Chapter - 1.1 -Start Override

123 10 0
                                    


Unicode




အနီရောင် လေဆာအလင်းတန်းတစ်ခု သူ့ဘေးနားရှိလူ၏နဖူးဆီသို့ရွေ့သွားသည်။ လဲကျသံနှင့်အတူ စေးကပ်နေတဲ့ သွေးရည်ကြည်အချို့က သူ့လက်ကောက်ဝတ်ပေါ်သို့ လွင့်စင်ကျလာတယ်။

ဒါက သူနိုးလာချိန် သူ့ရှေ့မှာ မြင်လိုက်ရတဲ့ ပထမဆုံး မြင်ကွင်းဖြစ်ပြီး အိပ်မက်ဆိုးတစ်ခုလို ဆိုးရွားလွန်းပါတယ်။

စိတ်လွတ်ကိုယ်လွတ်ဖြင့် ထိုင်ခုံပေါ်ထိုင်နေပြီး ဦးခေါင်းကို အပစ်ခံရလို့ မြေပြင်ပေါ်လဲကျသွားသော လူကို စိုက်ကြည့်နေလိုက်တယ်။ ထိုလူရဲ့ မျက်လုံးတွေက သူ့မျက်လုံးတွေနှင့်တူညီနေပြီး ကျယ်လောင်စွာဖွင့်ထားကြလေရဲ့။

" ဒါဟာ ယစ်ပလ္လင်ကို အတင်းအကြပ် စွန့်ခွာဖို့ကြိုးစားခြင်းရဲ့ ရလဒ်ပဲ"

တမူထူးခြားတဲ့အချက်ပြသံနှင့်တူသော အသံတစ်ခုက သူ့ဦးနှောက်ထဲတွင် မြည်ဟီးလာတယ်။ ဘုရားကျောင်းမှာသီဆိုလေ့ရှိကြတဲ့ သီချင်းဆိုသံကဲ့သို့ သန့်ရှင်းသပ်ရပ်တဲ့အသံမျိုးကို သူကြားလိုက်ရတာ။

သူ့ရဲ့တုံ့ပြန်မှုတွေဟာ ပုံမှန်ဖြစ်မနေပဲ နှေးကွေးနေတာကို သတိပြုမိလိုက်ပြီး သူ့အကြည့်တွေကို လက်ကောက်ဝတ်ဆီ ကူးပြောင်းဖို့တောင် အားထုတ်မှုတွေ အများကြီးလိုအပ်ခဲ့ပါတယ်။

တောက်ပြောင်ချောမွတ်နေတဲ့ ငွေရောင်အရိုးတွေက ကွဲအက်သွားတာပဲ...

ငါ့လက်တွေ တုန်ရီနေပြီး ထိန်းချုပ်လို့မရတော့ဘူး။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ရှပ်အင်္ကျီသည် သွေးအများကြီး စွန်းထင်းနေတာကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အမည်မသိလူတစ်ချို့ရှိတယ်။ သူတို့လည်း သူတို့ရှေ့မှာသေဆုံးသွားတဲ့ လူတွေကို မျက်နှာမူပြီး တစ်ယောက်နဲ့တစ်ယောက်က အမူအရာအပြုအမူတွေ မတူညီကြပါဘူး။

တချို့လူတွေက သူတို့ရဲ့မျက်နှာပေါ်မှာ ကြောက်ရွံထိတ်လန့်မှုတွေက သိသာထင်ရှားနေပြီး တခြားသူတွေကျ ထုံပေနေကြတယ်။

Survivorship Bias {Myanmar Translation}Where stories live. Discover now