အဆင့်နိမ့်ဇွန်ဘီတွေမှာ သလင်းကျောက်ဆိုတာမျိုး မရှိဘူး။ ဒါပေမဲ့ အနက်ရောင်မိုးက အဲ့ကန့်သတ်ချက်တွေကို ချိုးဖောက်ပစ်လိုက်သည်။ လက်သည်းခွံအရွယ်ရှိသည့် သလင်းကျောက် ပုလင်းအပြည့်ကို ကြည့်လိုက်ရင်း misaki သည် တစ်စုံတစ်ခုကို သတိရသွားပြန်သည်။ သို့သော်လည်း ဘာမှန်း စဉ်းစား၍မမှတ်မိ။ အရောင်တောက်ပနေပြီး ခြူလိုအသံလေးတွေထွက်သည့် သလင်းကျောက်တွေဟုသာ မှတ်မိတော့သည်။
သုံးယောက်သား ကြောင်တောင်တောင်နှင့် မိုးတိတ်မည်ကို ရပ်စောင့်နေမိကြသည်။ ပြီးမှ ထိုအနက်ရောင်မိုးက တိတ်မည့်ပုံမပေါ်ကြောင်း ပြန်အမှတ်ရသွား၏။ သူတို့ ထပ်ခရီးဆက်ဖို့ စဉ်းစားနေချိန်တွင် William ကတော့ မြို့အတွင်း ဝင်ရောက်လာသည့် သံသယဖြစ်စရာ လူတစ်စုကို စောင့်ကြည့်နေ၏။ သံသယဖြစ်ဖွယ်ဟု ပြောရခြင်းမှာ ထိုကားပေါ်၌ Zuni ပါလာသောကြောင့်ပင်။
ကယ်တင်ရှင်အမျိုးသမီးက အနက်ရောင်ကိုယ်ကျပ်အင်္ကျီနှင့် ပျောက်ကျားဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ အပြောင်သိမ်းထားသော ဆံပင်တို့ကို သေသပ်စွာ ထုံးဖွဲ့ထား၏။ ကြည့်ရုံနှင့်ပင် Zuni က သူမ၏ ရုပ်ရည်သွင်ပြင်ကို မည်မျှဂရုစိုက်ကြောင်း သိသာနေသည်။ သူမ၏အဖွဲ့သားများထဲတွင် ပိန်ပိန်လှီလှီ ကလေးမတစ်ယောက်လည်းပါသေးသည်။ သူမ၏ နှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်ကာ ခြောက်သွေ့နေစဉ်တွင် Zuni ကတော့ အနီရောင်နှုတ်ခမ်းနီဖြင့် နှင်းဆီနီတစ်ပွင့်နှယ် ငွားငွားစွင့်စွင့်လှပနေသည်။
ထိုသနားစရာကောင်းသော မိန်းကလေးမှာ misaki လိုမျိုး ပစ်မှတ်ကို မျှားခေါ်ရသည့် တာဝန်ကို ထမ်းဆောင်နေရခြင်း ဖြစ်လိမ့်မည်။ သူမ ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့ဗွက်များအပြင် ပေါက်ပြဲနေသော အင်္ကျီတို့ကလည်း ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရကြောင်း ဖော်ပြနေ၏။ သို့သော် William သည် သူဘာလို့ ထိုကလေးမလေးကို လိုက်ကြည့်နေမိလဲမသိ။ ဖြစ်နိုင်တာက misaki နှင့် ဆင်တူနေသော အပြာရောင်မျက်ဝန်းတွေကြောင့်နေမည်။ ထို့အပြင် သူ့လိုမျိုး မျက်လုံးထောင့်၌ မှည့်နက်လေးတစ်လုံးလည်း ရှိသေးသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.