"စိတ်ဓာတ်မြစ်ပွားနာ"

5 0 0
                                    

အဖြစ်အပျက်က ၂၀၀၆ ခုနှစ်ဝန်ကျင်လောက်ဖြစ်မယ်ထင်တယ် ကျနော်ဟာဌာနဆိုင်ရာ ဝန်ထမ်းတစ်ယောက်ပါ။ အစိုးရဝန်ထမ်းလုပ်မည့်သူတိုင်း အင်မတန်မျက်စိကျသောဌာနတစ်ခုပေါ့။ ဒီအဖြစ်အပျက်လေးဖြစ်ပြီး မကြာခင် မှာ ပဲကျနော်အလုပ်ထွက်ခဲ့ပါတယ် ဒီလိုအလုပ်မျိုးတွေထပ်လုပ်ရမှာစိုးတာလည်းပါ တာပေါ့လေ။ အဖြစ်အပျက်လေးကတော့ဒီလိုပါ

'ဒီမှာမောင်လေးအတွက်' ဟုဆိုကာကျတော့်အင်္ကျီအိပ်ကပ်ထဲသို့ ငွေ စက္ကူတစ်ထပ်ထိုးထည့်ပေးလိုက်သည်။ ဘာအတွက်ဆိုတာကို ကျတော်မေးရန် မလို။ ငွေတွေကို ကျတော်ထုတ်ပြီးရေကြည့်ချင်နေ ပေမယ့်သူတို့ရှေ့မှာဖြစ်နေ သည့်အတွက်ဟန်ကိုယ့်ဖို့လုပ်နေရ ခြင်းကြောင့်ကျတော် ထုတ်မရေဖြစ်ပေ။

'ကျေးဇူးတင်ပါတယ်မောင်လေးရယ် အစ်မတို့ဆရာက တနင်္လာနေ့ဆို ရင်နိုင်ငံခြားသွားရမှာ၊ ဒီစာရွက်မပါရင်ထွက် လို့ရမှာ မဟုတ်ဘူး၊ မောင်လေးလည်း သိမှာပေါ့'

'အော်ဟုတ်ကဲ့သိပါတယ်၊ ဒါပေမယ့် ဒီအချိန်ကြီး ကျတော် စောင့်ယူပေး လိုက်ရတာ နောက်ရက်ရုံးတက်ရင် ကျတော့် အရာရှိက ဘာပြောဦးမလဲမသိဘူး'

'ဟုတ်ပါတယ်မောင်လေးရယ် အစ်မတို့လည်းအရေး ကြီးနေလို့ ဒီအချိန် ထိ စောင့်နေရတာပေါ့' ဟုတ်လည်းဟုတ်သည်သူတို့အတွက်ဒီစာရွက်ဟာဘယ် လောက်အရေးကြီးလဲဆိုတာ သိသာနေသည်။ ကျတော်တို့ရုံးဆင်း ချိန်က ညနေ ၄နာရီ။ အခု ၇နာရီခွဲကျော်သွားပြီ။ စာရွက်မရခင်တုန်း ကလည်း ကျတော့်ကို လိုလေသေးမရှိကျွေးမွေး ဧည့်ခံသည်။ ထိုနေ့ည ညစာအတွက်အလွန်ပြည့်စုံ သွားသည် အခုလည်းအိမ်ပြန်ကိုသူတို့ ကားနှင့်အိမ်အထိ လိုက်ပို့သည်။ယခုငွေကို ကျတော့်အိမ်ရောက်ခါနီး တော့မှ အိပ်ကပ်ထဲသို့ အတင်းထိုး ထည့်ပေးလိုက်ခြင်း ဖြစ်သည်။အိမ်ရောက်၍ငွေထုတ်ရေကြည့်လိုက်သောအခါတစ်သိန်းဖြစ်သည်။တစ်သိန်း ဆိုသည်မှာ ယခုလုပ်ပေးလိုက်ရသောအလုပ်နှင့် နှိုင်းစာလျှင်အလွန်များနေ သည်။ ကျတော်လုပ်ပေးရတာကဌာနမှုး လက်မှတ် ထိုးပြီး၍ထွက်လာသော အမှုတွဲဖိုင်ထဲမှ၎င်းလိုအပ်သောစာရွက်ကလေးတစ်ရွက်ကိုလက်ခံရေးပြီးထုတ်ပေး လိုက်ရုံသာဖြစ်သည်။ ဒါပေမယ့်ကျတော်သည်ထိုအလုပ်ကို အရင်ကလုပ်ပေးခဲ့ ဖူးခြင်းမရှိပါ။ ကျတော်ဌာနသို့အလုပ်ဝင်သည် မှာမကြာသေး သုံးလလောက်သာ ရှိဦးမည်။ယခုအလုပ် သည်လည်းကျတော်နှင့် သက်ဆိုင်သော ကုမ္ပဏီမှမဟုတ် ကျတော့် သူငယ်ချင်း ၏အလုပ်သာဖြစ်သည်။ သူရုံးဆင်းသွား သဖြင့် ကျတော့်က သူ့အစားလိုက်လုပ်ပေးနေရခြင်းဖြစ်သည်။ အမှန်တကယ်ရသင့်သူက ကျတော့် သူငယ်ချင်းသာ ဖြစ်သည်။

