"ဖန်ရှင်း...ငါတို့ဘားမှာ ဒီည
အသိုင်းအဝိုင်းကြီးထဲက
မိသားစုပွဲတစ်ခု လာလုပ်လိမ့်မယ်..
ဆိုင်က ဝန်ထမ်းတွေကို
အမှားအယွင်း မရှိအောင်
ဂရုစိုက်ဖို့ မင်း သေချာပြောထားဦး.."ဘားပိုင်ရှင်ရဲ့ကား ဆိုင်ရှေ့မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက်
ဖန်ရှင်း ဆိုင်ထဲ ခပ်သွက်သွက်ပြန်ဝင်ပြီး
ရိပေါ်ကို ရှာပုံတော် ဖွင့်ရပြန်သည်..။နောက်တော့ စားပွဲထိုးလေးတစ်ယောက်က သတင်းပေးလာသည်..။
"မနက် အစောပိုင်းတုန်းက
ကျနော် ဆိုင်ရောက်တော့
ဆိုင်ရှေ့မှာ
နှင်းဆီနက် တစ်ပွင့်တွေ့တယ်..""နှင်းဆီနက်..."
"အင်း..နောက်တော့ အကို ရိပေါ်ရယ်
ဘာတစ်ခွန်းမှမပြောမဆိုနဲ့ အဲ့ဒီပန်းယူပြီး
အပြင်ထွက်သွားပါရော..."ဖန်ရှင်းက သိပြီဆိုတဲ့သဘောနဲ့
ခေါင်းညိတ်ပြလိုက်သည်..။နှင်းဆီနက်...
ဒါကို ရိပေါ်ရော သူပါ မေ့ထားခဲ့တာ
အတော်ကြာပြီ ဖြစ်သည်..။သူတို့ငယ်စဉ်က ကြီးပြင်းခဲ့သည့်
မိဘမဲ့ဂေဟာမှာ
တကယ်တမ်းကျ ဟန်ပြသာဖြစ်သည်..။နောက်ကွယ်မှာတော့
ခိုကိုးရာမရှိသော သူတို့လိုကလေးများကို
လိုသလို ပုံသွင်း ခိုင်းစေသော
ဒုစရိုက် အဖွဲ့အစည်းတစ်ခုသာ ဖြစ်၏ ..။နှုတ်ရေးကြွယ်သော ဖန်ရှင်းသည်
လက်မရွံ့သူတော့ မဟုတ်ခဲ့ပါ..။
ထို့ကြောင့်လည်း
သူ ပထမဆုံး နှင်းဆီနက်ရတုန်းက
အတော်လေး တုန်လှုပ်ခဲ့မိသည်..။သူ၏ တွေဝေမှုကြောင့်
ကိစ္စအားလုံး ကမောက်ကမ ဖြစ်ခဲ့ရာမှ
ရိပေါ် ကူညီသောကြောင့်သာ
သူ အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်၏ ..။သူတို့ နှစ်ဦး ဂေဟာမှ ထွက်လာခဲ့သည်မှာ
နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်..။သို့ရာတွင် အဖွဲ့အစည်းလက်အောက်ကပါ
လွတ်မြောက်သွားသည်ဟု မဆိုလို..။နှင်းဆီနက်ဆိုသည်ကား
သူတို့ဘဝမှာ ဘယ်တော့မှ
ရုန်းမထွက်နိုင်သော
အရိပ်မည်းတစ်ခုသာဖြစ်သည်..။လွတ်မြောက်ဖို့ရာ မရှိသလို
ပြန်လမ်းလည်း မဲ့လေသည်..။...
ရိပေါ် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော
သက်ပြင်းကိုချရင်း ပုံထဲမှ လူကို
တစိုက်မတ်မတ် ကြည့်နေမိသည်..။ပြုံးရိပ်သန်းနေသော
မျက်ဝန်းကွေးလေးတွေက
အဆင်ပြေသွားမှာပါ ..လို့
နှစ်သိမ့်ပေးနေသယောင်
ထင်မှတ်ရသည်..။"ရိပေါ်..မြန်မြန်ဆင်းလာခဲ့တော့..
