1🍁

50 5 1
                                    

_Jisoo..

မိုးရွာတဲ့ နေ့တစ်နေ့ပေါ့၊မိုးသံက လွဲပြီးတခြားအသံ မကြားရအောင် ဆူညံလို့နေတယ် ဒါပေမဲ့ ကျနော် မိုးရွာတာကို ကြိုက်တယ် မိုးရွာနေတဲ့ အသံကိုလည်းကြိုက်တယ် အထူးသဖြင့် ဒီလမ်းလေးမှာ တည်ရှိတဲ့ ဒီအဆောက်အဦး‌အရှေ့မှာ ကျနော့်ရဲ့ တစ်ယောက်သောသူကို စောင့်ကြိုရင်း နားထောင်ရတဲ့ မိုးရဲ့အသံကတော့ အကောင်းဆုံးပေါ့ဗျာ...

ရှုအာတစ်ယောက် ‌မျှော်နေသူ ဂျောင်ဟန်အလာကို ရင်ဖိုစွာစောင့်နေလေသည်။သူ့အတွက်က ဒီအတိုင်း ပုံစံခွက်လိုဖြစ်နေတဲ့ နေ့ရက်တွေတိုင်းမှာ တိတ်တခိုး ချစ်ရသူ ငယ်သူငယ်ချင်းလေးအား ကျောင်းအတူသွားရန်လာကြိုရသည်ကတော့ ဘယ်တော့မှ မပင်ပန်းသလို ကျောင်းကို တစ်ရက်တောင် မသွားချင်တဲ့ရက်မရှိရတဲ့ အချက်လည်းဖြစ်နေသေးသည်။သူရောက်ရှိနေရာက အလယ်တန်းကျောင်းတစ်ခု၏မျက်နှာချင်းဆိုင်က ကားမှတ်တိုင်တစ်ခု အောက်တွင်ဖြစ်လေသည်။ ထိုကျောင်းလေးသည် ရှုအာအတွက် ချစ်စရာအမှတ်တရများစွာ တည်ရှိနေသောနေရာလေး ဖြစ်၏။ သူနှင့်ဂျောင်ဟန်သည် ၇တန်းနှစ်မှစ၍ တစ်တန်းထဲ တစ်ခုံထဲ အတူတူထိုင်ခဲ့သော အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့လေသည်။ အမှတ်တရများနှင့် ငယ်ဘဝမှတ်ဉာဏ်များအားလုံးနီးပါးမှာလည်း ယွန်းဂျောင်ဟန်ဆိုသူ ရှိနေလေရဲ့...
အလယ်တန်းကျောင်းနှင့် ရှုအာရဲ့ အိမ်လေးရှိရာ ဒီရက်ကွက်လေးထဲသို့ ဂျောင်ဟန် ပြောင်းလာပြီးနောက်ပိုင်း ဂျောင်ဟန်အိမ်ရှိရာ ဒီလမ်းလေးထိပ်က ကားမှတ်တိုင်လေးအောက်တွင်နေတိုင်း စောင့်နေရသည့် တာဝန်တစ်ခုရလာခဲ့၏။
ဟော..သူ့အကြောင်းတွေးတုန်းရောက်လာပါရော့လား။ မိုးကမသည်းတော့ပေမဲ့ မိုးရွာထားလို့ လမ်းမပေါ်က ရေအိုင်နေသည်။
ယွန်းဂျောင်ဟန် ဘေးကလမ်းလျှောက်နေ သူတွေကိုမြင်ပုံမရ ကားကိုဖြည်းညှင်းစွာမောင်းလာ‌ပေမဲ့ ရေအိုင်တွေကို မရှောင်တာကြောင့် လမ်းသွားသူတွေ စင်ကုန်၏။မိုးရွာရင်စိုထိုင်းထိုင်းနဲ့မို့ စိတ်ရှုတ်တတ်တဲ့ဂျောင်ဟန်က မိုးရွာရင်သူ့ကို လာမစောင့်နဲ့ဟု အတန်တန်မှာထားတဲ့ကြားက မှတ်တိုင်အောက်ငုတ်တုတ်ထိုင်နေသော ဂျီဆူးကိုတွေ့လိုက်ရသည် မိုးရေတွေလည်းရွှဲနေတာမို့ နည်းနည်းတော့ ဒေါသထွက်မိသည်။
"ဟေး.. မင်းကလည်းမိုးရွာရင် လာမ‌စောင့်ပါနဲ့ ဆိုတာကို ကွာ"
ဂျောင်ဟန်မိုးသံကြောင့် အော်ပြောနေရသည် စိတ်တိုနေတော့ မျက်မှောင်ကုတ်ထားသေး၏။
...
ကျနော် ပြုံးမိသည်။ယွန်းဂျောင်ဟန် သူ့ကိုစိတ်ပူနေတာမလား ကျနော့်လေ သူနည်းနည်းလေး ဖြစ်ဖြစ် စိတ်ပူပေးတာ ခံချင်မိလို့ မိုးရွာတိုင်း ဒီရည်ရွယ်ချက်နဲ့လာစောင့်ပေးတာဆိုရင် ကျနော်မလွန်ဘူးမလား...

You've reached the end of published parts.

⏰ Last updated: Dec 22, 2023 ⏰

Add this story to your Library to get notified about new parts!

SUNSET O'CLOCK Where stories live. Discover now