ဆေးရုံမှာ မိုးချုပ်ခါနီးမှပြန်ဆင်းလာရသော်လည်း ငြိမ်းချမ်းကိုကိုသည် သူ့အိမ်သူမပြန်သေးပဲ ခန့်ထူးမောင်အိမ်မှာ သောင်တင်နေသည်။
"မင်းပြန်ချင် ပြန်လို့ရတယ်နော် ငါ့ကိုစိတ်ပူမနေနဲ့"
ဘယ်သူက စိတ်မပူပဲ နေနိုင်မှာတဲ့လဲ...။ နဂိုကတည်းက အသားအရည်က အညိုရောင်လေးပါဆို အခုနေမကောင်းတော့ မျက်ကွင်းတွေပါညိုနေသေးတာ ...။ မျက်တောင်ရှည်ရှည်တွေက အနည်းငယ်စင်းနေပြီး မျက်ဝန်းတွေက အားမရှိသလိုပုံစံဖြစ်နေတဲ့ မင်းကို ဘယ်လိုလုပ်ပြီး စိတ်ချနိုင်မှာတဲ့လဲ ။ ခန့်ထူးမောင်သည် ဘေးလူတွေကိုလည်း ဂရုမစိုက်တတ်သလို သူ့ကိုယ်သူလည်း ဂရုမစိုက်ပေ ။
"ဟယ် သားငြိမ်းချမ်းအခုထိမပြန်ရသေးဘူးလား အန်တီကပြန်သွားပြီတောင် ထင်နေတာ အားနာလိုက်တာကွယ် "
ခန့်ထူးအမေက အခန်းထဲကို ဆန်ပြုတ်ပန်းကန်ကိုင်ပြီးဝင်လာရင်း ငြိမ်းချမ်းကိုတွေ့တော့ အားနာနေသည်။
"ရပါတယ် အန်တီရဲ့ အားနာရမယ့် လူတွေမှမဟုတ်တာ "
"မိုးကလည်းချုပ်နေပြီ ဒီမှာပဲအိပ်သွားမလား အန်တီသားရဲ့အိမ်ကို ဖုန်းဆက်ပေးမယ်လေ "
"အမေကလည်း သူမနက်ကျကျောင်းသွားရဦးမှာကို "
ခန့်ထူးမောင်က ကျွန်တော့်ကိုကြည့်ပြီး သူ့အမေကိုပြောသည်။ သူ့အမေက အဆင်ပြေရင် အိမ်မှာပဲအိပ်ဖို့ပြောသွားပြီး သူငယ်ချင်းနှစ်ယောက်လွတ်လွတ်လပ်လပ်ရှိအောင်ဆိုပြီး အခန်းထဲကပြန်ထွက်သွားသည်။
"ငါမနက်ဖြန်ကျ ကျောင်းမသွားပါဘူး မင်းတစ်ယောက်လုံးနေမကောင်းဖြစ်နေတာကို ငါကျောင်းသွားလို့ ဘယ်စိတ်ဖြောင့်ပါ့မလဲ"
မျက်စိရှေ့မှာ မြင်နေရတာတောင် စိတ်မချနိုင်ဖြစ်ရလောက်သည်အထိ ခန့်ထူးကိုစိတ်ပူမိသည်။ နေမကောင်းဖြစ်နေတာတောင် စာတွေထကျက်နေမှာလည်းစိုးသည်။ အစာစားချိန်မမှန်မှာလည်း စိုးရိမ်သည်။
"ထက်အောင်နေမကောင်းရင်ကော အဲ့လိုပဲ ကျောင်းပျက်ခံပြီးမင်းက စောင့်ရှောက်ပေးတာလား "
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*