🖤A Journey of Rose River❤️

193 13 2
                                    

🖤Night Flowers❤️

🖤A Journey of Rose River❤️

🥀🥀🥀🥀

"Zahra .....ဟေ့ Zahra....."

ရွှေရောင်လွှမ်းသော နိုင်းလ်မြစ်ရေပြင်ရဲ့ သမီးပျိုကလေး ကျွန်မ Zahra ....

မက်ဆိုပိုတေးမီးယားရဲ့ အမှုတော်ထမ်း ဖခင်နဲ့ တော်ဝင်မျိုးနွယ်တို့၏ အရှင်သခင်မတို့အတွက် အထူးတလည် အမွှေးနံ့သာဆီများ ဖော်စပ်ဆက်သရသော အမှုထမ်း အမျိုးသမီးကြီးတို့ရဲ့ ရင်သွေး....

ဝမ်းကကျွတ်စဥ် လူဖြစ်စနီတာရဲတည်းက နတ်ဘုရားမများရဲ့ ကောင်းချီးနဲ့ မွေးဖွားလာသူအဖြစ် ဝန်းကျင်တစ်ခိုက အသိအမှတ်ပြုကြသည်က နှင်းဆီကဲ့သို့ ကြိုင်သင်းသော ကိုယ်သင်းရနံ့ကြောင့်...

ထို့အတွက်ကြောင့် ကျွန်မအမည်ကို အမေက Zahra ဟုခေါ်တွင်စေခဲ့သည်။ Zahra ဆိုတာက အီဂျစ်တို့ရဲ့ ဘာသာစကားအရ ပန်းကလေးတဲ့။

"ဟဲ့ Zahra .... ဒီလောက်ခေါ်နေတာတောင် မသိကျိုးကျွံပြုနေပါလား.."

🥀 မဟုတ်ပါဘူး အမေရဲ့

မြစ်ကမ်းပါးမှာ နေနတ်မင်းရဲ့ ကောင်းချီးပေးမှုနဲ့ ခြောက်သွေ့နေတဲ့ ပန်းပွင့်ခြောက်တို့ကို သိမ်းဆည်းနေချိန်လေ။ အရှင်မတို့အတွက် ရေမွှေးနံ့သာဖော်စပ်ရာမှာ အသုံးပြုသော ပန်းတို့အား အဖ Amun-Ra နေနတ်ဘုရားရဲ့ နွေးထွေးခြင်းတို့နဲ့သာ ခြောက်သွေ့စေတာက အမေ့ရဲ့
စည်းမျဥ်းများထဲက တစ်ခုပင်။

ပိုးသားပုဝါပေါ်က နှင်းဆီနဲ့စံပယ်ပွင့်ခြောက်တို့ကို ရွှေချည်မျှင်ပိုးပုဝါခံ ဇကာကုံးထဲထည့်ကာ အမေ့လက်ထဲထည့်တော့ အမေက ကျွန်မရဲ့ နှုတ်ခမ်းဖူးလေးကို တို့ထိသည်။

"ဒီည အရှင်မ ချိုးရေစိမ်ဖို့ရှိတယ် သမီး အဲ့ဒါ အမေ့ရဲ့ နှင်းဆီဝတ်ရည်လေး သွားပို့ပေးပါဦး "

အမေ့ရဲ့ ခိုင်းစေမှုနဲ့တင် ကျွန်မနှလုံးသား တစ်ခုလုံး ရှိန်းမြမြနဲ့။ ကျွန်မ၏ နှလုံးသားဟာ ထိုရွှေရောင်လွှမ်းသော နန်းတော်ကြီးရဲ့ မင်းသားလေးတစ်ပါးလေ။

Ra.....တဲ့ နေနတ်ဘုရားလို့ အဓိပ္ပါယ်ရတဲ့ အမည်နာမနဲ့ ဘုန်းတော်ကြီးမြတ်သော အရှင့်ရဲ့ ထီးနန်းကို အပိုင်စားဆက်ခံမည့် အိမ်ရှေ့စံမင်းသားလေး တစ်ပါးပေါ့။

Night Flowers Where stories live. Discover now