>>>>>>Nextရီချင်လည်း ..ရီချင်စရာ ၊ အိမ်သာကိုဘယ်သူကများမြန်မာလိုကြီးရေးမှာ။
အခုဟာကဆိုင်းဘုတ်ကြီးတောင်တက်ထားသေးတယ် ၊ တစ်ကယ်ကိုထူးထူးဆန်းဆန်းတွေပဲ ။
တေးလည်း ကိုယ့်ကိစ္စကိုယ်ရှင်းပြီးတော့
အိမ်ကြီးရှိရာဆီပြန်လာခဲ့သည်။တေးအိမ်ထဲ၀င်ပြီး အရီးလေးအလာကိုစောင့်နေမယ်ဆိုပြီး စဉ်းစားကာမှ ၊
အမချို ကိုတွေ့လိုက်ရတော့ပျော်သွားတယ်
တေးစရောက်ထဲက သိသေးတာဆိုလို့အမချိုပဲရှိတာကို ၊ တေးလည်းအမြန်အမချိုနားသွားရင်း။အမချို ..အာ့မှာဘာလုပ်နေတာလဲ ၊
အော် မမလေး ၊ အမချိုကလည်း တေးနမည်
ညို့တေးပါ ခေါ်ချင်တယ်ဆို တေးလို့ခေါ်နိုင်ပါတယ်။မရပါဘူးမမလေးရယ် ကျုပ်သာအာ့လိုခေါ်တာမမကြီးကြားသွားရင်အိမ်ပေါ်ကခေါင်းနဲ့ဆင်းရမှာတော့။
မရပါဘူး ..အမချိုကလည်း ၊ တေးကိုနမည်မခေါ်ဘူးဆိုရင် အမချိုကိုတေးစိတ်ဆိုးမှာနော်။
"အာ့လိုတော့မလုပ်ပါနဲ့မမလေးရယ်..'
အမချိုနော် ၊ ဟုတ်ပါပြီ။
တေး..တေး ၊ ရေးးးအာ့လိုမှပေါ့
နောက်ဆို တေးလို့ပဲခေါ်နော် အမချို ၊
"ဟုတ်ကဲ့ "
"ဒါနဲ့အမချိုက ဒီမှာဘာလုပ်နေတာ ၊
အော်..မမလေး ရမှုံပေါ့ ရွာထဲက ဦးပေါက်ဆီကနေ သရက်သီးခိုးလာတယ်လေ ၊
"အာ့သရက်သီးကိုသုပ်ပေးပါဆိုလို့။
"ကျုပ်ကသုပ်မလို့ ၊
"ဟိုလေ.."
တေးလည်းစားဖူးချင်တယ် ၊ စားလို့ရလားဟင် ၊ တေးအမချိုဆီက မုန့်စားချင်လို့ပြောနေချိန်။
ရတာပေါ့ ကျုပ်ကိုယ်တိုင်ခူးလာတာလေ ၊
အမိစားချင်သပ့ဆို စားပေါ့ ဒါနဲ့ အမိက
ရန်ကုန်ကလာတာဆို ကျုပ်အရီးက ၊
ပြောတယ်။ဟို ..အမချိုသူက ၊ ဒါက မမကြီးရဲ့တူမ
မမလေး ရမှုံသစ္စာပါ တေးရဲ့။