Next....'°
တေးဘက်မှာကြတော့လည်းအခန်းလေးရဲ့ထောင့်လေးတစ်ခုမှာ.. သူ့ကိုသူပြစ်ဒဏ်ပေးတဲ့အနေနဲ့ ပါးတွေကိုရိုက်မိနေပြန်သည်။
ငါဘာလို့များအန်တီ့ကိုအခုလိုပြောမိတာလဲ
အန်တီကတော့တစ်မျိုးထင်တော့မှာပဲ ၊အာ့တာဒီမကောင်းတဲ့ ပါးစပ်ကြောင့်ဖြစ်တာ
ဖြန်းးးဖြန်းးး!!
ငါသေမှအေးမှာအခုလိုဖြစ်နေတာတွေက
ငါကဘယ်သူ့အတွက်မဆိုအရေးမပါပါဘူး
အန်တီအခုငါ့ကိုမုန်းသွားပြီထင်တယ်။အန်တီမုန်းနေတဲ့ငါ့ဘဝကဘာအဓိပ္ပယ်များရှိနေအုံးမှာလဲ ငါသေရင်တောင်ငိုပေးမဲ့လူရှိပါ့မလား ၊
တေးက ဖြေးညင်းစွာတစ်နေရာသို့လမ်းလျောက်လာသည်။ ထိုနေရာက အိမ်နောက်
ဖေးမှာရှိတဲ့ ရေချိုးခန်းဆီ..."တေးအိမ်နောက်ဖေးကိုရောက်တော့ဘယ်သူမှမသိအောင်တိုးတိုးလေး..လမ်းလျောက်လာပြီး ရေချိုးခန်းထဲသို့ အမြန်ပင်ဝင်လိုက်သည်။
ဒါတောင် ရေညှိတစ်ချို့ကြောင့် တေးရဲ့ဒူးခေါင်းပြဲသွားသေးတယ် သွေးတွေထွက်နေတာသိပင်မယ့် ဆေးမထည့်ချင်ဘူး။
အခုချိန်မှာသူသိတာက သူသေချင်တာပဲ
သူ့ကိုယ်မှာဝတ်ထားတဲ့အဝတ်စားတစ်ချို့ကိုမချွတ်ပဲ ရေတွေကိုလောင်းချလိုက်သည်။
ခဏအကြာ...
အခုဆိုရင် တေးဟာရေချိုးခန်းထဲမှာပဲရှိနေပြန်သေးတယ်။ သူ့ရဲ့နူတ်ခမ်းတွေက ပြာနေပြီး အသားတွေကတစ်ဆတ်ဆတ်တုန်
သည်ထိ သူရေလောင်းတာကိုမရပ်သေးဘူး။အချိန်ကြာလာလေ ခန္ဓာကိုယ်ကပါအားမရှိ
ဖြစ်လာပြီး ရေလောင်းတာကိုရပ်လိုက်တယ်
ပြီးတော့... သူရေချိုးခန်းရဲ့ကြမ်းပြင်မှာ ငြိမ်သက်စွာထိုင်နေပြီး ပြာလက်နေတဲ့မျက်ဝန်းတစ်စုံကနေ မျက်ရည်များတားစီးလို့မရအောင်ထိ တေးငိုနေမိတယ်။အခုလိုအချိန်မှာသူ့အနားမှာနေစေချင်တာ
အန်တီ့ကိုဆိုပင်မယ့် အန်တီကတေးကိုမုန်းနေမှတော့.. တေးဘယ်လိုရှင်သန်ရမလဲ။