unicode
"ငါနဲ့ တွဲမလားထက်ရှား"
"......"
"မဟုတ်ဘူး ငါနဲ့တွဲ၊ မင်းမတွဲရင် ငါဒီနေရာမှာပဲ ဖက်နမ်းပစ်မှာနော် ထက်ရှား၊ မလုပ်ရဲဘူးမထင်နဲ့နော်၊ မင်းငါ့အကြောင်းသိပါတယ်"
တွေဝေနေသည့် ထက်ရှားကြောင့် ကိုကျော်စွာက ခြိမ်းခြောက်စကားကို သွားကြားထဲမှလေသံဖြင့် ခပ်ကြိတ်ကြိတ်ဆိုလာသည်။
"ကိုကျော်စွာ ၊ ရှင် ထက်ရှားကိုဘာတွေပြောနေတာလဲ"
သူငယ်ချင်းဖြစ်သူ၏ မျက်နှာအမူအယာကို မိဖြူကြည့်လျက် အရှေ့မှာရှိနေသည့် အမူးသမားအား ခပ်စွာစွာပြောလိုက်တော့ တစ်ဖက်လူဟာလည်း အသံခပ်မာမာဖြင့်
"မိဖြူ ၊ ယောကျာ်းလေးနှစ်ယောက်ကြားထဲမှာ ကန့်လန့်ကန့်လန့်နဲ့ ၊ နင်ပြန်တော့"
"မပြန်နိုင်ဘူး ၊ မိဖြူ ထက်ရှားပါမှ အတူတူပြန်မှာ"
"ဟုတ်တယ် မိဖြူပြန်လိုက်တော့ ငါကိုကျော်စွာနဲ့ စကားခဏပြောပြီး ပြန်လာခဲ့မယ်"
မိမိပြဿနာထဲ မိဖြူကိုပါ ဆွဲမထည့်ချင်တာကြောင့် ထက်ရှား မိဖြူကို အသံခပ်တိုးတိုးဖြင့် ပြန်ရန်တိုက်တွန်းလိုက်သည်။ ယောင်္ကျားလေးတွေချည်ရှိနေတာ မိန်းကလေးတစ်ယောက်တည်းရှိနေလျှင် မသင့်တော်တာမလို့။
"ထက်ရှား နင့်ကို အနိုင်ကျင့်ရင် ငြိမ်ခံမနေနဲ့နော် ပြန်လုပ်ကြားလား"
ထက်ရှားမှာ စိတ်ပူလွန်းတတ်သည့် သူငယ်ချင်းမလေးကြောင့် သွားလေးတွေပေါ်သည်အထိရယ်မိလိုက်သည်။
"အေးပါ"
တစ်ဖက်က ကျော်စွာတွင်တော့ စိတ်ရှုပ်စွာ စုပ်သက်လျက်။
"ကဲ မိဖြူ ညည်းမပြန်ရင် ငါထက်ရှားကို အခြားနေရာခေါ်သွားတော့မှာနော်"
"ပြန်မှာပါ မိဖြူအခုပြန်ပြီ"
ပြန်သွားသည့် မိဖြူနောက်ကျောပျောက်ကွယ်သွားကာမှ
"ကဲ ထက်ရှားပြော ငါနဲ့တွဲချင်လား၊ မတွဲဘူးလား"
"ကျွန်တော်က မူးနေတဲ့လူရဲ့စကားကို ဘယ်လိုယုံရမှာလဲ"
YOU ARE READING
ကိုယ့်ရဲ့ ရှား
Fantasyမင်းဟာ ကိုယ်ရုန်းမထွက်ချင်လောက်တဲ့ အမှားတစ်ခု။ ကျော်စွာ + ထက်ရှား ပထမဆုံးဖန်တီးမှု။