သစ်ရွက်တွေရဲ့ အဟများကြားကိုဖြတ်ပြီး မြေပြင်ပေါ်ကို ကျရောက်လာသော အလင်းကြောင့် နေရောင်ခြည်က ပျောက်ကြားဖြစ်သွားသည်။
ကျောင်းနားက သစ်တောလေးထဲတွင် ဘယ်သူမှမရှိပဲ ၎င်းသည် လုံးဝလူသူကင်းမဲ့နေသည်။
သာမန်အားဖြင့် ဘယ်သူမှ ဒီနေရာကိုလာမှာမဟုတ်ပဲ အခုက ထမင်းစားချိန်တောင်ရောက်နေပြီဖြစ်သည်။
"ဂူလု၊ ဂူလု။"စုကျင်းယန် သတိထားလျက် အော်ခေါ်လိုက်ပြီး ဘယ်ညာချောင်းကြည့်လျက် တစ်ခုခုကိုရှာဖွေနေသည်။
ဂူလုသည် စုကျင်းယန် ကျောင်းနားက တောအုပ်လေးထဲတွင် မတော်တဆတွေ့ခဲ့သော လမ်းဘေးကြောင်လေးဖြစ်သည်။၎င်းသည် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် လိမ္မော်ရောင်လိုင်းများရှိသော်လည်း လူတွေပုံမှန်တွေးသော လိမ္မော်ရောင်ကြောင်ကဲ့သို့ မဝပေ။ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် အလွန်ပိန်ပါးပြီး လျင်မြန်သည်။စုကျင်းယန် ရှာဖွေမှု့တချို့ပြုလုပ်ခဲ့ပြီး ၎င်းသည် အဝါရောင်ကြောင်ကတိုးဆိုတာ တွေ့ရှိခဲ့သည်။
"ဂူလု၊ ဂူလု!"စုကျင်းယန် သူလမ်းလျှောက်နေရင်း ခေါ်နေပြီးတော့ သူ့လက်ထဲတွင် နေ့လည်စာထမင်းဘူးကို ကိုင်လျှက် ဂူလု၏ ခြေရာကို ဆက်ရှာနေသည်။
အခြေခံအားဖြင့် နေ့တိုင်း နေ့လည်စာစားချိန်တွင် စုကျင်းယန်သည် ထိုရူးသွပ်နေသောဖန်များမှ လစ်ထွက်လာခဲ့ပြီး သူ့အစားစာကို ဂူလုနှင့် စားရန် တိတ်တဆိတ်ပုံးနေလေ့ရှိသည်။
သစ်တောလေးသည် သန့်ရှင်းပြီး ဘေးနားတွင် ဘယ်သူမှမရှိပဲ လေထုကလည်း လန်းဆန်းပြီးတော့ အလွန်သက်တောင့်သက်သာရှိသော ကြောင်များကိုလည်းရှိသည်။
ထူးဆန်းသည်မှာ သာမန်အားဖြင့် ဂူလုသည် ပြေးထွက်လာပြီး သူ့ရင်ခွင်ထဲသို့ ပလုတ်ဆိုပြီး ခုန်ဝင်မလာခင် သူ့နာမည်ကို နှစ်ခါ၊သုံးခါလောက် ခေါ်လိုက်ဖို့သာလိုအပ်သည်။
ဒါပေမယ့် ဒီနေ့ ဆယ်ကြိမ်မက အော်ခေါ်ပြီးတာတောင် ဂူလုကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။
YOU ARE READING
သံသယလွန်ကဲတဲ့ ဘောစ့်တွေအားလုံးက ငါ့ရည်းစားတွေ
TerrorCredit to Author & Translators. ခွင့်ပြုချက်မရထားပါ။