Enemies-to-lovers ၏ ခေါင်းဆောင်မင်းသားမှာ နာမည်ကြီးသရုပ်ဆောင်ဂယူဗင်း
ဇာတ်လမ်းကရိုးရှင်းပါသည်။မတည့်သည့်
လူနှစ်ယောက်က ခံစားချက်တွေပြောင်းလဲလာကာ ချစ်ကျွမ်း၀င်သွားတဲ့ ဖန်တရာတေနေသောဇာတ်လမ်းသာ ဖြစ်သည်။မီဒီယာအစုံက ဖော်ပြထားသည့် သတင်းခေါင်းစဥ်တွေကို ဖတ်လိုက်ပြီး အရှေ့က သက်ပြင်းချနေသော မန်နေဂျာအစ်ကိုကို့ ဂယူဗင်း ရယ်ပြလိုက်သည်။
"သန်းကျော်ရမည့် ရုပ်ရှင်ကားကို စွန့်လွှတ်ပြီး
ဒီလိုပေါက်တိပေါက်ချာကားလေးမှာ ဘာလို့များ သရုပ်ဆောင်ချင်ရတာလဲ""အကျိုးလိုလို့ ညောင်ရေလောင်းတယ်လို့ပဲ
မှတ်လိုက်ဗျာ""မင်းက အဲကားလေးနဲ့ ဘာအကျိုးရမှာမို့လို့လဲ"
ပြောလည်းပြောချင်စရာပေ။ ဂယူဗင်းသည်
ဒီနိုင်ငံတွင်သာမက အရှေ့ခုနစ်နိုင်ငံ
အနောက်ခုနစ်နိုင်ငံအထိ မသိတဲ့မရှိလောက်အောင် နာမည်ကျော်ကြားသည်။ရုပ်ရည်ရှိပြီး
ဥစ္စာပေါတဲ့အပြင် အရည်ချင်းလည်းရှိသေးသည်။ ကျော်ကြားချင်တဲ့ စန်းလေးရှိတော့ စသရုပ်ဆောင်ထဲက အခုချိန်ထိ အောင်မြင်မှုတွေက
တရိပ်ရိပ်ထိုးတက်လာသည်။အခုလည်း ဇာတ်အိမ်ခိုင်ပြီး ၀င်ငွေသန်းကျော်ရနိုင်တဲ့ ရုပ်ရှင်ကားကို လက်လွှတ်ပြီး အသေးစား
ပရောဂျက်သာသာ လူငယ်အကြိုက် ဒရမ်မာလေးမှာ ၀င်သရုပ်ဆောင်မယ် ဆိုပြီး ချုပ်ထားတဲ့
စာချုပ်ကိုလျော်ကြေးပေးပြီး လှမ်းဖြတ်ခိုင်းသည်။
ဂယူဗင်းတော့မသိ သူ၏မန်နေဂျာအစ်ကို
က တကယ်ကို ခေါင်းခဲနေရပြီ။
****
"ရှန်ရှန်ရေ မင်းက တကယ်ကို ကံကောင်းတာပဲ"ဖုန်းထဲက သတင်းကိုဖတ်ပြီး ရုတ်တရက်
ပြောလာ သည့် မန်နေဂျာအစ်မကြောင့် ရစ်ခီ
ကြောင်အ သွားရသည်။"ဘာလို့လဲ"
"မောင်လေး ရိုက်မယ့် ဒရမ်မာရဲ့ခေါင်းဆောင်မင်းသားက ဘယ်သူထင်လဲ"
မန်နေဂျာအစ်မ၏ ပျော်မြူးနေသည့်
မျက်နှာကြောင့် ရစ်ခီ ခန့်မှန်းရရင်