ချစ်ခဲ့သလောက်များ မုန်းပစ်လိုက်ရရင်
ငါ့အမုန်းတွေက မောင့်အတွက်
သံသရာအဆက်ဆက်အမုန်းတွေပဲဖြစ်မှာ။---------------------------//
"မျှော်လင့်ချက်တွေ ရိုက်ချိုးခံရရင်
ဘယ်လောက်နာကျင်ရလဲ သိလား မောင်"မောင်သည် အပြစ်ရှိသူသကဲ့သို့
ခေါင်းကို ငုံထားသည်။"အသိအမှတ်ပြုခံချင်လို့
အသိအမှတ်ပြုခံရအောင် ကြိုးစားခဲ့တာကို
လျစ်လျူရှူခံရတဲ့ ခံစားချက်ကိုရော
မောင် နားလည်လား"
"မောင် တောင်းပန်ပါတယ် baby"တောင်းပန်သံကတိုးလွန်းလှသည်။
"ဒီစကားကိုပဲ
အက်ကြောင်းတွေထပ်အောင်ပြောနေတော့မှာလား"
"တောင်းပန်စကားကလွဲရင်
မောင့်မှာ ပြောစရာရှိအောင်လည်း မောင်မနေခဲ့ဘူးလေ"
"မောင် တကယ်တောင်းပန်ပါတယ် babyရယ်"
"မငိုနဲ့ ဘယ်တော့မှ မငိုဖို့ပြောထားတယ်မလား ဟမ်"အပြစ်ရှိသူသည် မျက်ရည်များကို တားဆီးနိုင်စွမ်းမရှိ။
"မောင် တကယ်နောင်တရနေပါပြီ"
"အခုမှလား ငါ့ကို နာကျင်အောင်
အကြိမ်ကြိမ်လုပ်ခဲ့ပြီးမှလား။
ဘာပြောခဲ့လဲ
ငါမောင့်ကို အကြိမ်ကြိမ်ဘာပြောခဲ့လဲ။
ငါ့ကို ထပ်ပြီး နာကျင်အောင်မလုပ်နဲ့
ငါထွက်သွားမိအောင်မလုပ်နဲ့လို့ မပြောခဲ့ဘူးလား ဟမ်"မောင့်ပခုံးစွန်းတွေကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ
Jiminဒေါသအလျောက် အော်ဟစ်နေမိသည်။"ဖြေလေ JEon Jungkook
အ သွားပြီလား ပါးစပ်က ဖြေစရာမရှိတော့ဘူးလား"
"မောင် ပြင်ပါ့မယ် baby မောင့်ကိုမထားခဲ့ပါနဲ့။
မောင်လေ နောက်တစ်ခါ မဖြစ်စေရပါဘူး Babyရယ်"
"နောက်တစ်ခါ
ဘယ်နှစ်ကြိမ်မြောက်သော နောက်တစ်ခါလဲ
JEon Jungkook"
"ဒီတစ်ခါ အတည်ပါ တကယ်ကို နောက်ဆုံးအကြိမ်အဖြစ်အခွင့်အရေးပေးပါ Baby""ငါ့မျက်လုံးထဲက အခုကျနေတဲ့ မျက်ရည်တွေကို
သေချာကြည့်စမ်း မောင်
အေး အဲ့ဒီမျက်ရည်တွေက မောင့်အတွက်
နောက်ဆုံးကျတဲ့ မျက်ရည်တွေပဲ။
နောက်နောင် မောင့်အတွက် ဘယ်တော့မှ
မျက်ရည်မကျတော့သလို
ဘယ်တော့မှလည်း နာကျင်ခံစားနေမှာမဟုတ်ဘူး။
အရှင်းဆုံးက မောင်ဆိုတာ
ငါ့ဘဝထဲမှာ ဒီနေ့နောက်ဆုံးရှိခြင်းပဲ။
မနက်ဖြန်တွေမှာ မောင့်ကို မချစ် မောင့်ကို မသိတဲ့သူအဖြစ်ငါနေတော့မှာ။
အခု ငါမောင့်ကို ထားသွားတော့မှာ"