선배 -8-

203 31 4
                                    

" မင်းငါ့ကိုဆေးခတ်လိုက်တယ်မလား "

" ရိရှင်း "

ပြတ်သားစွာမေးလိုက်တဲ့ သူ့ရဲ့စကားမှာ အဖြေကိုသိချင်နေတယ်ဆိုတာထက် ဝန်ခံချက်ကိုအလိုရှိနေမှန်း ပိုတိကျလွန်းသည်။

ဟုတ်သည်။ ဂျွန်မြောင် တဖက်လူရဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ဖြေရှင်းချက်တောင်းနေခဲ့ခြင်းသာဖြစ်သည်။

" မင်းငါ့ကို ဘယ်လိုကောင်များ ထင်နေတာလဲ?! "

လက်သီးကိုကျစ်ကျစ်ဆုပ်ထားရင်း ပြောလာသည့် ဂျွန်မြောင် လေသံမှာတောင် ယောက်ျားမာနတွေထင်ဟပ်နေသည်။

အရက်မူးလွန်ခြင်းဆိုသည်က သူ့ဘဝမှာကြုံတောင့်ကြုံခဲပါပင်။ သူက အမူးလွန်လာပြီဆိုရင်လည်း ထနိုင်တော့မှာမဟုတ်တဲ့အထိ သောက်နိုင်သူ တစ်ယောက်ဆိုတာ ကိုယ်တိုင်ကသာအသိဆုံး။ ပုံမှန်ဆို သူ့ခန္ဓာကိုယ်တောင် သူ,မသယ်ချင်လောက်အောင် ပင်ပန်းနေမည့်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သာမန်နဲ့မတူအောင် စိတ်ကြွလာနိုင်မည်တဲ့လဲ??

သို့ပေမယ့် ထိုညကဖြစ်ရပ်တွေကိုမှတ်မိဖို့ သူ့ဦးနှောက်က အိပ်ရာနိုးလာချင်းချင်းမှာ အလုပ်မလုပ်ခဲ့ပေ။ ဘာကဘာမှန်းမသိတာကြောင့် တပါးသူအပေါ်အပြစ်မလုပ်မိစေရန်သာ ဂျွန်မြောင်အထူးဂရုစိုက်ခဲ့သည်။ သူ့ကိုကူညီပေးလာသည့် ဂျူနီယာလေးကို ထိခိုက်အောင်လုပ်မိမှာ စိုးတာ ကြောင့်သာ ဖြစ်လာသမျှအကုန်အရင်ဆုံး သူ တာဝန်ခံရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူ့ဂျူနီယာလေးက ယောက်ျားလေးဖြစ်နေတာကြောင့် ညကဘာတစ်ခုခုပဲဖြစ်ခဲ့ပါစေ ပြဿနာမကြီးနိုင်လောက်ပေ။ သို့ပေမယ့်လည်း အကြီးတစ်ယောက်အနေနှင့် သူ ယူရမည့် တာဝန်ယူမှုကိုလက်ခံဖို့တောင် သူ အသင့်ဖြစ်ခဲ့တာ...။

သူ့ရဲ့ကိုယ်ကျင့်တရားနှင့် စေတနာအားလုံးက အခုတော့ ရယ်စရာဟာသလိုဖြစ်နေခဲ့မှာပဲ ဆိုတာတွေးမိတော့ သူ ဒေါသမထွက်ဘူးလို့ပြောရင် ဒါဟာ မုသားတစ်ခုသာဖြစ်လောက်၏။

" ရိရှင်း- ဖြေစမ်းပါဦး ငါမင်းအပေါ် အရင်ကများ အမှားလုပ်မိခဲ့လို့လား? "

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now