ဒီနေ့နဲ့ဆို သူ အခန်းထဲ မှာပဲ နေနေမိတာ ၃ရက်မြောက်။နေ့တွေညတွေလည်းမှား၍ နေထွက်ချိန် နေဝင်ချိန်တွေတောင်မသိပဲ အမှောင်ခန်းထဲ ပြန့်ကျဲနေသော ဘီယာဘူးခွံများနှင့်အတူ ကြမ်းပြင်ပေါ်တွင် ထိုးအိပ်နေခြင်း။တားမရသော မျက်ရည်များမှာလည်း တသွင်သွင်စီး ကျနေကာ ကြေမွနေသော မင်္ဂလာဆောင်ဖိတ်စာအား လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်။
"ကင်ဆိုယွန်းနှင့် ယူဂန်ထယ် တို့၏ ထိန်းမြားမင်္ဂလာပွဲအခမ်းအနား ဖိတ်ကြားလွှာ" အီဂျီဟွန်းသံသို့ ဟူ၍ ဖိတ်စာ စာအိတ်ထက်ပေါ်က လက်ရေးဝိုင်းဝိုင်းလေးများ။သူမသွားခဲ့ပါ။သူ့ဆီတွင် သွားနိုင်သော သတ္တိ မင်္ဂလာပွဲကို ဂုဏ်ပြုပေးနိုင်သည့် ခွန်အားပါမရှိခဲ့။အခန်းလေးထဲ ငိုနေ၍သာသူတတ်နိုင်သည်။ဘယ်အရာတွေက ဘယ်လို စမှားသွားသည်ကိုလည်း သူမပြောပတတ်ခဲ့။ဘေးနားတွင်တဂျီဂျီမြည်နေသော ဖုန်းကို သူ ကောက်ပိတ်လိုက်သည်။သူအေးအေးဆေးဆေးနေချင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"ကျေးဇူးပြုပြီး ဖုန်းကိုင်ပါကွာ" ဟိုရှီ ငြီးတွားမိ၏။
သူ၏ တစ်ဦးတည်းသော သူငယ်ချင်း သို့မဟုတ် တဖက်သတ်ချစ်ရသူ၏ ဆိတ်ငြိမ်ခြင်းက သူ့အတွက်တော့ကျယ်လောင်သည့် ငရဲလား။သူစိတ်ပူသည်။ကိစ္စတွေမှာ မြန်ဆန်လွန်းလှသဖြင့် သူတောင် သေချာမသိလိုက်။သူခရီးလွန်နေ၍လည်းဖြစ်မည်။သူထိုသတင်းကြားကြားခြင်း ထိုင်းမှ ကိုရီးယားသို့ ပြေးလာခဲ့သော်လည်း သူဂျီဟွန်းဘေးနားတွင် ချက်ချင်း မရှိပေးနိုင်ခဲ့ပါ။သူအသုံးမကျလိုက်လေခြင်း။ဂျီဟွန်း၏ အိမ်အောက်တွင် ခရီးဆောင်အိတ်ဘေးချကာ သူစိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ထိုင်မိသည်။ထိုအချိန်ဖုန်းထဲသို့ ဝင်လာသောစာတစ်စောင်။Shua Hyg : ဟိုရှီမင်း ကိုရီးယားကို ပြန်ရောက်ပြီလား။အဆင်ပြေရဲ့လား။
သူShua hyg ကို ဖုန်းဆက်ဖို့မေ့နေခဲ့သည်။ဘန်ကောက်တွင် စိတ်ပြေလက်ပျောက် Shua hyg တို့နှင့် လည်နေရာမှ ဂျီဟွန်း၏ချစ်သူ တခြားတစ်ယောက်ဖြင့် မင်္ဂလာဆောင်သွားသည်ဟု သတင်းကြားကြားချင်း သူ ရရာ လေယာဉ်ဖြင့် ဆိုးလ်ကို ပြေးလာခဲ့သဖြင့် Hyg တို့ကို နှုတ်ဆက်လိုက်ချိန်တောင်မရခဲ့။သူHygအားဖုန်းခေါ်လိုက်၏။