အပိုင်း (၁)

28 2 0
                                    

"ဆရာ စောသန့်စင်မောင် လားမသိဘူးနော့"

ပင်လုံးကြိုင်ရွာ သို့ဆိုသည့် လမ်းညွှန်ဆိုင်းပုဒ်ဘေးတွင်ရပ်နေသော ဂျင်းပြာ နုရောင်ဘောင်းဘီလေးနှင့် ရှပ်အင်္ကျီအဖြူကို လက်ခေါက်တင်ကာစမက်ကျကျဝတ်ဆင်ထားသော လူငယ်တစ်ယောက်။ထိုလူငယ်က ကားပေါ်ကဆင်းဆင်းခြင်း ဘေးဘီဝဲယာကို တစ်ချက်စူးစမ်းရင်းနဲ့မှ သူ့နာမည်ခေါ်လိုက်တဲ့အသံကြောင့် ရှေ့ကိုကြည့်လိုက်တဲ့အချိန်မှာ ရှမ်းဘောင်းဘီအညိုကို တီရှပ်အင်္ကျီနှင့်တွဲဝတ်ထားသောလူတစ်ယောက်ကသူ့ဆီကို
ဖော်​ရွေဖွယ်​ကောင်း​သော မျက်နှာအမူအရာ
ပြုံးပြုံးဖြင့်လှမ်းလာနေတာကိုတွေ့လိုက်ရသည်။စောသန့်စင်မောင်သည် အနီးနားရောက်မှ ထိုလူကိုအကဲခတ်ကြည့်မိသည်။သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး ပါးစောင်ထပ်တွင်လည်း ကွမ်းငုံထားပုံရကာ သွက်လက်သောခြေလှမ်းများဖြင့်ပင်သူ့ထံသို့ချဉ်းကပ်လာခဲ့သည်။

"ကားရပ်ရပ်ခြင်း ဆရာဆင်းလာတာတွေ့လိုက်လို့ သေချာအောင်လာမေးကြည့်တာပါ့...ဆရာစောသန့်စင်မောင်ဟုတ်ပါတယ်နော့"

စောသန့်စင်မောင် ပထမတစ်ခေါက်ကမဖြေရသေးသောမေးခွန်းကို ထိုသူကပြန်မေးတာကြောင့် နေကာမျက်မှန်လးကိုချွတ်ပြီး တရိုတသေနဲ့ပဲပြန်ဖြေလိုက်ပါသည်။
"ဟုတ်ပါတယ်ဗျ....ကျွန်တော့်နာမည် စောသန့်စင်မောင်ပါ"

ထိုလူ၏ စကားသံခပ်ဝဲဝဲကြောင့်ပထမ​မေးခွန်းကို သူသေချာနားမလည်လိုက်တာမို့ သူချက်ချင်းပြန်မဖြေမိပေ။ ထိုသူက ပြောပြောဆိုဆိုနဲ့သူ့လက်ထဲကခရီးဆောင်အိတ်ကိုလက်လွှဲယူလိုက်ပြီး...

"ကျွန်တော့် နာမည်ကိုရှမ်းကြီးပါဗျ...ဆရာ့ကိုကြိုဖို့ရွာလူကြီးကလွှတ်လိုက်တာလေ့....သွားကြစို့ဆရာ ရွာရောက်မှအေးဆေးနားကြတာပေါ့နော့...ဟိုနားမှာထော်လာဂျီရပ်ထားတယ်... "

ရှမ်းကြီးဆိုသည့်လူက ခရီးဆောင်အိတ်ကိုလည်းဆွဲ သူ့လက်မောင်းကိုလည်း လှမ်းဆွဲပီး စကားပြောရင်းနဲ့ပဲထောလာဂျီရပ်ထားရာနေရာသို့ခေါ်သွားသည်။ ထော်လာဂျီရှိရာ​ရောက်​တော့ စောသန့်စင်မောင်ကအကဲခတ်ကြည့်လိုက်မိသည်။လယ်ယာတွေမှာသုံးတဲ့ထော်လာဂျီ အမျိုးအစား ဖြစ်ပြီးအမိုးလည်းမပါပေ။အဲ့ဒီအပြင်ထော်လာဂျီ​ပေါ်​တွင်​ပေကျံ​နေ​သော ပန်းမုံလာပွင့်တစ်ချို့နဲ့ မုန်ညင်းရွက်တစ်ချို့ကသူ့ကိုစိတ်အနှောက်ယှက်ပေးနေသလိုဖြစ်သေးသည်။ဝတ်လာတဲ့အဝတ်အစားနှင့် မအပ်စပ်​ပေမဲ့လို့ သူ့မျက်နှာထက်တွင်မနှစ်မြို့ခြင်းအမူအရာတွေမပေါ်အောင်
တော့ထိန်းထားနိုင်ပါသေးသည်။ ထော်လာဂျီပေါ်သို့တက်ရန်ချီတုန်ချတုန်ဖြစ်နေသောသူ့အား ကိုရှမ်းကြီးကသတိထားမိဟန်ရှိသည်။ စောသန့်စင်မောင်၏အထုတ်ကိုသေချာနေရာတကျထားပြီးတာနဲ့ချက်ချင်းပင် ထော်လာဂျီပေါ်ကဆင်းလာပြီး...

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

အကြင်နာ လက်တစ်ကမ်းWhere stories live. Discover now