Unicode
*********ကိုကို....ကျွန်မဟာ ဝတုတ်တုတ် ကောင်မလေးတစ်ယောက်..။
ခပ်ဆူဆူ ပူထွက်နေတဲ့ ဗိုက်သားတွေ၊ကိုယ်ကျပ်ဝတ်တိုင်း ပေါ်ထွက်နေတဲ့ ဗိုက်ခေါက်တွေနဲ့ ရုပ်ဆိုးဆိုး ခန္ဓာကိုယ် ပိုင်ရှင်လေးပါ..။ ကိုကို့လက်ကို တရားဝင် ဆုပ်ကိုင်ခွင့်ရတုန်းက ကိုယ့်ကိုကိုယ် ကံအကောင်းဆုံး လူသား၊ ငါဟာလဲ အချစ်ခံရဖို့ ထိုက်တန်ပါတယ်ဆိုတဲ့ အတွေးနဲ့ ရူးဖူးသူလေးပါ။ကိုကို့ကို မေးဖူးတယ်
"ဘာလို့ bae ကို ရွေးချယ်ခဲ့တာလဲ"
"အလှကြည့်ရွေးတာ မဟုတ်ဘဲ ဘဝအတွက် ကြည့်ရွေးတာ"ဆိုတဲ့ အဖြေကြားမှာ ရူးမတတ် ပျော်ခဲ့ဖူးတဲ့ ကောင်မလေးပါ။
သိမ်ငယ်ရတဲ့ နေ့ရက်တွေပါ ကိုကိုရေ...။ ကိုကို့လက်ကို ဆွဲပြီး ဒီလူက ငါ့အပိုင်ပါလို့ ကြွေးကြော်ချင်ပေမယ့် ကလေးကလားတွေပါကွာ ဆိုတဲ့ ကိုကိုရဲ့ ငြင်းဆိုသံကြား ဖန်သားနှလုံးသားလေးဟာ အက်ရာနုနု ထွင်းသံ ပဲ့တင်ထပ်လို့။
"ကိုကိုရေ bae ဗိုက်အရမ်း နာနေလို့လေ လမ်းမလျောက်နိုင်လို့ ခဏလောက် လာကြိုပေးလို့ ရမလား.."
"အာ နီးနီးလေးကို ကိုယ့်ကို လမ်းလျောက်ပြန်လိုက်လေ...."
အားကိုးတကြီး မှီခိုမိတဲ့ ပခုံးဟာ သဲသောင်ပြင်ထက်က ခြစ်ရာလေး ဖြစ်နေခဲ့မိပါလား....။
ထွင်းရာနက်လာတဲ့ နှလုံးသားကို ခပ်ပါးပါးပုတ်ပြီး ပြန်ဖြေမိတယ်။
"ဟုတ် ကိုကို ၊ ဒါပဲနော်..."
ပြုံးရမှာ မကြိုက်တဲ့ ကိုကိုဟာ တော်တော်လေးကို ပျော်ရွှင်ပြီး ရီမောနေခဲ့တယ်...၊ ကိုကို့လက်တွေက bae ရဲ့ ခန္ဓာကိုယ်ကို ပူလောင်ပြင်းပြစွာ ထိတွေ့နေစဉ်မှာပေါ့။
အမြဲ ရုပ်တည်နေတဲ့ ကိုကိုက ရှားရှားပါးပါး ရီမောပြီး ပုံမှန်ဆို အကြည့်ချင်းတောင် မဆုံတဲ့လူက bae နှုတ်ခမ်းပါးကို နမ်းရှိုက်လို့လာတယ်.... ၊လက်တွေက ဂဏာမငြိမ်စွာ ခန္ဓာကိုယ် အစိတ်ပိုင်း တစ်ချို့ကို ထိတွေ့နေစဉ်ပေါ့..။
ရင်ခုန်လွန်းလို့ ငြင်းဆန်ဖို့ ခက်တယ် ကိုကို...။ ဒီသာယာမှုထဲ ပျော်ဝင်သွားလုဆဲဆဲပဲ အိမ်မက်က နိုးထလာရပြန်တယ်။ ကိုကို့အပြုံးတွေက bae ခန္ဓာကိုယ်ကို ထိတွေ့နေစဉ်သာ ပေါ်ထွက်လာတာကို သဘောပေါက်သွားချိန်မှာပေါ့.....။
YOU ARE READING
ကိုယ်ပိုင်ဆိုင်ထားပေမယ့် ကိုယ့်အပိုင်မဟုတ်တဲ့ လူတစ်ယောက်အကြောင်း
Randomခပ်တင်းတင်း ဆုပ်ကိုင်ထားချင်မိတဲ့ လက်တစ်စုံသို့..