သူသာ မြတ်နိုးရာ(နှစ်)

2K 211 111
                                    

( UNICODE )

( သူသာမြတ်နိုးရာ )

ေလဆိပ်ထဲကနေ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းပြီးလစ်ထွက်သွားသောသခင်လေးဆိုသူကို
ဖွားဖွားကြီး၏ကတုံးတွေမှာ အရိပ်လေးပင်ဖမ်းလို့မမိခဲ့ပါဘူး။လူအုပ်ကြားထဲတိုးဝှေ့ဝင်သွားတာကိုသာမြင်လိုက်ကြရပြီး ဘယ်အရပ်ကနေပြန်ထွက်သွားသလဲတော့မသိခဲ့ကြပေ။

ဂျောင်ကုသည် လေဆိပ်ရှေ့မှာအသင့်ထိုးရပ်ထားသည့်ကားနက်တစ်စီးပေါ်ကိုပြေးတက်သွားပုံမှာမြန်မြန်ဆန်ဆန်ပါပဲ။ရည်းစားလေးက ဟိုတယ်မှာသူ့အတွက်အခန်းကိုတောင်အဆင့်သင့်ချိတ်ပေးထားတာဖြစ်လို့ ဟိုတယ်မှာအနားယူရုံပင်။

လာကြိုတဲ့ကားဟာလည်း ဟိုတကယ်ရှေ့အထိလိုက်ပေးသွားသည်။ထို့ကြောင့်ကိုယ့်အိတ်ကိုယ်ထမ်းရင်း ကောင်တာမှာမှတ်ပုံတင်ပြကာ ထုတ်ပေးလာတဲ့သော့ကတ်ကိုယူရင်း
သာသာယာယာပဲအခန်းရှိရာဆီတက်လာခဲ့လိုက်သည်။ဂျွန်ဂျောင်ကုတို့ဘဝက အဲဗားအိုကေပဲ လာမမေးနဲ့!!။

အခန်းရှေ့ရောက်တဲ့အခါ ဆံပင်တိုတိုတွေကိုဟိုနားသပ်ဒီနားသပ်နဲ့ အထာမိနေဖို့အရေး ကို်ယ့်ကိုကိုယ်ပြန်"သ"နေတာမပြီးဆုံးနိုင်တော့။စိတ်တိုင်းကျတဲ့အထိအားလုံးအလုပ်ရှုပ်လို့ပြီးမှ အခန်းသော့ကတ်ဖြင့်တံခါးကိုနှိပ်ဖွင့်ရင်း နောက်ဆုံးတော့အခန်းထဲဝင်သွားပါပြီ။

* ဟိုင်းဘေဘီ *

* ကိုကို! *

မြင်မြင်ချင်းတွေ့လိုက်ရတဲ့ရည်းစားလေးကပန်းဆီရောင်Dressလေးနဲ့တအားတွေလှနေတော့ သူ့အသံကြီးမှာပျားရည်တစ်အိုးလိုက်ကြီးမြိုချထားသလိုနှယ် ချိုသာနေလိုက်တာ။သူသာလျှင်အချိုသာဆုံးလူသားကြီးပါပေါ့။

ကျောပိုးအိတ်ကိုကြုံတဲ့နေရာပစ်ချလိုက်ပြီးလက်နှစ်ဖက်လုံးကိုဆန့်တန်းပေးလိုက်ကာရည်းစားလေးကို ပိုင်ပိုင်နိုင်နိုင်ခေါ်ပစ်လိုက်တော့ တစ်ဖက်မိန်းကလေးသည်ရှက်ဝဲဝဲဟန်လေးဖြင့်ရင်ခွင်ကျယ်ကြီးထဲတိုးဝင်လာ၏။

* အစီအစဥ္တိုင်းပဲ မဟုတ်လားဟင် *

ရင်ခွင်ထဲကနေ တစ်ကျော့ပြန်တိုးထွက်လာတဲ့သူမမျက်နှာလေးဟာ အပြစ်ပြောရက်စရာမရှိအောင်လှတယ်။ခပ်ချွဲချွဲအသံလေးကြားလိုက်ရရင်ကို ငြင်းနိုင်စွမ်းတွေမရှိတော့ဘူး။ဘာအစီအစဥ္ကိုမေးနေလဲမသိပေမယ့်..
ကိုယ့်မှာဆွဲထားတဲ့အစီအစဥ္​ေတွမှအများကြီး။

သူသာ မြတ်နိုးရာ(completed)Where stories live. Discover now