အမြဲ အိပ်ရာထနောက်ကျတတ်တဲ့ထယ်ယောင်းတစ်ယောက်ကတော့ ဒီနေ့အစောကြီးထနေရသည်။အကြောင်းကတော့ အကိုဖြစ်သူက ဆိုင်စောင့်ခိုင်းထားလို့ပင်ဖြစ်သည်။"ဟို... hyung မရှိဘူးလားဟင်"
အိပ်ငိုက်နေတဲ့ထယ်ယောင်းသည် လူတစ်ယောက်ရဲ့စကားသံကြောင့် စည်းစိမ်ပျက်သွားသည်မို့အနည်းငယ်တော့ ဘဝင်မကျပါ
"ဘယ်က hyung ကိုလာပြောနေတာလဲစောစောစီးစီး"
"Jin hyung ကိုပြောတာပါ ဘယ်သွားလဲဟင်"
"မရှိဘူး ဘာကိစ္စမေးနေတာလဲ"
"ဒါလေးပေးချင်လို့ပါ"
စာအုပ်လေးတစ်အုပ်ထိုးပေးကာ ရီပြလာသည့်လူကိုမော့ကြည့်မိတော့ ရှည်လိုက်တဲ့အရပ် ပြီးတော့ အဲ့လူပြုံးလိုက်ရင်ပါးချိုင့်တေရှိတယ်။
"ဒါပဲမလားပေး.…. ။"
"ကျေးဇူးညီလေး သွားခွင့်ပြုပါဦး"
ထယ်ယောင်းထိူလူကိုခေါင်းသာငြိမ့်ပြလိုက်ပြီး အိပ်ငိုက်ခြင်းအလုပ်ကိုပြန်စသည်။ မကြာပါဘူးအကိုဖြစ်သူပြန်ရောက်လာကညအိပ်ငိုက်နေသည့်ထယ်ယောင်း ခေါင်းအခေါက်ခံလိုက်ရတော့သည်။
'ဘာလို့ လာခေါက်တာလဲ..."
"မင်းငါ့ဆိုင်မှာလာဘ်ပိတ်အောင်ဘာလို့လာငိုက်နေလဲ ဆိုင်စောင့်ခိုင်းတာပန်းတေလာခိုးရင်တောင်မင်းသိမှာမဟုတ်ဘူး"
"ဘာလဲ ငိုက်မှာပဲ အစောကြီးလာနိုးပြီးတော့ လာအော်နေတယ် အဲ့မှာ ဘယ်ကအရူးလဘ်းမသိဘူးစောစောစီးစီစာအုပ်တေလာပေးနေတယ် အေးဆေးကိုမနေရဘူး"
"သူလာသွားပြီလား"
"ဘာ သူလဲ hyung မရိုးတော့ဘူးနော်"
"ဘာမရိုးတာလဲ သွားပြန်အိပ်တော့"
"အိပ်လို့ရတော့မလား ရေချိုးပြီး အစ်ကို့ဆီပဲသွားတော့မယ်"
ပြောပြီး အိမ်ထဲဝင်သွားတဲ့ညီလေးကိုကြည့်ကာ seokjin ပြုံးမိသည်။
______________________________
ဂျီမင်းအလုပ်ရောက်ချိန်မန်နေဂျာဂျောင်ကု၏နေရာဆလးကိုကြည့်မိတော့မရောက်သေးတာမို့ ဝယ်လာတဲ့ကိတ်မုန့်လေးကိုစားပွဲပေါ်သာတင်ပေးထားလိုက်သည်။