PART -🌷1🌷

421 39 6
                                    


      မနက်ခင်းနေရောင်ခြည်အောက်အိပ်စက်နေသောကောင်မလေးတယောက်၊ ခဏကြာတော့ ထိုကောင်မလေး အခန်းသို့ တက်လာသော အမေလို့ထင်ရတဲ့မိန်းမကြီးတဦး
  '' Kim Jisoo!!!!!! မထသေးလား ဘယ်ချိန်ရှိနေဘီလဲ နေတောင်နင်ကိုလောင်တော့မယ် ''
  '' Omma ကလည်း အခုမှအိပ်ကောင်းတုန်းကို ''
  '' ညည်းမထသေးနော် အေငါ့နဲ့တွေ့မယ် အခုတံခါးဖွင့်စမ်း ''
   '' ဖွင့်ပေးရင် Omma ရိုက်မှာမလား ''
  '' သိရင် အခုထတော့ ''
'' အင်း ''
      Mrs.kim လည်းသမီးဖစ်သူကိုနိုးပြီး အိမ်အောက်သို့ပြန်ဆင်းကာ ဧည့်ခန်းထဲတွင်သတင်းစာထိုင်ဖတ်နေလေတော့သည်။
    ခဏကြာတော့ အပေါ်ထပ်အခန်းကသီချင်းဆိုကာဆင်းလာသောသမီးဖစ်သူကိုကြည့်ကာ
     '' Kim jisoo ... ဘယ်လိုဖစ်နေတာလဲ သီချင်းတကြော်ကြော်နဲ့ ''
    '' အမေကလည်း သမီးဆိုအပြစ်ပြောဖို့ကြီးဘဲ့ ''
  '' မပြောလို့ရမလား နင့်သက်အရွယ်လည်းကြည့်ဦးလေ အသက်က၃၀ပြည့်တော့မှာ အခုထိ ကလေးလိုလုပ်နေတုန်း ''
  '' အမေကလည်း သမီးအသက်က အခုမှ ၂၈ဘဲ့သေး သက်အရမ်းမကြီးသေးပါဘူး ''
  '' ဘာကိုမကြီး ညည်းအသက်ရွယ်ဆိုသူများတွေ အိမ်ထောင်တောင်ကျနေဘီ အခုညည်းမှာ ဘာမှကိုမရှိတာ ညည်းတူမလောက်တောင်အဖြစ်မရှိ ''
  Mrs. Kim ကဘေးကထိုင်ကာ Tv ကြည့်နေသော Somi ကိုကြည့်ကာ ပြောလေသည်။
   '' ဒေါ်လေးကလည်း Unnie မှာ ရည်းစားရှိပါတယ် ''
  '' ဘယ်လို ... ဘယ်လို ရည်းစားရှိတယ် ''
'' ဟုတ်တယ် Unnie မှာရည်းစားရှိတယ် ဒါပေမဲ့ Unnie ထက်ငယ်တယ် ''
   '' တော်လိုက်တော့ Somi ...''
  '' ဘာတော်လဲ လာခဲ့ ဒီကို ငါ့မေးပါရစေအူး ''
  '' ဘာလုပ်ဖို့လဲ သမီး ဗိုက်ဆာနေဘီ ''
'' Somi .. သွား အခန်းထဲ ငါ့နင်Unnie နဲ့စကားပြောအူးမယ် ''
  ''Omma ... ''
  '' Kim jisoo .. ပြောစမ်း အဲကောင်ကဘယ်ကလဲ ဘယ်သူလဲ ဘာလုပ်လုပ်တာလဲ သူမိဘတွေကဘယ်သူလဲ ''
  '' Omma ကလည်း များလိုက်တာမေးခွန်းတွေက ''
'' ဖြေလေ အဲဆို ''
'' သမီးပြောရင် Omma စိတ်မဆိုးနဲ့နော် ''
'' ပြောမှာသာပြောစမ်းအေ ''
'' သူက Omma ထင်သလိုကောင်လေးမဟုတ်ဘူး ကောင်မလေးပါ ''
'' ဘာ ကောင်မလေး .. နင်ရူးနေလား မိန်းကလေးချင်းချင်းချစ်ရအောင် ပြီးတော့ နင်ထက်လည်းငယ်တယ် ''
'' Omma ကလည်း ကလေးကအသက်ငာ်ပေမဲ့ သမီးထက်တောင်ရင့်ကျက်သေးတာ ''
'' ဘယ်လို ကလေး နေပါဦး သူကနင်ထက်ဘယ်လောက်တောင်ငယ်တာလဲ ''
'' ဟဲ .. ၄ နှစ်တည်းပါ ''
'' ဘာ .... kim jisoo ... ငါ့သေသာသေချင်တယ် နင်တူမအရွယ်ကိုနင်ချစ်စရာလား ''
'' Omma ကလည်း အချစ်မှာ အသက်ရွယ် ခွဲခြားထားလို့လား ''
'' အေ နင်မခွဲပေမဲ့ ငါ့ခွဲတယ် ဘယ့်နှယ် ကိုယ်တူမအရွယ်လေးကိုကြိုက်ရတယ်လို့ ''
'' Omma ကလည်း ပြီးတော့ ကလေးမှာက မိဘတွေတော့ မရှိတော့ဘူး သူတယောက်တည်းဘဲ့ ရှိတာ ပြီးတော့ သူက ဒီမှာ ပန်းဆိုင်ဖွင့်ထားတာလေ ''
'' အဲတော့ ''
'' Omma ဘယ်လိုလဲ သမီးကို သဘောတူရဲ့လား သူနဲ့ ''
'' ငါ့စဉ်းစားပါရစေဦးဟယ် ပြီးတော့ နင်တွဲတာက မိန်းကလေးလေ ပတ်ဝန်းကျင်လည်းရှိသေးတယ် ဒါနဲ့ သူ့နာမည်ကဘာလဲ ''
'' ကလေးနာမည်က Park chaeyoung တဲ့ ပန်းဆိုင်နာမည် ROSÉ flower shop ''
'' အင်း ငါ့ နဲ့ ပေးတွေ့ကြည့် သူဘယ်လိုလူလဲ သိချင်သေးတယ် သူစရိုက်ကဘယ်လိုလဲဆိုတာ ''
'' အင်း သမီးပြောပြီး သူအားတဲ့နေ့ခေါ်လာခဲ့မယ် ''
'' အေး ... ဒါပေမဲ့ ငါ့ကြည့်ပြီးမှသဘောတူမှာနော် ''
'' စိတ်ချ Omma ကလေးကိုမြင်ရင် သေချာပေါက် သဘောကျစေရမယ် ''
'' ငါ့ရှေ့မှာတော့နဲနဲဆင်ခြေနေပါ ကလေး ကလေးနဲ့ မပြောလိုက်ချင်ဘူး ''
'' ဟိ .. ဒါဆိုသမီးသွားတော့မယ်နော် ''
'' အေသွား ... အောင်မလေး အပျိုကြီးခုမှရည်းစားရတာ ကိုပျော်နေလိုက်တာ ''
'' Omma ... ကြားတယ်နော် ''
Jisoo တယောက် အခန်းသို့ တက်ရင်း သူOmma ပြောတာကို အော်ကာ ပြောနေလေသည်။

🌷ငယ်🌷Where stories live. Discover now