"Ai Fourth...ဒီတစ်သက်ပြင်လို့ကောပြီးမှာလား !!"
"အိုးဟိုး...လာပါပြီ Phu ရဲ့ မင်းကလဲ"
လက်တွင်နာရီပတ်ရင်းအခန်းထဲကထွက်လာသည့်သူငယ်ချင်းအားကြည့်ကာ ခေါင်းခါခဲ့မိသည်က Phuwinသာ...
"မင်းပြင်နေတာ ပထမအတန်းချိန်တောင်လွတ်တော့မယ်"
"လောလိုက်တာ မင်းကလဲ"
"မင်းလုပ်ပုံနဲ့မလောလို့လဲမရဘူး ပြီးရင်လာ ကြာတယ်"
မှန်ရှေ့တွင်ရပ်နေသေးသည့် Fourth အားပြောကာ ကားသော့ဆွဲလျက် car parking ဆီသို့လာရန် ဓာတ်လှေကားထဲဝင်လိုက်သည်...
"ဟေး နေပါအုန်း လာပြီ.."
သွားတော့မည့်သူငယ်ချင်းလေးအားလှမ်းတားကာ လွယ်အိတ်ဆွဲလျက်ဓာတ်လှေကားထဲအလျင်အမြန်ဝင်လိုက်၏...
"Phu..မေးစရာရှိလို့.."
"ဘာပြန်လဲ..ဗရုတ်သုတ်ခဆို မမေးနဲ့ မဖြေအားဘူး"
"ဟွန်း...စိတ်ချည်းဘဲ"
ဖုန်းသုံးရင်းသူ့ကိုကြည့်ကာဘုကန့်လန့်ပြောလာသည့်သူမှာအခြားသူရယ်တော့မဟုတ်ရချေ....လေးတန်းနှစ်ထဲက အတူပေါင်းသင်းလာသည်မှာ ယခုအထက်တန်းနောက်ဆုံးနှစ်အထိတည်မြဲခဲ့တဲ့သံယောဇဉ်လေးရယ်ပါ...
သူ့လိုဆိုးသွမ်းလွန်းတဲ့စွာတေးလန်တစ်ယောက်ကို မိဘတွေကတောင်ထိန်းမနိုင်ခဲ့ပေမဲ့လဲ Phuwin ကတော့သူ့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားတဲ့တစ်ဦးတည်းသောသူငယ်ချင်းသာ...
ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ရိုင်းရိုင်းသီးခံပေးပေမဲ့လိုတာထက်ပိုရင်တော့ အကိုကြီးတစ်ယောက်လိုဆုံးမတတ်တဲ့အကျင့်ဟာ သူကောင်းဖို့အတွက်လို့ ခနခနပြောလေ့ရှိတဲ့စကားလေးတစ်ခွန်းရယ်....
ခပ်စွာစွာသူ့ကိုလာထိပါးရင်လဲ သူ့ဘက်ကနေရပ်တည်ပေးတဲ့ဒီသူငယ်ချင်းလေးဟာ သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ ယုံပါ...
"Phu..ငါမေးမလို့ပါဆို ငါ့ကိုဖြေနော် နော်"
ကားမောင်းနေတဲ့လက်မောင်းကိုဆွဲလှုပ်ကာပြောလေတော့ ဒေါသသံနဲ့အော်လာတဲ့Phu..