( UNICODE )
( သူသာမြတ်နိုးရာ )
အင်ချွန်းလေဆိပ်တွင် တိတ်တဆိတ်မည်သူတစ်ဦးတစ်ယောက်မျှမသိရအောင် Markအမည်းနှင့်မျက်နှာကိုဖုံးကွယ်ထားပြီး အင်္ကျီပွပွကြီးကြားနစ်မြုပ်နေသောကောင်လေးတစ်ယောက်ရှိပြီး သူ၏ဘေးတွင်တော့တစ်ကိုယ်လုံးနက်စွေးနေအောင်ဝတ်စားထားသည့်လူတစ်ယောက်လည်းရှိသေးသည်။
ခေါင်းဖျားမှနေ ခြေဖျားအထိကမ္ဘာကျော်CK Brandဖြင့်သာ ပေါပေါလောလောဝတ်စားထားသည့်လူမှာ တစ်ကိုယ်လုံးဦးထုပ်ကအစ ဖိနပ်အဆုံးနက်စွေးနေလိုက်တာမှ မသိရင်ကျွဲကြီးလိုလို..?။
ဘေးရှိတစ်ယောက်သည်လည်း ဦးထုပ်အဖြူရောင်လေးဖြင့် တစ်ကိုယ်လုံးကိုDior Brandများဖြင့်သာ အပြီအပြင်ခြယ်မှုန်းထားလိုက်ပုံမှာ ငန်းရုပ်ကလေးကိုအသက်သွင်းထားသည့်အလားပင်။
အဖြူရောင်နှင့်အနက်ရောင်မှာဘာမှမဆိုင်။ဘယ်နေရာမှမအပ်စပ်။သို့သော် တစ်နေရာတည်းမှာဘေးချင်းကပ်လာဆုံကြတဲ့ရေစက်ဟာ သိပ်ထူးဆန်းနေပြန်တယ်။အရောင်တွေကွဲပြားကြသလို ထိုနှစ်ယောက်ဟာလည်း ဘာမှမဆိုင်ကြ။
နာမည်ကြီးတွေလည်းမဟုတ်ကြပါပဲနဲ့ အပြိုင်အဆိုင်Brandကိုယ်စီဝတ်ပြီး တစ်လောကလုံးကိုချေမိုးထားကြသည့်ထိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်
" ဘာလဲ!ရူးကြောင်ကြောင်နဲ့!ဘာကြီးလဲ"
ဟူသော အတွေးကိုယ်စီဖြင့်စောင်းကြည့်လိုက်ကြသေးသည်။ပြီးသည့်နှင့်ပြိုင်တူခေါင်းခါလိုက်ကြပြီးကျောခိုင်းလိုက်ကြကာ Markအကူဖြင့်ဖုံးကွယ်ထားကြသော ကိုယ်စီနှုတ်ခမ်းလွှာတွေကို မဲ့ပစ်လိုက်ကြသေးတယ်။အခုမှပထမဆုံးစဆုံဖူးကြပေမယ့် နှစ်ယောက်လုံးကြည့်မရဖြစ်နေကြတာအသိအသာကြီး..။
ဤသို့ဖြင့် ထိုBrandedမင်းသားနှစ်ပါးအပြင်
နောက်ထပ်လူနှစ်ယောက်ဟာလည်း သူတို့ရဲ့မလှမ်းမကမ်းနားမယ် ရှိနေကြသေး၏။
ထိုနှစ်ယောက်ခမျာရုပ်ဖျက်ထားပုံရကာ တစ်နေရာသို့စောင်းကာမြောင်းကာနှင့် ချောင်းနေကြပုံသည် နည်းနည်းလေးမှသင်္ကာစရာမရှိ။