လူတွေကအချစ်ကိုအမျိုးမျိုးတွေခေါ်ကြတယ်။ကိုယ်ခံစားရတဲ့အခါ အချစ်ကနာကျင်ရတယ်လို့ တွေးကြတယ်။ကြင်နာမှုတွေရတဲ့ပျော်ရွှင်ရတယ်လို့ တွေးကြပြန်တယ်။ချိုတယ်၊ခါးတယ်။ကြားဖူးတယ်တစ်ခုရှိတယ် အချစ်စစ်မှန်ရင် အဲ့ဒီအချစ်က ကိုယ့်ကိုငြိမ်းအေးချမ်းသာပေးတယ်တဲ့၊ပူလောင်မှုတွေပေးနေတာလက်ခံရနေတာကအချစ်မဟုတ်လို့ပါပဲတဲ့။ကျွန်တော့်အတွက်တော့ငြင်းမရတဲ့အမှန်တရားတစ်ခုပဲ။ဒီနှစ်ပိုင်းတွေမှာသဘောကျနေတဲ့မိန်ကလေးရှိတယ်။ကျွန်ဟာ အေးချမ်းမှု/ငြိမ်းအေးမှုပေးတဲ့ချစ်ခြင်းနဲ့ချစ်တတ်လာတယ်။မနက်အိပ်ယာထမျက်နှာသစ်ပြီးလို့ ဘုရားရှိခိုးပြီးတဲ့အချိန်၊သူ့အကြောင်းတွေးမိတဲ့အချိန်တိုင်း သူ့ကိုမေတ္တာပို့တယ်။ကျန်းမာပါစေ၊ချမ်းသာပါစေ၊စိတ်နှလုံးငြိမ်းချမ်းပါစေ၊သွားလေရာလာလေရာ ခလုတ်မထိဆူးမငြိပါစေနဲ့ စသဖြင့်ပေါ့ဗျာ။ကိုယ်ပြန်ရတဲ့အခါလည်းငြိမ်းချမ်းခြင်းတွေရတာပါပဲ။သူ့အပြုံးလေးမြင်ရတဲ့အခါ၊သူအကြောင်းတွေးမိတဲ့အခါတိုင်းမှာ စိတ်ချမ်းသာရတယ်။ အချစ်ကိုချိုတယ်၊ခါးတယ်တွေးနေမှာထက်အချစ်ကိုငြိမ်းငြိမ်းချမ်းချမ်းချစ်တတ်အောင်တွေးစေချင်တယ်။သူလည်းပူလောင် ကိုယ်လည်းစိတ်ပင်ပန်းဆိုရက်တော့ တွဲထားတဲ့လက်တွေကခိုင်မြဲမှာမဟုတ်ပါဘူး။တစ်ဖက်သူအပေါ်ထားတဲ့မေတ္တာဟာ ကိုယ်ပေးသလောက်ကိုယ့်အနားတိုက်ရိုက်အချိုးကျစွာနဲ့တန်ပြန်သက်ရောက်မှာပါပဲ။
ငြိမ်းအေးမှုတွေပေးနိုင်ပြီး ငြိမ်းအေးမှုပြန်ရတဲ့ချစ်ခြင်းမေတ္တာကိုလက်ဝယ်ပိုင်ဆိုင်နိုင်ကြပါစေ။
9.10.23|Monday [8:53pm]
Softysugar