အပိုင်း ၁

13 1 0
                                    

   "ခေါင်းလောင်းလေးတွေ မြည်နေပြီ
အခုတော့ သိပြီ ခင့်ကို ကိုယ် ချစ်သည်"

အပ်ကျသံတောင် မကြားရပါပဲ တိတ်ဆိတ်လွန်းလှတဲ့ ဆေးရုံရဲ့ အခန်းငယ်လေးထဲ "မြတ်"တစ်ယောက် မှန်ပြတင်းပေါက်လေးကတစ်ဆင့် အပြင်ဘက်မှာ တဖွဲဖွဲကျနေတဲ့ မိုးပေါက်လေးတွေကို ကြည့်ရင်း တစ်ကိုယ်ရည်ကြားရုံမျှသာ သီဆိုနေလေရဲ့ ......

    "မြတ်" ဟုတ်ပါတယ် ထို မိန်းကလေးရဲ့ အမည်က
"မြတ်တိမ်လွှာတေး"

     ၁၉နှစ်သာရှိသေးတဲ့ဒီမိန်းကလေးသည်
အရင်က အခုလိုမျိုး မချူချာ တက်တက်ကြွကြွ သွက်သွက်လက်လက်ရှိတဲ့ မိန်းကလေး
အများ အမြင်က ကြည့်ရင်တော့ သိပ်ကိုမာကြောတဲ့ မိန်းကလေးတစ်ယောက်ပေါ့

  ဆေးရုံမတက်ရခင် ၁နှစ်အလို

"မြတ် တိမ် လွှာ တေး "ဆိုပြီး တစ်လုံးချင်း ပီပီသသခေါ်သံနဲ့ အတူ
မြတ် ရဲ့ မိခင် ဒေါ်သက်ထားငယ်သည်
သမီး ဖြစ်သူရဲ့ အခန်းထဲသို့ တံခါးမခေါက် ဘာမခေါက် ဝင်လာလေရဲ့

"မြတ်တိမ်လွှာတေး အခုထိ မထသေးဘူးလား အလုပ်ကဖြင့် မနေ့ကမှအင်တာဗျူးအောင်တာ ပထမဆုံးရက်မှာ နောက်ကျတယ်ဆိုတော့ ညည်းလွန်တာပေါ့အေ ငါ့ကို မျက်နှာပျက်ရအောင် လုပ်နေသလား"

အဲ့ချိန်ကျမှ အသည်းအသန်ထကာ
"ဟင် မေမေ ဘယ်နှနာရီတွေထိုးကုန်ပြီလဲ မေမေဘာလို့ စောစီးလာမနှိုးတာလဲ" ငိုမဲ့ငိုမဲ့ မျက်နှာလေးဖြင့် အမေဖြစ်သူအား ချွဲပစ်ပစ်လေး ပြောနေလေရဲ့

အမေဖြစ်သူ ပြောလဲ ပြောချင်စရာ
မြတ် တစ်ယောက် ကျောင်းလည်းဆက်မတက်ဖြစ် ရေရေရာရာတက်ကျွမ်းတဲ့အရာလည်းမရှိ certificate ဆိုလို့ computer basic ပြီးမြောက်ကြောင်း certificate တစ်ခုသာ ရှိသည်။
ယခုတောင် ဒေါ်သက်ထားငယ်ရဲ့မိတ်ဆွေ တစ်ယောက်က preschoolဖွင့်ထားတာဖြင့် သိပ်မကြာသေးဘဲ ဒေါ်သက်ထားငယ်ကို အကူညီတောင်းသဖြင့် အိမ်မှာ 109 110နေနေတဲ့ သမီးဖြစ်သူ မြတ် အား အတွေ့ကြုံ ရစေချင်တာကြောင့်
အင်တာဗျူး ဖြေခိုင်းခဲ့တာ အမေဖြစ်သူနဲ့လည်း ခင်နေတော့ အစမ်းခန့် ၃ လဖြင့် အလုပ်လုပ်စေခဲ့တာပေါ့

"မေမေရယ် ပထမဆုံးနေ့မှနောက်ကျရတယ်လို့ တကယ်ပါပဲ" ပွစိပွစိပြောရင်း ကပြာကယာ ရေတောင်မချိုးနိုင် အဝတ်လဲကာ စက်ဘီးလေး စီး၍ထွက်သွားလေရဲ့။

ခက်ခြယ်Where stories live. Discover now