ဂျွန်မြောင်မှာ သူအထက်တန်းနှစ်က မဂ္ဂဇင်းအဟောင်းကိုကြည့်နေရာမှ ပိတ်လိုက်ပြီးနောက် ငြိမ်သက်စွာနေလိုက်မိသည်။ ဒီနေ့နှင့်ဆိုလျှင် ဂျူနီယာလေး အိမ်ကဆင်းသွားတာ ၆ရက်တောင် ရှိသွားခဲ့ပြီ။ ဂျူနီယာလေးရဲ့ အဆက်အသွယ်ကို မရတာကလည်း ထိုနည်းအတိုင်း ၆ရက်တိတိပါပင်။
အိမ်ပြောင်းလာချင်းချင်း ဂျူနီယာလေး၏ကိုယ်ပိုင် ဖုန်းနံပါတ်ကို မတောင်းယူခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်မိသည်။ ယခုတော့ သူ့မှာရှိတာက ကျန်းရှင်းဆေးခန်းရဲ့ ဖုန်းနံပါတ်သာ ဖြစ်နေတာကြောင့် ဂျူနီယာလေးကသာ သူ့ကိုအရင်ဆုံး မဆက်သွယ်လျှင် သူ့မှာဘာမျှတတ်နိုင်မှာ မဟုတ်သည့်အနေအထား ဖြစ်နေသည်။
ဂျွန်မြောင် ထင်ခဲ့သည်က သည်တစ်ရက်နှစ်ရက်အတွင်းမှာတော့ ဂျူနီယာလေးက အမှားကိုနားလည်ပြီး သင်ခန်းစာရလောက်ပြီဟု။ သို့ပေမယ့် ၃ရက်ကြာပြီးသည့်နောက်တောင်မှ ဂျူနီယာလေး၏အရိပ်မပြောနှင့် အသံတောင်သူမကြားခဲ့ရပေ။
ပုံမှန်သာဆိုလျှင် ဂျွန်မြောင်အနေနှင့် သက်ဆိုင်ရာအသိမိတ်ဆွေများကို ဆက်သွယ်မေးမြန်းနိုင်လောက်သေး၏။ သို့ပေမယ့် သူ့ဂျုနီယာလေးမှာ သူကလွဲပြီးတခြားသော အသိမိတ်ဆွေမျိုးဆိုတာ မရှိသလောက်နည်းပါးလွန်းပါ၏။
ဂျွန်မြောင် သက်ပြင်းချမိသည်။ အကယ်၍ သူ သာ ဂျူနီယာလေးကို မိတ်ဆွေသူငယ်ချင်းများ ရှာဖွေမိတ်ဆက်ပေးခဲ့မိလျှင် ပိုကောင်းလောက်သည်။ သို့သော်လည်း မဟုတ်သေးပြန်။ သူ သာ ဂျူနီယာလေးရဲ့စိတ်ကို နားလည်ပေးဖို့ ကြိုးစားကြည့်ခဲ့သင့်သည် မဟုတ်လား နစ်ယောက်တည်း စကားတွေချည်း ဇွတ်ပြောနေမည့်အစား။
အဲ့လိုသာ လုပ်ပေးနိုင်ခဲ့ရင် ဂျူနီယာလေးက သူ့အပေါ်အခုလိုမျိုး ထူးဆန်းသောအတွေးမျိုး ဝင်မလာခဲ့လောက်ပါပေ။
ဂျူနီယာလေးမှာ သူကလွဲပြီး ပြောဆိုခင်တွယ်ရမည့် သူ မရှိခဲ့တာကြောင့်သာ။ သူကသာ ဂျူနီယာလေးရဲ့ အထီးကျန်မှုကို ဖယ်ရှားပေးရုံသာမကဘဲ သူကိုယ်တိုင် ဂျူနီယာလေးကို မိတ်ဆွေမည်သို့ဖွဲ့ရမည်ဆိုတာ နားဝင်အောင်ရှင်းပြနိုင်ခဲ့လျှင် သည်ကလေးလေးက အခုလိုမျိုးသူ့ကြောင့် ခံစားနေရမည် မဟုတ်လောက်ပေ။
YOU ARE READING
SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag Ongoing
Fanfiction'' Even though that it hurts me baby I'm in love with the way you hate me '' _Little Lamb_ •Title: SENPAI •Season I : 25Chapters +15Extra •Genre: RatedM,Red Flag •Author: Amaryllis_Lian •Both Zawgyi & Unicode Available •Starting...