန်းပြီး သူ့အပေါ်ကပ်ချွဲလာသည့် ဂျူနီယာလေးကြောင့် ဂျွန်မြောင်အံ့သြနေရသည်။

" အဲ့တာကြောင့် ငြိမ်ငြိမ်လေးနေပါ Senpai ဟင်းမ်... "

ပြောပြောဆိုဆိုဖြင့် ဂျူနီယာလေးရဲ့လက်တွေက ဂျွန်မြောင်ရဲ့ခါးကိုရစ်ပတ်ထားပြီး လေးလံသောခြေတံရှည်များက ဂျွန်မြောင်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို တက်ခွထားလေ၏။

" မ... မဟုတ်သေးဘူးလေ "

" ရိရှင်း-ရား မင်းက...! "

သူ့ကို'ဖက်ခေါင်းအုံး'ပမာ လာကပ်တွယ်ထားသော ဂျူနီယာလေးရဲ့ကိုယ်ကို ဂျွန်မြောင် သိသိသာသာတွန်းထုတ်ရင်း တွေးမိတာက...

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now