လတွေ နှစ်တွေအလီလီပြောင်းလို့ ဦးလင်းသွင်တို့တွင်လဲ ၀င့်၀ါ အပြင်နောက်ထပ်ခလေးတစ်ဦးထပ်ရလာခဲ့သည်။ အကြောင်းမာ ဒေါ်နန်းမူတယောက်က် ဦးလင်းသွင်မသိအောင်နောက်ထပ်ခလေးတယောက်က်ထပ်ယူလိုက်တာပါပဲ။ ၀င့်၀ါတုန်းကလိုု သူများခလေးမဟုပ်ပဲ သူကိုယ်တိုင်ယူလိုက်တာပါ။ဦးလင်းသွင်မာလဲ ခလေးရှိတာကို လနဲနဲရင့့်မှသိရတော့ ဖျက်ချခိုင်းလို့လဲမရဖြစ်ကာ အရဲစွန့်ပီးမွေးခိုင်းရလေတယ် ။
ခုဆိုရင် ဦးလင်းသွင်တို့မာ မိသားစုလေးယောက်ဖြစ်သွားခဲ့ပီ။အငယ်ဆုံးလေးရလာ ချိန်မာ၀င့်၀ါက 6နှစ်သမီးဖြစ်ကာ ကျောင်းနေအရွယ်ဖြစ်နေပီ။
အငယ်ဆုံးလဲဖြစ် ကိုယ့်သွေးသားလဲ ဖြစ်တော့ ဦးလင်းသွင်တို့ချစ်တာမာ တုန်လို့ အသံမာမာတောင်တခွန်းမပြောဖူးပေ။အဖေ့့ချစ်သမီးဖြစ်တာကြောင့်နာမည်ကိုပင် သူ့နာမည်ပါအောင် ရွှေရည်လင်းသွင် ဟုမှည့်ထားလေသည်။
ဖေဖေက ၀င့်၀ါကို အများကြီးအလိုမလိုက်သော်လည်း တခါမှငြူစူအော်ငေါက်တာမျိုးလဲမရှိပေ မေမေကတော့ ၀င့်၀ါကို အရမ်းချစ်ပါတယ် ။အငယ်ဆုံးလေးကိုတော့ ၀င့်၀ါ အပါအ၀င် တအိမ်လုံးက ဖူးဖူးမျုတ်ထားတာ။ မေမေက တခါတလေ အငယ်လေးကိုဆူရင်တောင် ဖေဖေနဲ့ ၀င့်၀ါက ရှေ့က ကာဆီးကာဆီးလုပ်ကြတာ။အငယ်ဆုံးလေးကို ၀င့်၀ါလဲ အရမ်းချစ်ရပါသည်။ဘသူ့စကားမှနားမထောင်ရင်တောင် ၀င့်၀ါ ပြောတာလေးတော့နားထောင်ပေးလ်ို့လဲအချစ်ပိုရတယ်#ကိုယ့်မာဒီညမလေးတယောက်ပဲရှိတာပဲလေ။
၀င့်၀ါ ဆယ်တန်းအောင်တော့ ဆေးမှတ်မှီလို့မေမေတို့ကဆေးကျောင်းတက်စေတယ်။၀င့်၀ါက ကလန်ကဆန် လုပ်တတ်တဲ့သူမဟုပ်တော့ မေမေတို့ပြောတဲ့အတိုင်းပဲဆေးကျောင်းတက်လိုက်တယ်။
ခုဆို ၀င့်၀ါက ဆေးကျောင်းနောက်ဆုံးနှစ် ရွှေရည်လင်းသွင်က အထက်တန်းနောက်ဆုံးနှစ်တောင်ဖြစ်လို့နေပီ။
"မီးမီးရေ ငယ်ငယ်ကိုတချက်လောက်နိုးလိုက်ပါအုံး ကျူရှင်ရှိတယ်ပြောပီး ခုထိမထသေးဘူး ...ဒီကောင်မလေးကတော့ ကျောင်းပိတ်ရက်ဆိုတာနဲ့ နေထွက်အောင်အိပ်တော့တာပဲ"
"ဟုတ် မေမေ " မေမေ့ကိုပြန်ပြောပီးအငယ်လေးအခန်းသို့ တက်လာခဲ့လိုက်တယ်...
