🧡အတိတ်မေ့ ခင်ပွန်း🧡Part 28

4.2K 196 10
                                    


🧡အတိတ်မေ့ ခင်ပွန်း🧡Part 28

"သခင်မလေး အဲ့လောက်ထိ လုပ်နေရင် ကြွက်သားတွေနာကျင်ရပါလိမ့်မယ်...."

ညနေနေစောင်းသည်ထိ ကျောက်တုံးကို ဓားနဲ့ခုတ်နေသေးတဲ့ သခင်မလေးအား လရောင်ဆိုတဲ့ကောင်လေးက ပြောနေသည်

သူမရဲ့မျက်နှာလေးက မောပန်းမှုကြောင့် ရဲနေပြီး ချွေးစလေးတွေဟာ စို့နေတာတောင် အရှုံးမပေးသေးတဲ့ မျက်နှာလေးနဲ့ကြိုးစားနေသည်

"ဟင့်အင်း လရောင် ငါဒီလိုလုပ်မှ မေမေငါ့ကိုချစ်မှာ...."

"သခင်မလေး...."

လရောင် မတတ်သာစွာ ဆက်ကြည့်နေပေမဲ့ ခဏမှာတင် မိုက်ခနဲလဲကျသွားတဲ့ သခင်မလေးကြောင့် သူပြေးပွေ့လိုက်သည်

"သခင်မလေး သွေးပေါင်ချိန်ကျနေပြီထင်တယ်...."

လရောင်ဟာ သူနဲ့အရွယ်တူတဲ့၁၃နှစ်အရွယ်ကလေးမလေးအား ကြည့်ကာ စိတ်မကောင်းနေသည်

"ငါအဆင်ပြေပါတယ်...."

မြင့်မိုရ်စံဟာ သူမအား ကူညီပေးနေတဲ့ လရောင်ရဲ့ရင်ခွင်မှ ထရပ်ကာ သူမမိခင်ရှိနေမည့် ဝရံတာကိုမော့ကြည့်နေခဲ့သည်

နေ့တွေ ညတွေ နှစ်တွေကြာသည်ထိ......
သန်မာလာအောင်ကြိုးစားခြင်းဆိုတဲ့ ခေါင်းစဉ်ဟာ သခင်မလေးရဲ့ ဦးတည်ရာရည်မှန်းချက်ဖြစ်လာသည်

"အဟွတ် ဟွတ်...."

"သခင်မလေး...."

လရောင်ဟာ မိုးရွာထဲ လက်မြှောက်ထားတဲ့ သခင်မလေးဆီ ထီးမိုးပေးခြင်းဖြစ်သည်

"မလာပါနဲ့ လရောင်ရယ်...."

မြင့်မိုရ်စံ သူမဘေးအမြဲရှိနေတဲ့ လရောင်ဆိုတဲ့ ဂိုဏ်းသားလေးအား တားလိုက်သည်

"နင့်ကိုပါ အပြစ်ပေးနေမယ်....ငါ့ ငါ့အတွက်ကြောင့်နဲ့ နင်အပြစ်ဝင်ခံပေးတာတွေများပြီ....ဒီတစ်ခါတော့ ငါဘဲ ခံယူပါရစေ...."

"ကျွန်တော်မလုပ်နိုင်ဘူး...."

၁၈နှစ်အရွယ်ယောကျ်ားသားတစ်ယောက်ရဲ့ မာန်မာနဟာ သူချစ်တဲ့မိန်းကလေးကို တစ်ယောက်ထဲထားခဲ့ဖို့ ငြင်းဆန်နေသည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now