ငါဒီလိုယူထားလို့ ကောင်းပါ့မလားဆိုသော အတွေးကခေါင်းထဲကိုတစ် ချက်၊တစ်ချက်ဝင်လာသည်။တစ်ဝက်ခွဲပေး လိုက်လျှင်ကောင်းမလား အသိမပေး ဘဲထားလိုက်လျှင် ပဲကောင်း မလား ဟု ခေါင်းထဲမှာရှုပ်ထွေးနေသည်။ဒါပေမယ့် ကျတော်ဒီ တစ်သိန်း ဆိုသောငွေကိုလက်လွတ်မခံချင်။ဘာမှ မလုပ်ရပဲ လွယ်လွယ် ကူကူနှင့် ရထားသောငွေဖြစ်နေတာတောင်  ကျတော် လွယ်လွယ် ကူကူ ပြန်လည် မမျှဝေချင်။ ကျတော်ရသင့်လို့ ရသည်ဟုကျတော်ခံယူ လိုက်သည်။ နောက်ရက် ရုံးတက်တော့-

'ကိုကိုဒီမှာမနေ့ကမင်းပြန်သွားမှ ရောက်လာတဲ့ ကုမ္ပဏီက အရေးကြီးနေတယ် ဆိုလို့ငါလိုက်လုပ်ပေးလိုက်ရတယ်'

'ဟာဟုတ်လားသူငယ်ချင်း ကျေးဇူးတင်ပါတယ်ကွာ၊ ငါလည်းမနေ့ကအရေးကြီး ကိစ္စလေးရှိနေလို့ အိမ်စောစော ပြန်သွား လိုက်တာကွာ၊ကျေးဇူးပဲသူငယ်ချင်း'

'ရပါတယ်ကွာ၊'ကျတော်ရပါတယ်ကွာပြောပြီးဆက်မပြောဖြစ်၊အသာမှိန်းနေလိုက် သည်။ သူကလည်းဘာမှဆက်မပြော။ ကျတော့်ဘက်ကမလုံမလဲ ဖြစ်နေသော ကြောင့်။

'ကိုကိုလာကွာ လက်ဖက်ရည်သွားသောက်ရအောင်'

'အေးသွားလေ ဟိုကောင်အောင်ဇော်ကိုရောခေါ်ဦး မလား'

'အေးခေါ်လေကွာ၊ငါတိုက်ပါမယ်ကွာ'

'မဟုတ်တာငါတိုက်ပါမယ် မင်းငါ့အလုပ်ကိုကူလုပ် ပေးထားတာပဲ'ကျတော်အိုးတိုး အမ်းတမ်းဖြစ်သွားသည်။ သူတမင်ရွဲ့တာလားမသိ၊ ဒါပေမယ့်သူ့ရဲ့မျက်နှာ ပကတိ အတိုင်းဖြစ်သည်။

'ဒီတစ်ခေါက်ငါတိုက်ပါရစေကွာနောက်တစ်ခေါက်တော့မင်းတိုက်ပေါ့'ဟုကျတော် တောင်းဆိုလိုက်သည်။ ဒီလိုနဲ့ကျတော်တို့ လက်ဖက်ရည်ဆိုင်သို့ရောက်သွားကြ သည်။

- - - -

"စိတ်ဓာတ်မြစ်ပွားနာ"Where stories live. Discover now