"ဒီချယ်ရီပင် နောက်ဆုံး အပွင့် ပွင့်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကပဲ။"
"နောက်ဆုံးပွင့်ခဲ့တဲ့ ခုနှစ်ကို တိတိကျကျ သိလို့ရမလားဗျ"
"တစ်ဆင့်စကား တစ်ဆင့်နားနဲ့ပဲ ကြားသိလာကြတာလားဗျ"
"သက်သေအထောက်အထား ရှိလားဗျ"
သူတို့ 'နမ်ဟယ်'ကို သမိုင်းမေဂျာရဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးတွေက ဘွဲ့အတွက် စာတမ်းရေးဖို့ လေ့လာရေးခရီးတိုလေး လာကြသည်ကို သမိုင်းကြောင်းတွေ ရှင်းပြပေးဖို့ ဂိုက်အနေနဲ့
ချန်းယောလ် လိုက်လာခဲ့ခြင်းဖြစ်သည်။ ပုံမှန်ဆိုရင် နိုင်ငံခြားသားတွေကိုပဲ ဂိုက်လုပ်ပေးပေမယ့် အခုက သူငယ်ချင်းဖြစ်တဲ့ တက္ကသိုလ်က ဆရာက အကူအညီတောင်းလာတာမို့ ချန်းယောလ် ကူညီပေးခြင်းဖြစ်သည်။
အမေးအမြန်းထူရမှာ ကျောင်းသားတွေရဲ့ အလုပ်ဆိုတာကို နားလည်ပေမယ့် ဒီကျောင်းသားတွေက နည်းနည်း အိုဗာ မဖြစ်လွန်းနေဘူးလား။ သက်သေအထောက်အထားလေး ဘာလေးနဲ့။ ခေတ်အဆက်ဆက်ရဲ့ စာတန်းတွေထုတ်ပြရင်လည်း ဖတ်နိုင်မှာမဟုတ်တာကို။"ခေတ်အဆက်ဆက်ရဲ့ စာတန်းတွေကို ကျောင်းသားတို့ တက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာ ရှာဖတ်ကြည့်လို့ရတယ်နော်"
"အဲဒါတွေက အစစ်တွေပါလို့ ကျွန်တော်တို့ ဘယ်လို ယုံရမလဲ"
စိတ်ရှည်ရှည်ထားပေးလို့ မရဘူးပဲ။ ဒီဘက်ခေတ်ကျောင်းသားတွေက အကြောလေးတွေနဲ့ချည်းပဲ။ ချန်းယောလ် အကျင့်အတိုင်း ခပ်ရွဲ့ရွဲ့ပြန်ဖြေဖို့ သူ့အနောက်က ကျောင်းသားတွေဘက်ကို လှည့်လိုက်သည်။
"ခုနက မေးလိုက်တဲ့ကျောင်းသား"
မျက်နှာတည်တည်နဲ့ အနောက်ကိုလှည့်လာတဲ့ ချန်းယောလ်ကြောင့် ဆယ့်ငါးယောက်လောက်ရှိတဲ့ ကျောင်းသားအဖွဲ့မှာ လန့်သွားပြီး ဘေးကိုချဲသွားတော့မှ အကြောတင်းကျောင်းသားလေးက အလယ်မှာ ထင်းခနဲပေါ်လာတော့သည်။
မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့ မျက်နှာဝိုင်းလေး
"ဆူး... အီဆူး.... ထပါဦး... ကိုယ်နောက်ကျလို့ စိတ်ဆိုးနေတာလား။ အီဆူး... ဆူးးးလို့.. ကိုယ့်ရဲ့ ကလေးရယ်...... အားးး"
ပန်းနုရောင် ချယ်ရီပွင့်ဖတ်တွေဟာ သွေးရောင်လွှမ်းကာ အကျည်းတန်နေပြီး ရင်ခွင်ထဲကလူသားလေးဟာလည်း သွေးအလိမ်းလိမ်းနှင့် အသက်မရှူတော့၊ ချယ်ရီရောင်ဝတ်စုံလေးဟာ အခုတော့ ပတ္တမြားရောင်တွေစွန်းထင်းလို့... ချန်းယောလ်မှာ ရင်တွေကွဲရသည်။
YOU ARE READING
In Another Life
Historical Fictionခေတ်တွေဘယ်လိုပြောင်းပြောင်း၊ ဘဝတွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲသွားတာက ကျိန်စာသင့်နေတဲ့ နှလုံးသားတွေပဲ။