chapter 1

10.5K 199 0
                                    

MONK

အပိုင်း|၁|

ယွင်ရှီမြို့သည်တောင်တန်းများဝန်းရံထားသောမြို့ငယ်လေးဖြစ်ပြီး လျူယွမ်တောင်ကနာမည်ကျော်တောင်များထဲမှတစ်ခုဖြစ်သည်။

နွေရာသီဖြစ်၍တောင်ပေါ်ရှိ နှစ်ပေါင်းရာနှင့်ချီသက်တမ်းရှိတဲ့ရှေးသစ်ပင်များက စိမ်းလန်းစိုပြေသောသစ်ရွက်များနှင့်လတ်ဆတ်နေသည်။

တောင်ပေါ်တစ်ဝက်လောက်မှာလျူယွမ်ဘုရားကျောင်းတည်ရှိတယ်။လျူယွမ်ဘုရားကျောင်းကဒီနေရာမှာ နှစ်အတော်ကြာတည်ရှိနေခဲ့သည်။

ရှေးမင်းဆက်များစွာတည်ထားသည်ဟုကြားသိရပြီး ယခုအချိန်အထိမပျက်စီးသေးပါ။

ဘုန်းကြီးကျောင်းကမကျယ်ဘူး၊စုစုပေါင်းဘုန်းကြီးခုနစ်ပါး၊ရှစ်ပါးထက်မပိုဘူး။သဘာဝအားဖြင့်လည်းမချမ်းသာပါ ရံဖန်ရံခါအနီးအနားရှိရွာသူရွာသားများလာရောက်၍ကောင်းချီးပေးဆုတောင်းကြသော်လည်းပြည့်စုံလုံလောက်မှုတော့မရှိနေ။

ဒါကြောင့်ကျောင်းတော်ရှိဘုန်းကြီးများကရွာသားတွေဆီကနွေဦးရာသီတွင်စိုက်ပျိုးကြပြီး ဆောင်းဦးတွင်ရိတ်သိမ်းစိုက်ပျိုးရေးကိုသင်ယူခဲ့ပြီး ကျောင်းအနီးအနားမှာစိုက်ပျိုးခဲ့တယ်...ဒီနေရာကလှပသောတောင်တန်းများ၊မြစ်များနှင့်အတူ ကောင်းချီးပေးကာနှစ်စဥ်အသီးအနှံများဖြစ်ထွန်းကောင်းမွန်တာမို့ ဘုန်းကြီးတွေစားဝတ်နေရေးကိုအဆင်ပြေစေပြီး တရားလည်းကောင်းစွာကျင့်ကြံနိုင်သည်။

လုရှင်းချီတစ်လကျော်ခရီးထွက်ခဲ့ပြီး ပင်ပန်းလွန်းသဖြင့်အနားယူအားမွေးဖို့နေရာရှာနေချိန်မှာပဲလျူယွမ်တောင်ကိုဖြတ်သွားရင်းရှေးဟောင်းသစ်ပင်တွေကြားမှာမထင်မရှားတည်ရှိနေတဲ့ဘုရားကျောင်းတစ်ခုကိုတွေ့လိုက်ရပြီး အဲ့ဒီ့မှာပဲရက်အနည်းငယ်နေဖို့စိတ်ကူးလိုက်တယ်။

သူကတံခါးခေါက်ပြီးအပြင်မှာတစ်စုံတစ်ယောက်လာဖွင့်ဖို့စောင့်နေတယ်။ခဏကြာတော့တံခါးနောက်ကနေခပ်သုတ်သုတ်လျှောက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။

"ကျွီ..."

တံခါးပွင့်လာတော့လှရှင်းချီကအမြန်လက်အုပ်ချီလိုက်ရင်း

ဘုရင်ကြီးနှင့် သူ့အချစ်တော်| MONK |Where stories live. Discover now