တံခါးဖွင့်ကြည့်လိုက်တော့ အမတော်လေးက နှာခေါင်းလေးလောက်ဖော်ကာ အိပ်ကောင်းတုန်း...
"ငယ်ငယ်...ငယ်ငယ်..ထတော့ေလ ကျူရှင်ရှိတယ်ဆို"
"အင်...၀ါး......မမ" ဆိုပီး ဘေးကနေငုံ့ပီးနိုးနေတဲ့ ၀င့်၀ါလက်ကို အတင်းဆွဲချကာ အိပ်ယာထက်သို့ ပြိုလဲလာတဲ့ သူမကို အတင်းဖက်ထားလေသည်။ ကိုယ်ကအကြီးဆိုပေမဲ့ လူကောင်က သေးသေးသွယ်သွယ်လေးရယ် သူကသာဘာတွေစားလို့ဒီလောက်အားရှိနေမှန်းမသိ ခုမှ၁၆ ပဲရှိသေးတဲ့သူက ၂၀ကျော်၀င့်၀ါထက်လဲအရပ်ပိုရှည်နေသေးရဲ့ ဖေဖေ့ဆီကအမွေတွေ ထင်ပါရဲ့
အိပ်ယာထက်ပြိုလဲလာတဲ့ မမ ရဲ့လည်ပင်းသားလေးနဲ့ဆံစလေးကို မထိတထိလေးနမ်းကာ ပြန်လွတ်ပေးလိုက်ရတယ် မဟုပ်ရင် ဒေါ်ရွှေကောက်က အကြီးဖြစ်ပီး ကောက်အုံးမယ်
"ထ ပါပီ မမရဲ့ ....မမဒီနေ့တရက်လေးကို ကျူရှင်မသွားလို့မရဘူးလားဟင်"
"မရပါဘူး မျက်နှာသစ်ပီးရင်အောက်ဆင်းလာခဲ့ မုန့်စားဖို့စောင့်နေမယ်"ပြောပီးတာနဲ့ ချာကနဲ လှည့်ထွက်သွားလေတယ်။ ငယ်ငယ်လေးကပဲ မမ မျက်နှာကြည့်ပီးနေလာတဲ့သူ ပဲ# မမ ငါဖက်လိုက်လို့ရှက်သွားတာများလားလို့တွေးချင်ပေမဲ့ မဖြစ်နိုင်ပါဘူးလေ ငါကသာ မမ အပေါ်ခံစားချက်တွေ ရှိနေတာ ဟ်ိုကဖြင့် ငါ့ကိုသူ့ညမအရင်းလိုမျိုးသဘောထားတာ။ သိတတ်စအရွယ်တည်းက မမက မွေးစားသမီး မှန်းမေမေတို့ပြောပြလို့ သိထားလေသည် ။ ငယ်ငယ်ကဆို မေမေက စနောက်ပီး ငယ်လေးသာ သား ယောက်ျားလေး ဆို မီးမီးနဲ့လက်ထပ်ပေးမလ်ို့ မီးမီးကို အိမ်ထောင်စုစရင်းထဲမာ သမီးဆိုပီးတောင်မထည့်ထားသေးတာ ။သမီးလို့ထည့်ထားရင် မောင်နှမကို လက်ထပ်ပေးလို့မရမာစိုးလို့ ခုတော့ ကောင်းရော မွေးလာတာလဲ မိန်းခလေး ဆိုပီးအမြဲစနောက်ပြောတတ်တယ်။
အရင်ကဆို မမက သွင့်ကိုအမြဲနမ်းနေကြ ခုတော့ ကိုယ်ကလိုက်နမ်းရင်တောင်သူကရှောင်ဖယ်ရှောင်ဖယ်နဲ့။ မမ မျက်နှာကိုပဲကြည့်ပီးနေခဲ့လို့လားမသိ မမက လွဲ ဘယ်မိန်းခလေးယောကျ်ားလေးမှ မျက်လုံးထဲမ၀င်တော့ဘူး။ အတွေးစတို့ု့ကို ဖြတ်ကာ ရေချိုးခန်းထဲသို့သာ၀င်လာလိုက်သည်။
