Ep.11

94 6 0
                                    

"ဟဲ့ ငြိမ်းချမ်း ဒါက ဘယ်ကို သဝေထိုးဦးမှာလဲ ပိတ်ရက်ကလေး ဘာလေး အိမ်မှာနေမယ်မရှိဘူး တစ်နေကုန် လမ်းသလားဖို့လောက်ပဲတွေးနေတယ် ..စာမေးပွဲကဖြင့် ဖင်ထဲဝင်တော့မယ် ဒင်းကတော့ အလေလိုက်လို့ကောင်းတုန်း "

"အမေကလည်း ခဏလေးပါဗျာ ပြန်လာမှာပါ "

စက်ဘီးထုတ်နေရင်းအိမ်ရှေ့ကနေ လှမ်းအော်တော့ အမေက ခါးထောက်ပြီး အော်ပြောသည်။

"အေး..ပြန်မလာနဲ့ စာမကျက်ပဲအလေပဲလိုက်နေ ခွေးကျဝက်ကျ ကျလို့ကတော့ အသက်ဖက်နဲ့ထုပ်ထား ...တကယ်ပဲ ပြောလို့ဆိုလို့ကို မရဘူး "

နေ့စဥ်နေ့တိုင်းကြားနေရတဲ့ အမေ့ရဲ့ဓါတ်ပြားဟောင်းကြီးကို ဆက်နားထောင်မနေပဲ စက်ဘီးတစ်စီးနဲ့အပြင်ထွက်ခဲ့လိုက်တော့တယ် ။ ငယ်ငယ်ကတည်းက အဖေဆုံးသွားတာမို့ အမေကပဲ အဖေလိုတစ်မျိုး အမေလိုတစ်မျိုးချစ်ပေးကာ မသိမသာလေး အလိုလိုက်တတ်သည်။ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ ညှပ်ဖက်နဲ့ မုန့်ဟင်းခါးတစ်ပွဲဝင်ဝယ်ပြီး ခန့်ထူးမောင်အိမ်ကို သွားပေးရမည်။ ခန့်ထူးက မုန့်ဟင်းခါးဆိုရင် မုန့်ဖက်နဲ့စားရတာမကြိုက်ပဲ ညှပ်ဖက်နဲ့စားရတာကို ပိုကြိုက်တယ်တဲ့လေ ။

**ကလင် ကလင် **

ခန့်ထူးတို့အိမ်ရှေ့ရောက်လို့ စက်ဘီးဘဲလ်ကိုတီးလိုက်တော့ ခန့်ထူးမောင်ရဲ့အမေထွက်လာတယ် ။

"ဟယ် သား လာလေ အိမ်ထဲဝင် "

ခြံတံခါးကို ဖွင့်ရင်းနဲ့ ကျွန်တော့်ကိုလည်း အပြုံးနဲ့ကြိုဆိုသေးသည်။

"ခန့်ထူးရောအန်တီ"

"သားသူငယ်ချင်းက အပြင်ခဏထွက်သွားတယ် စာသွားလုပ်မလို့ဆိုလား ဘာဆိုလားပဲ ပြောတော့ပြောသွားတာပဲ အိမ်ထဲဝင်ပြီးစောင့်နေလေ သားရဲ့ "

"အာ...ဟုတ်လား ရတယ်အန်တီမဝင်တော့ဘူးနော် ...ကျွန်တော်က သူ့အတွက် မုန့်ဟင်းခါးလာပေးတာ လမ်းကြုံလို့ "

သူငယ်ချင်းဆိုတော့ သန့်စင်အိမ်ကလွဲရင် ဘယ်သူ့အိမ်မှမဖြစ်နိုင်ပေ ။ ဘယ်ချိန်တုန်းကများ သန့်စင်နဲ့ အဲ့သလောက်ရင်းနှီးသွားရတာလဲ ။ ဝမ်းနည်းစိတ်ကလေးနဲ့အတူ စက်ဘီးကို လာရာလမ်းအတိုင်းပြန်လှည့်ရတယ်။ အိမ်ပြန်ပြီး စာကျက်ချင်စိတ်လည်း ရှိမနေတော့ဘူး ။ စိတ်က ဘာကိုမကြည်လို့မကြည်မှန်းမသိ ။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Where stories live. Discover now