🧡အတိတ်မေ့ ခင်ပွန်း🧡Part 29

6.5K 207 24
                                    

🧡အတိတ်မေ့ ခင်ပွန်း🧡Part 29

"ဒိုင်း.....ဒိုင်း....ဒိုင်း....."

သေနတ်ဟာ တိကျတဲ့ပစ်မှတ်ကိုချိန်ရွယ်ထားပြီး ကျည်ဆံများကို တစ်ချက်ချင်းပစ်လွှတ်နေသည်

ပန်ပန်ဟာ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအား ပေါ်လွင်စေတဲ့ စတိုင်လ်ပန်နဲ့ အကျီအဖြူလက်ရှည်ဝတ်ကာ ကိုယ်ပေါ်တွင်သေနတ်ထည့်တဲ့အိတ်ကိုလည်း ဆင်ထားသေးသည်

ပစ်ချက်အရေအတွက်ပြည့်တဲ့အခါ သူမပစ်ခဲ့တဲ့target ကရှေ့သို့ရောက်လာပြီး သူမပစ်ချက်တွေမှန်မမှန်စစ်ဆေးရာ မျက်မှောင်ကြုံ့သွားရသည်

"ပစ်ချက်တွေလွဲနေတယ် အာရုံတွေပျံ့လွင့်နေတာလား...."

ပန်ပန်သူမရဲ့အနောက်မှ ခပ်ဩဩအသံကြောင့် မျက်လွှာချလိုက်သည်

"ညီမ နေသိပ်မကောင်းလို့ပါ အကိုကြီး..."

စစ်မင်းနွယ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်
သူ့ရဲ့ဒီညီမလေးက သေတော့မလိုဖြစ်နေရင်တောင် ပစ်ချက်မလွဲတာကို သူသိသည်

သေနတ်ပစ်ကွင်းရဲ့ပစ်မှတ်အသစ်ဟာ ပြန်လည်ပြင်ဆင်ပြီးတဲ့နောက် စစ်မင်းနွယ် သူ့ညီမလေးရဲ့ အနောက်တွင်နေရာဝင်ယူလိုက်သည်

ပြီးမှ သူမသေနတ်ကိုင်ထားတဲ့လက်ကို သူအုပ်ကိုင်ကာ ပစ်မှတ်ကိုချိန်ရွယ်လိုက်သည်

"ဒိုင်း...ဒိုင်းဒိုင်း...."

ဆက်တိုက်သော ပစ်ချက်တွေကို ကျည်ဆံကုန်သည်ထိ ပစ်လွှတ်ပြီးတဲ့နောက် စစ်မင်းနွယ် သူ့ညီမအားလွှတ်လိုက်သည်

ထို့နောက် ခုဏက သူပစ်ထားတဲ့target စာရွက်က ရှေ့ရောက်လာသည်

ထိုtargetပေါ်တွင်တော့ အလည်ဗဟိုရှိကျည်ပေါက်ရာတစ်ခုက လွဲရင် တခြားအရာရှိမနေပါ

ဆိုလိုချင်သည်မှာ စစ်မင်းနွယ်ပစ်ခဲ့တဲ့ပစ်ချက်တွေဟာ တစ်ချက်မှမလွဲခဲ့ခြင်းဖြစ်သည်

ပန်ပန် သူမပခုံးတွေဆုပ်ကိုင်ခံလိုက်ရပြီး အကိုကြီးရဲ့ဝင်သက်ထွက်သက်တွေ သူမနားနားခံစားမိလေသည်

"ပစ်မှတ်ဆိုတာ အဲ့လိုဘဲဖြစ်နေရမယ်....."

စစ်မင်းနွယ် သူ့ညီမလေးရဲ့ဆံနွယ်တချို့အား ငြင်သာစွာပွတ်သပ်နေခဲ့သည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now