ရေချိုးပီးဆင်းလာတဲ့ ငယ်လေးက တကယ့့်အချောလေးပါ အသားအရည်က အစဖေဖေနဲ့တူကာ ၀င့်၀ါလို့ဖြူဖြူဖတ်ဖတ်လေးမဟုပ်ပဲ ၀ါတဲ့ဖက်သန်းတယ် ဆံပင်ဂုတ်ထောက်လေးကို နောက်လှန်ဖီးချထားပီး ကော်လံပါရှပ် နက်ပြာလေးနဲ့ ချောမောပီးငယ်ရွယ်မှုတွေကအထင်းသား။
"လာ ငယ်ငယ်" မေမေ့ဆီမှအသံထွက်လာတော့ ၀င့်၀ါအကြည့်တွေက်ိုရုတ်ကာ ငယ်လေးစားဖို့ မုန့်ထည့်ပေးလေသည်။ သွင် ကတော့ မမလုပ်နေတာလေးကိုကြည့်ပီး ပြုံးလို့ ။ မသိရင် မမကအိမ်ရှင်မအတိုင်းပဲ။ဒီလိုမျိုးလေ ဘ၀တလျောက်လုံး နေသွားရရင် ဘလောက်ကောင်းလိုက်မလဲ။
"အဟင်းင်း..." အသံထွက်ပီးရီမိတော့ မမ ကဘာလဲဆိုတဲ့အကြည့်ဖြင့်မေးဆတ်ပြလေတယ်။ မမ ကို ပြန်ပီးပြုံးပြကာ မုန့်သာဆက်စားနေလိုက်တော့တယ်
မတော်လို့ သူ့ အတွေးတွေကိုသာမမသိသွားလို့ကတော့ သွင့်ပါးလေး ရောင်နေမလားတောင်မပြောတတ်။(မမကသူ့ခလေးကို ရိုက်ရက်ပ့မလားနော်)
"မေမေ...မမ သွင် သွားပီနော်"
မသွားခင် ၀င့်၀ါပါးလေးကို ဖြတ်ခနဲ နမ်းသွားသေးရဲ့
၀င့်၀ါ မာသာ ပြူးကြောင်ကြောင်းလေးကျန်ခဲ့တယ်။
"မိသွင်..ဒီအမေကရော"ဆိုတော့ တံခါးပေါက်နားရောက်ခါမှ ပြန်လာပီးမေ့မေ့ကိုပါ နမ်းလိုက်ရသေးတယ်။ တော်သေးလို့ ဖေဖေအစည်းအဝေးသွားလို့ မဟုပ်ရင် သူ့ပါနမ်းနေရအုံးမာ။
"မီးမီး ကျောင်းပီးရင် အစိုးရဆေးရုံမာ၀င်မာလား ကိုယ်ပိုင်ဆေးခန်းဖွင့်ချင်ရင်လဲပြောနော် မီးမီးကိုကြည့်ရတာ တကယ်အားမရဘူး ဖြစ်ချင်တာအားလုံးကို ဒီအမေက်ိုပြောလို့ရပါတယ် ဘာမှမြိုသိပ်ထားစရာမလိုဘူး"
"ဟုတ် မေမေ လောလောဆယ်တော့ အစိုးရအလုပ်ပဲ၀င်လုပ်ချင်သေးတယ်"
"အင်းပါ မီးမီးသဘောပဲ "ဟုဆိုကာ ၀င့်၀ါပါးလေးကိုပွတ်လို့ သူ့အခန်းထဲသို့၀င်သွားလေတယ်။
..............
🥀hanako🥀
YOU ARE READING
My stepsister is my girlfriend(Completed)
Romanceမွေးစားအစ်မ နဲ့ ညမလေး ကြားကအချစ်ဇတ်လမ်းလေး ညမလေးရဲ့သ၀န်တိုမှုတွေ အစ်မကြီးးရဲ့ဂရုစိုက်မှုတွေကို ကိုရိုရိုချိုချိုလေး တွေ့ရမာပါ