Season 2 အပိုင်း (၁)

1K 81 8
                                    

Season2 အပိုင်း၁

၄နှစ်ကြာပြီနောက်...

လူတစ်ယောက်ကိုမေ့ပစ်ဖို့အတွက်အချိန်ဘယ်လောက်ကြာကြာလိုအပ်လဲ။အချိန်ဆိုတာဆေးပဲဆိုတဲ့စကားတွေက ဟာအိုအတွက်တော့ မမှန်နိုင်တဲ့စကားတွေပါ။သူဟန်ဘင်းဆီကထွက်ပြေးလာခဲ့တဲ့အချိန်က စပြီး တစ်မိနစ် တစ်စက္ကန့်လေးတောင် ဟန်ဘင်းကိုမေ့သွားခဲ့ဖူးတာမျိုးမရှိခဲ့ပါဘူး.....

ဘဝကိုResetချသလိုအသစ်ကပြန်စခဲ့ရပေမယ့် တစ်ချို့အမှတ်တရတွေကတော့ Resetထဲမှာပါမသွားခဲ့ပြန်ဘူး။မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်းမှာသူတို့နှစ်ယောက်စတွေခဲ့တဲ့နေ့ကစပြီး ဟန်ဘင်းရင်ခွင်ထဲမှာနောက်ဆုံးထွေးပွေ့ခံခဲ့ရတဲ့အချိန်အထိ ရုပ်ရှင်ပြကွက်တစ်ခုလို တစ်ခန်းပြီးတစ်ခန်း ပေါ်လာဆဲပါ....

အဲ့ဒီညက အိပ်ပျော်နေတဲ့ဟန်ဘင်းကိုကြည့်ပြီး တစ်ညလုံးသူငိုနေခဲ့မိတာပါ။ သူမတည်နိုင်ခဲ့တဲ့ကတိတစ်ခုအတွက်ဟန်ဘင်းကိုတစ်ဖွဖွတောင်းပန်နေခဲ့မိပါသေးတယ်။ ဟန်ဘင်းကိုနှိုးပြီးဖွင့်ပြောလိုက်ချင်တဲ့စိတ်ကိုလည်အကြိမ် ကြိမ်ချိုးနှိမ်ထားရပြီး ဆုတ်ကိုင်ထားမိတဲ့ဟန်ဘင်းလက်ကလေးကိုလွှတ်လိုက်ရင်နောက်ဘယ်တော့မှပြန်ဆုတ်ကိုင်ခွင့်မရှိတော့တာမို့ ကြောက်စိတ်တွေလည်းဝင်လာမိပြန်တယ်....

ဟန်ဘင်းအနားထွက်သွားဖို့တစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့ပေမယ့်လည်း တကယ်ထွက်သွားရမယ်ဆိုတော့ သူအသက်ရှုနေရတာတောင်ပင်ပန်းလွန်းခဲ့လို့ သေလိုက်ရတာကကောင်းမလားဆိုတဲ့အတွေးတွေဝင်လာတဲ့အထိပါပဲ။အသက်ရှင်နေရတာရည်ရွယ်ချက်ပျောက်ဆုံးသွားခဲ့ပြီးတာဝန်တစ်ခုဖြစ်လာခဲ့တယ်။ပျော်ရွှင်မှုဆိုတာ လိုက်ရှာလို့တောင်တွေ့ဖို့မလွယ်​ေတာ့ပါဘူး။သူဟန်ဘင်းနဲ့ဝေးပြီးနေနိုင်ဖို့ယုံကြည်ချက်လည်းမရှိပါပဲနဲ့....

ဟန်ဘင်းသူထွက်သွားတာသိသွားတဲ့နောက် သူ့ကိုသေချာပေါက်လိုက်ရှာနေခဲ့မှာပါ။ဟန်ဘင်းဘယ်လောက်ရှာရှာသူ့ကိုမတွေ့နိုင်လောက်ပါဘူး။သူကိုရီးယားမှာကျောင်းတက်တုန်းကပေးထားတဲ့အိမ်လိပ်စာကလည်း သူတို့ပြောင်းခဲ့ရပြီဆိုတော့သူ့အ​ကြောင်းအစအနတောင်မသိလောက်ပါဘူး....

Unchangeable Love (Season 2)Where stories live. Discover now