ဒီည ပွဲက အရေးကြီးတဲ့သူတွေ
လာမှာတဲ့.."ထိုင်နေရာမှ ထရပ်လိုက်သော
ရိပေါ်ကို ကျော်၍ စားပွဲပေါ်က ပုံကို
မသိမသာကြည့်နေရင်းက
ဖန်ရှင်း နောက်တစ်ခွန်း ဆက်ပြောသည်..။"ငါတို့ အမှားအယွင်းမဖြစ်ဖို့ လိုတယ်.."
...
စားပွဲအပြင်အဆင် နေရာကျ မကျ
စီစစ်နေခဲ့သော ရိပေါ်သည်
မလှမ်းမကမ်းဆီမှ
စကားနှင့်အလုပ် စဉ်ဆက်မပြတ်သော
စားပွဲထိုးလေးနှစ်ယောက်ပြောနေသံကို
နားမစွင့်မိပါပဲ
အတိုင်းသားကြားနေရလေသည်..။"ဒီညလုပ်မယ့်ပွဲက မနေ့က မြို့ထဲမယ်
ငါကြားခဲ့တဲ့
မင်္ဂလာသတင်းကြောင့် ဖြစ်နိုင်တယ်..""ရှောင်းမိသားစုရဲ့ တစ်ဦးတည်း
အမွေဆက်ခံသူက မိဘချင်း သဘောတူထားတဲ့သူနဲ့ မကြာခင် ထိမ်းမြားတော့မှာတဲ့..""မိဘ သဘောတူတာထက်
ကိုယ်ချစ်တဲ့သူ
ဖြစ်ဖို့လည်းလိုသေးတာပဲ..
မဟုတ်ဘူးလား..""ချစ်ရင်လည်း ချစ်နေမှာပေါ့..
ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ..""အင်း...သူတို့လို
ရာထူးဂုဏ်ရှိတဲ့သူများကျ
အမြဲတမ်း ပန်းခင်းလမ်းပဲ ဆိုပေမဲ့
ဖန်အိုးထဲက ရွှေငါးလေးတွေကျနေရော
မလွတ်မလပ် ရှိလိုက်တာ.."ရိပေါ် ရုတ်တရက် ယောင်ယမ်းပြီး
မျက်နှာချင်းဆိုင်မှာ စီရီထားသော
ဝိုင်ခွက်တွေကနေ
သူ့ပုံရိပ် သူ ရှာဖွေမိသည်..။သူမမြင်နိုင်တဲ့ သူ့ပုံရိပ်က တစ်ဆင့်
အများအမြင်မှာ
နာကျင်မှု တစွန်းတစ ထင်းလင်းနေမှာကို
သူ အလွန်ပဲ ကြောက်ပါသည်..။ထိုည ရှောင်းကျန့်
ဘားရောက်လာသည့်အခါ
ရိပေါ် ကို အရိပ်အယောင်ပင် မမြင်ရ..။
ရိပေါ်နှင့် အရင်းအနှီးဆုံး ဆိုသည့်
ဖန်ရှင်း ဆိုသူကမူ သူ တစ်ခုခု
မေးမည့်ဟန်ပြင်တိုင်း
မသိမသာ ရှောင်ထွက်လို့သွားသည်..။နောက်တော့
အပေါ်ယံသကာဖုံးသော
ဂုဏ်ပြုသံတွေကြား
ရှောင်းကျန့် တစ်ယောက်
အလိုက်သင့် နစ်မြုပ်သွားရပါတော့သည်..။
YOU ARE READING
လှေကားထိပ်က ပေါင်မုန့်ဆိုင်
Short Storyကျေးဇူးပြုပြီး ငါ့မျက်ဝန်းတွေထဲက မင်းကို နှုတ်ဆက်လိုက်ပါဦး.. ပြန်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်လို့လေ..။