1.

279 37 0
                                    

ချစ်မိတဲ့နေ့မှာပဲ
မချစ်သင့်ခဲ့မှန်းသိခဲ့ရတယ်..။
မင်း နှုတ်ခမ်းတစ်ချက်အရွေ့မှာ..
မင်း ပါးတစ်ချက် အမို့မှာ..
မင်း ကကွက်တစ်ခုရဲ့ အဆုံးမှာ..။

ရှောင်းကျန့်

ချစ်မိတဲ့နေ့မှာပဲ
မချစ်သင့်မှန်း သိခဲ့ရတယ်..။
ခဗျား မျက်ဝန်းတစ်ချက်အပင့်မှာ
ခဗျား နှုတ်ခမ်းလွှာတွေရဲ့အဆုံးမှာ
မှဲ့နက်လေးတစ်စက်က
ကျနော် ဘယ်သောအခါမှ
ထိတွေ့သင့်တဲ့ အရာမဟုတ်ခဲ့ပဲ..။

ရိပေါ်

ဒါပေမဲ့လို့
အဆုံးသတ်ကို ကြိုမြင်နေရက်နဲ့
ငါတို့ သိပ်ချစ်ခဲ့ကြတာပဲမလား ..။

အင်း..

ကျနော်တို့ သိပ်ချစ်ခဲ့ကြတယ်..။

ဘယ်တုန်းကမှ
မနီးစပ်ခြင်းတွေနဲ့..။

...

အဲ့ဒီနေ့ကသာ
ကိုယ့်မိတ်ဆွေတွေ ဆွဲခေါ်တဲ့နောက်
မလိုက်မိခဲ့ရင်..

မင်းနဲ့ ဆုံဖြစ်ပါ့မလား..။

...

အဲ့ဒီနေ့ကသာ
ဖန်ရှင်းရဲ့အစာအိမ် ထ မဖောက်ရင်
ကျနော် အစားထိုး ဝင်ဖို့
ဖြစ်လာမှာ မဟုတ်ဘူး..။
ခဗျားနဲ့ ဆုံမိဖို့ဆို ပိုမဖြစ်နိုင်ဘူး..။

...

"ကျနော် ပထမဆုံးမေးတဲ့စကားက
ဘာတဲ့လဲ.."

"ခဗျား တစ်လဝင်ငွေ
ဘယ်လောက်ရှိလဲ.. တဲ့.."

"ပြီးကျ မင်း ကိုယ့်ကို မင်းတို့ဘားရဲ့
တစ်လမ်းကျော်က ပီဇာဆိုင်ကို ဆွဲခေါ်သွားတာပဲ.."

...

"ဒီဆိုင်က
စျေးအကြီးဆုံးပီဇာတစ်ချပ်ပေးပါ.."

ခေါင်းငုံ့လို့ ရယ်နေတဲ့ ရှောင်းကျန့်ကို
ရိပေါ် အင်မတန် အမြင်ကတ်ခဲ့ပါသည်..။

ပီဇာတွေ တနင့်တပိုး ထိုးသွပ်စားနေတဲ့
ပါးဖောင်းဖောင်းတွေကိုတော့
ရှောင်းကျန့်က သိပ်ချစ်ရပါသည် တဲ့..။

ပါးနှစ်ဖက်စလုံးပေါ်
ဆော့စ်တွေ တက်ပေတဲ့အထိ
စွတ်ရွတ်စားနေတဲ့
အကောင်ပေါက်လေးက
ရှောင်းကျန့်ရဲ့ လက်တစ်ဖက် အလှမ်းမှာ
နောက်ဘက် အမြန်ဆုတ်ပါသည်..။

"မင်းမျက်နှာမှာ ဆော့စ်တွေပေနေတယ်.."

မျက်ဝန်းတွေ စုံမှိတ်လို့
ရှေ့ဘက်ပြန်တိုးလာတဲ့
မျက်နှာဖွေးဖွေးလေးထက်မှာ
အိုင်းလိုင်နာတွေ အပီအပြင်ခြယ်ထားတဲ့
မျက်ခွံမို့လေး နှစ်ဖက်ရှိပါသည်..။

"ယောကျာ်းလေးဖြစ်ပြီး
ဘာလို့ မျက်လုံးတွေ ခြယ်ထားတာလဲ.."

"ဟ.."

အစားပုတ်သော အကောင်ပေါက်လေးသည် ဒေါသအရာမှာလည်း
အဆတူပင် ဖြစ်ပါသည်...။

"ဒါ ကျနော့်အလုပ်ပဲလေ.."

ရှောင်းကျန့်လက်တွေက တစ်ရှူးတစ်စနှင့် အနားရောက်လာပြန်သည်..။

ရုတ်တရက် ဖိပွတ်ခံလိုက်ရသော
မျက်ခွံတွေဆီက နာကျင်မှုကြောင့်
ရိပေါ် တစ်ယောက်
ဝူးဝူးဝါးဝါးနဲ့ ထအော်မိတော့
ရှောင်းကျန့်ရဲ့စကားသံက
ခပ်တိုးတိုး တိုးထွက်လာသည်..။

"နောက်ဆို ဒီလိုတွေ မခြယ်ပါနဲ့..
မင်းမျက်နှာက အဖြူထည်နဲ့
ကြည့်အကောင်းဆုံးပဲ.."

ရုတ်ချည်း ငြိမ်ကျသွားသော
ရိပေါ်ရဲ့ နဖူးထက်
ရှောင်းကျန့်က လက်ညှိုးနဲ့
အသာတောက်ထုတ်လို့ ရယ်ပါသည်..။

"ပီဇာ ဆက်စားလေ..
အေးကုန်မယ်.." တဲ့

ဖန်ရှင်းကတော့
ရိပေါ်ရဲ့ ဒေါသထွက်လွယ်သောစိတ်ကို
မကြာခဏ ထပေါက်ကွဲတတ်သော
မီးတောင်နှင့် တူပါသည် တဲ့..။

သို့ရာတွင် ရှောင်းကျန့်ရှေ့ရောက်လျှင်
ရိပေါ်ဆိုသည့် ရိပေါ်သည်
အမြဲအေးချမ်းနေတတ်သော
မီးငြိမ်းတောင်သာ ဖြစ်လေသည်..။

လှေကားထိပ်က ပေါင်မုန့်ဆိုင်Where stories live. Discover now