🍭အခန်း-၁🍭
ဒေါ်စိန်ခက် ကြမ်းပြင်ပေါ်တွင်ကျုံးကျုံးလေးထိုင်နေရင်း ခေါင်းငုံထားသည့်မိန်းကလေးအား အကဲခတ်နေမိသည်။ကြည့်ရတာတော့ ရိုးရိုးအေးအေးလေးပဲဖြစ်၍ စိတ်တိုင်းကျ
မဟုတ်သော်လည်း သားအတွက်
သင့်တော်သည့်ဟုပဲတွေးလိုက်လေသည်။မျက်မမြင်ဖြစ်နေသည့်သားအတွက်
ဝေယျာဝေစလုပ်ပေးရန်အတွက်
လူရှာခိုင်းထားတာဖြစ်သလို အိမ်အတွက်
အိမ်အကူမှန်သမျှ ဒေါ်မေသူက အမြဲရှာပေးနေကျလူမို့ စိတ်မချစရာတော့မရှိပေ။"ထားခဲ့လေ မေသူ
ပိုက်ဆံကတော့ ဒေါ်စိုးဆီကယူသွားလိုက်"ဒေါ်မေသူ အားရဝမ်းသာဖြင့်
ဆိုဖာပေါ်ကနေထရပ်၍ ပြုံးတုန်းတုန်းဖြင့်......"ဟုတ်ကဲ့ပါ မမကြီး.....
နောက်လူလိုရင်လဲ ပြောနော်......""အင်း ဒီမိန်းကလေးကိုလုပ်ရမဲ့အလုပ်တွေရော သေချာေရာပြောထားလား......"
"ဟုတ် ပြောထားပါတယ် မမကြီး"
ဒေါ်မေသူမှ ကြမ်းပြင်ပေါ်မှာထိုင်နေသည့်
ကဗျာမှီအား ဟုတ်ပါတယ်ဆိုတဲ့ပုံစံပြောရန် မျက်စပစ်ပြလိုက်လေသည်။"ဟုတ်....ဟုတ်....ပြောထားပါတယ် ဒေါ်ဒေါ်...."
"ဒေါ်ဒေါ်လို့ မခေါ်နဲ့...မေမေကြီးလို့ခေါ်....
ဒီအိမ်မှာ ဒေါ်စိုးကလွှဲပြီး အကုန်လုံး
ဒီလိုပဲခေါ်တယ်.....""ဟုတ်...မှီ မှတ်ထားပါ့မယ် မေမေကြီး......"
ဒေါ်စိန်ခက် အသာခေါင်းငြိမ့်လိုက်ပြီး
ဧည့်ခန်းထဲကနေထွက်လာလိုက်လေသည်။
စကားအများကြီးပြောတတ်သူမဟုတ်၍
ရှည်ရှည်ဝေးဝေးတွေမပြောချင်တာလည်း
ပါသလို ဒေါ်စိန်ခက်မှာအလွန်အမင်း
အဆင့်အတန်းခွဲခြားတတ်သူဖြစ်တာကြောင့်
ကြာကြာမနေခြင်းလည်း ဖြစ်သည်။ဒေါ်မေသူလည်း ရထားချိန်မမှီမှာစိုး၍
ကမန်းကတန်းဖြင့် ထရပ်လိုက်ပြီး......."ကဲ... ကဗျာမှီ ငါလည်းပြန်တော့မယ်"
မှီ ဧည့်ခန်းထဲကနေထွက်တော့မည့်
ဒေါ်မေသူ၏လက်အားလှမ်းဆွဲ၍......
YOU ARE READING
ဆိုးခွင့်ပေးပါ (Ongoing)
Romanceအရမ်းကြီးတော့ မညွှန်းတော့ဘူးရှင့် Ongoingလိုက်ပြီး ဖတ်ကြည့်ပေးပါဦးရှင့် အသက်အများကြီးကွာပြီး ဦးနဲ့ချာတိတ်ဇာတ်လမ်းလေးပါ