Ch 22

2.3K 239 0
                                    

Ch 22

ရဲ့ရှောင်ယွီက သူ့နေရာတွင် အစားထိုးရန် ရဲဘော်နှစ်ဦးရှာဖွေခဲ့ပြီး ကြာသပတေးနေ့တွင် သူတို့ရောက်လာကြသည်။

တစ်ယောက်ကအရပ်ရှည်ပြီး နောက်တစ်ယောက်က ပိန်သည်။ အရပ်မြင့်တဲ့ကောင်လေးကို ဝမ်လီကောင်း လို့ခေါ်ပြီး ဝါးနဲ့တူပြီး ပိန်တဲ့သူကို ရွှီးကီ လို့ခေါ်သည်။

ရဲ့ရှောင်ယွီရဲ့ စကားအရ သူတို့နှစ်ယောက်က ဟင်းချက်သင်တန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သူတို့ရဲ့ ချက်ပြုတ်မှုမှာ ကောင်းမွန်သောကြောင့် Kitchen God Gourmet Store ဆိုင်တွင် လုပ်ရန် မိတ်ဆက်ပေးခဲ့သည်။

ဝမ်လီကောင်းနဲ့ ရွှီးကီ တို့က စစ်တပ်မှ ထွက်ခွာပြီးနောက် အိမ်သို့ပြန်လာကြပြီး သူတို့ရဲ့ ဖိုင်များကို တပ်မတော်ဌာနကို ပြန်ပေးခဲ့ကြသည်။

ပုံမှန်အားဖြင့် တပ်မတော်ဝန်ကြီးဌာနက အဆိုပါ စစ်မှုထမ်းဟောင်းများအတွက် အလုပ်အကိုင်များ စီစဉ်ပေးခြင်းကို ဦးစားပေး လုပ်ဆောင်သင့်သော်လည်း သူတို့ရဲ့ ခရိုင်သည် ဤမျှသာ ကျယ်ဝန်းပြီး အလုပ်အကိုင်အများအပြား မရှိသော်လည်း အလုပ်အစီအစဉ်ကို စောင့်ဆိုင်းနေသော စစ်မှုထမ်းဟောင်း အများအပြားရှိသည်။

ရဲ့ရှောင်ယွီက သူတို့ကို အလုပ်ထွက်လုပ်ဖို့ မေးတဲ့အခါ သူတို့မလုပ်လျှင် အိမ်မှာဘဲ လယ်ယာသာ လုပ်နိုင်သည်။

လယ်ယာလုပ်ငန်းက အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်သော်လည်း ပိုက်ဆံများများစားစား မရနိုင်ပေ။

ဝမ်လီကောင်းနဲ့ ရွှီးကီ တို့အပြင် ရဲဘော်ရဲဘက် အင်ဂျင်နီယာများရဲ့ အခြေအနေသည်လည်း တူညီ၏။

ထွက်လမ်းရှာမရသောသူများသည် ရဲ့ရှောင်ယွီရဲ့ ကြေးနန်းစာရို လက်ခံရရှိပြီးနောက် ချက်ချင်းပင် အိတ်များကို ထုပ်ပိုးကာ ထွက်လာခဲ့ကြသည်။

ရဲ့ရှောင်ယွီက သူဝယ်ထားတဲ့ အဆောက်အအုံရဲ့ တတိယထပ်မှာ နေဖို့ စီစဉ်ပေးသည်။

တတိယထပ်သည် အရင်က ချည်ငင်စက်ရုံရဲ့ အရောင်းဌာနမှ ဝန်ထမ်းများ နေထိုင်သည့် အိပ်ဆောင်ဖြစ်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now