Extra - 2 (U&Z)

28.1K 430 14
                                    

Lighthouse of love 💜 Extar-2
(Unicode)

"ခလေး ထမင်းစားမယ်လေကွာ "

"မစားချင်ဘူးဦးရဲ့ "

"ထမင်းစားချိန်ကျော်နေပြီနော်ခလေး"

"ကျော်ကျော်ပေါ့ ဗိုက်မဆာပါဘူးဆိုမှပဲ ပြီးရင်လဲဟင်းတွေမကြိုက်တာနဲ့အန်ရော တော်ပြီမစားတော့ဘူး"

ဟုတ်ပါသည်။ အရင်ကကြိုက်ခဲ့သည့်ဟင်းတွေတောင် အနံ့မခံနိုင်ဘူးဟုပြော၍ အန်နေတတ်သည့်ခလေးက ထမင်းစားရမှာကြောက်နေသည်ထင်ပါသည်။

"ထမင်းမစားပဲတော့နေလို့မရဘူးလေကွာ ဆရာဝန်မကြီးမှာလိုက်တယ်လေ အားရှိအောင်စားရမယ်တဲ့ ခလေးကြားတယ်မဟုတ်ဘူးလား"

"ကြားပါတယ် ဒါပေမယ့်မစားချင်ဘူးဦးရဲ့ "

"ဘာလေးစားချင်လဲပြော ကိုယ်ချက်ပေးမယ်"

"ဘာမှကိုမစားချင်ဘူး လှဲပဲလှဲအိပ်ချင်နေတာ"

ဥဿာ၏ပေါင်ပေါ်ခေါင်းလေးတင်၍ လှဲအိပ်လာသည့်ခလေးက တဂယ်ပဲထမင်းစားဖို့အတော်ပြောရခက်သည့် ခလေးလေးဖြစ်သည်။

"လွန်းငယ်အိပ်ချင်နေလို့ ဦးအချိန်ရတယ်မလားဟင်"

"ရတာပေါ့ ကိုယ်အလုပ်မသွားတော့ဘူးလေ စိတ်ရှိတိုင်းသာအိပ်ဖြစ်တယ်"

"ဟင် "

"ဇေလင်းပြန်ရောက်နေတယ် Hotel ကိစ္စသူ့ကိုလွှဲထားပါတဲ့ "

"ပြောတော့ တစ်လနားမယ်ဆိုပြီးခွင့်ယူသွားတယ်ဆိုဦးရဲ့"

"သူလဲ တူလေးတူမလေးချီချင်နေလို့တဲ့ဗျာ မနားတော့ဘူးတဲ့ ပြန်လာပြီ"

"ဟယ် "

"အံဩမနေပါနဲ့အုံး ခေါင်လွင်လဲနေပြည်တော်ဆင်းလာဖို့ရှိတယ်တဲ့ဗျာ "

"ဘာလုပ်ဖို့လဲမသိဘူးနော် "

"သူ့ညီမလေးက ဗိုက်ဗိုက်နဲ့ဆိုတော့ စိတ်ပူလို့တဲ့ဗျာ"

"အို.."

လွန်းငယ်ရှက်မိသည်။ ဟုတ်တယ်လေ ဗိုက်ကြီးတယ်ဆိုတော့ ဘယ်လိုကြီးမှန်းမသိပါဘူးဆို အခုလိုအကုန်လုံးကဂရုစိုက်ကြတော့ ပိုပြီးနေရခက်နေရသည်။ လွန်းငယ်ကိုယ်ဝန်ရှိသည့်ကိစ္စကို လွန်းငယ်ဘေးမှလူတွေအကုန်လုံးတတ်ကြွစွာပျော်၍ အားပေးနေကြသည့်အဖြစ်ကြီးပါလားနော်။ ရွှေကူတို့ကလဲ လာလည်အုံးမယ်တဲ့။ မမဖြူငယ်တို့ကလဲ ခရီးကြုံလို့လာအုံးမယ်တဲ့လေ။ အို လူတွေစုံလာရင် လွန်းငယ်ဘယ်ကိုသွားပုန်းရပါ့မလဲနော်။

Lighthouse Of Love (Completed)Where stories live. Discover now