Arc 10 part 16

16 4 2
                                    

      ဇွန်ဘီအုပ်ကို ရှောင်ကာ ဟိုဒီပြေးလွှားကြရင်းမှ သတင်းကြေညာသူအမျိုးသမီးသည် အာရုံထဲတွင် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ရာကို မြင်လိုက်ရသည်။ အနက်ရောင်မိုးက ဆုတ်ခွာသွားသည်မှာ သိပ်မကြာသေး။ သို့သော် နောက်လာမည့်ဘေးက ပိုလို့ဆိုးရွားကြောက်ရွံ့စရာပိုကောင်းနေသည်။

     Misaki မှတစ်ဆင့် အားလုံးကို သတိပေးရန် ခေါင်းကို ဘယ်ညာလှည့်ကာ ရှာကြည့်ပေမဲ့ misaki ကတော့ သူမကို မမြင်ချင်ယောင်ဆောင်ကာ တိုက်အတွင်းသို့ ပြန်ဝင်သွားသည်။ ဘယ်သူမှ သတိမထားမိသော်လည်း misaki ကတော့ သိနေသည်။ ဒီတိုက်အတွင်းရှိ ဇွန်ဘီများက အခြားဇွန်ဘီများထက် ပိုသိတတ်သည်ဟု မှတ်ယူလို့ရသည်။ သို့သော် ပုံမှန်ဆို ငြိမ်သက်နေသည့်ဇွန်ဘီတွေပါ ဤမျှသွေးဆာနေပုံကို ထောက်လျှင် သေချာပေါက် William ၏လွှမ်းမိုးမှုနှင့် ပတ်သတ်နေလိမ့်မည်။

    Jack ကယုံကြည်၍ရသည်။ Duke က ကပျက်ကချော်လုပ်တတ်ပေမဲ့ အရေးကြုံလျှင် အားကိုးလို့ရသည်။ ကျန်တဲ့လူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တကူးတကတောင်းဆိုနေရန် မလိုအပ်ပေ။ လက်ရှိတွင် အရေးကြီးဆုံးမှာ William ၏အခြေအနေကို တည်ငြိမ်စေရန်ဖြစ်သည်။ ထိုအတွေးနှင့် misaki သည် လည်ချောင်းသံများထုတ်ကာ အော်ဟစ်ရုန်းကန်နေသည့် William ကို ဆွဲလျက် တိုက်ထဲကို ပြန်ဝင်လာခဲ့လိုက်သည်။

     တစ်ဖက်တွင်တော့ အနီးစပ်ဆုံး အခြေစိုက်စခန်း၌ ဆရာဝန်မမသည် အနီးစပ်ဆုံးသော ဖြေဆေးကို ဖော်ထုတ်နိုင်နေပြီဖြစ်သည်။ သိပ်မကြာခင်အခြေအနေအတွင်း အရာအားလုံးဟာ အရင်ပုံစံအတိုင်း ပြန်ပြောင်းလဲသွားနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာပြီဖြစ်သည်။

      သို့သော် ထိုကဲ့သို့ ဖြစ်လာရန်မှာ မလွယ်ကူမှန်း လူတိုင်း နားလည်ထားပြီးသားဖြစ်သည်။ ဖြေဆေးအသင့်မဖြစ်ခင်မှာပဲ အခြေစိုက်စခန်းဟာ ဇွန်ဘီများထံမှ ကျူးကျော်ခံလိုက်ရသည်။ ဇွန်ဘီလှိုင်းလုံးက မြင်မြင်သမျှကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးသွားသည်။ ညအချိန်လည်းဖြစ်ပြီး လူအများစုကလည်း သတိလက်လွတ်အိပ်စက်နေကြရာ ထိုဇွန်ဘီလှိုင်းက အခြေစိုက်စခန်းအတွင်းရှိ ရှင်သန်သူဦးရေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဝါးမျိုသွား၏။ ကျန်သည့် သုံးဆယ်ရာခိုင်းနှုန်းမှာလည်း ဒဏ်ရာအနာတရရသူရနှင့် ကြည့်ရသည်မှာ စိတ်မချမ်းသာစရာကောင်းလှသည်။

How to flirt with the final boss 2Donde viven las historias. Descúbrelo ahora